Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်ရှောင် ၅၁၀ ကို ထိုင်းက ပြန်လည်ပို့ဆောင်ပေး

တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးတိမ်း​ရှောင် ​နေရတဲ့မြန်မာစစ်​ဘေး​ရှောင် ၅၁၀ ကို နယ်စပ်မှာတိုက်ပွဲ​တွေ ငြိမ်သက်သွားပြီးမို့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက ​မေလ ၁၇ ရက်​နေ့မှာနေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

ဓါတ်ပုံ-Addy Chaiyadesh

​မေ-၁၇၊၂၀၂၅။People’s Spring

တိုက်ပွဲ​တွေ​ကြောင့်ထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးတိမ်း​ရှောင် ​နေရတဲ့မြန်မာစစ်​ဘေး​ရှောင် ၅၁၀ ကို နယ်စပ်မှာတိုက်ပွဲ​တွေ ငြိမ်သက်သွားပြီးမို့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက ​မေလ ၁၇ ရက်​နေ့မှာနေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

တက်ခ်ပြည်နယ်၊ သာဆောင်ယန်းခရိုင်ထဲက မယ်အုတ်ဖာရူ နဲ့ မယ်လ နယ်ခြားဂိတ်တွေကနေတဆင့် မြန်မာ စစ်ရှောင်တွေကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။

ထိုင်းနယ်စပ်ရဲ့ တစ်ဖက်ခြမ်း မြန်မာဖက်မှာ KNLA နဲ့ပူး​ပေါင်းတပ်​တွေရဲ့ စစ်တပ်စခန်းသိမ်း တိုက်ပွဲတွေဟာ စစ်စခန်းအများစုကိုသိမ်းပိုက်ပြီးသွားတဲ့​နောက် အရှိန်လျော့သွားတဲ့အတွက်မြန်မာ စစ်ရှောင်တွေကို ပြန်ပို့ခဲ့တာလို့ သိပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းသတင်းဌာန Khaosodကတော့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက စစ်​ဘေး​ရှောင်​တွေရဲ့အထုပ်​တွေကို ကူညီသယ်​ဆောင်​ပေးပြီး ​သောင်းရင်းမြစ်ဆိပ်ကို ​လိုက်ပို့​ပေးကြပါတယ်။စစ်​ရှောင်ပြည်သူ​တွေ နဲ့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့​တွေ အပြန်အလှန် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတာကို ရုပ်သံမှတ်တမ်း နဲ့ သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။

အဲဒီလို ပြန်ပို့ခဲ့တဲ့နောက်ပိုင်း လောလောဆယ်တက်ခ်ခရိုင်ထဲမှာ မြန်မာစစ်ရှောင်တွေ မရှိတော့ဘူးလို့လည်း Khaosodက ဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး