Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၇) မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

မေ ၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၇) မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မြိုင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂက လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပြည့်သူအခြေပြုကျောင်းက ကျောင်းသား၊ကျောင်းသူတွေကို လေကြောင်းအန္တရာယ်ကြုံတွေ့လာစဉ် ဘေးအန္တရာယ်ကင်းစွာနေထိုင်နိုင်ဖို့နဲ့ နည်းစနစ် ကျစွာနေထိုင်နည်းတွေကိုလည်း သရုပ်ပြလေ့ကျင့်ပေးခဲ့ပါတယ်။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်တပ်ထုတ် Mytel မသုံးစွဲရေး လှုံ့ဆော်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ကနေ ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ILO​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ဖို့ နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူတွေကို လေယာဉ်နဲ့ နေ့စဉ် ဗုံးကြဲတိုက််ခိုက်ခြင်းတွေ ရပ်တန့်ရန်၊ စစ်ကောင်စီကို လူသတ်လက်နက် မဝယ်နိုင်ဖို့ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ရန်၊ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေကို ကာကွယ်ပေးရန်၊ အဓမ္မစစ်မှုခိုင်းစေခြင်းဆိုင်ရာကိစ္စရပ်တွေကို ရပ်တန့်ရန်၊ ကလေးစစ်သားအသုံးပြုမှုကို ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ အသက်တွေ နေ့စဉ်ရက်စက်စွာ သတ်ဖြတ်မှုကို ရပ်တန့်နိုင်ရန် အတွက် ရည်ရွယ်တောင်းဆိုခြင်း ဖြစ်ကြောင်း DDMSC က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။