Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာပြုလုပ်နေတဲ့ ၉/အညာမြေစစ်ဆင်ရေးဟာ ဒီနေ့ တောင်သာမြို့ နယ်၊ ထနောင်းကုန်းပျူစောထီးရွာနဲ့ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာတွေမှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု တွေတရစပ်ပြုလုပ် နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။