Connect with us

Hi, what are you looking for?

သတင်း

ညနက်ပိုင်းလှုပ်ခတ်တဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ စိုးရိမ်ထိတ်လန့် ခဲ့ရ

ဒီနေ့ (မေလ ၁၇ ) ညနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။

ငလျင်ဗဟိုချက်နေရာပြ မြေပုံ (ဓာတ်ပုံ - Google Map)

မေ – ၁၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ဒီနေ့ (မေလ ၁၇ ) ညနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ကျောက်ဆည်မြို့ အနောက် – အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြေအနက် ၆ မိုင်ခွဲခန့်ကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။

အဲဒီငလျင်ကြောင့် မန္တလေးမြို့ခံတွေ စိုးရိမ်ထိတ်လန့်ပြီးနေအိမ်တွေ ၊ တိုက်ခန်းတွေပေါ်ကနေ လမ်းပေါ် ပြေးထွက်ခဲ့ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားရချိန်က စက္ကန့် ၂၀ ခန့် ကြာမြင့်တယ်လို့ လည်း မြို့ခံအချို့က ဆိုပါတယ်။

” အရှိန်ကလည်းပြင်း ကြာလည်းကြာတော့ လူတွေအကုန်လမ်းပေါ်ရောက်ကုန်ကြတာ”လို့ မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့မြို့ခံအမျိုးသမီးက ပြောပါတယ်။

အခုငလျင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း ငလျင်ကြီးအပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် အသိသာဆုံးခံစားရတဲ့ ငလျင်လည်းဖြစ်တယ်လို့မြို့ခံအချို့က သူတို့ရဲ့အတွေ့အကြုံကို အသိပေးပါတယ်။

အခုညနက်ပိုင်းလှုပ်ခတ်တဲ့ငလျင်ကြောင့် ပျက်စီးမှု ၊ ထိခိုက်မှု အခြေ အနေကိုတော့မသိရသေးပါဘူး။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တာကြောင့် သတိထားပြီး နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။