Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်ကောင်စီ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်

စဉ့်ကူးမြို့နယ်ကိုလည်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်း လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − မင်းတပ် ပအဖ

မေ ၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီမှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၇ရက်) သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက်၊ ၁၆ရက်နှင့် ယမန်နေ့ မေလ ၁၇ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ယမန်နေ့ နေ့လယ် ၁၂နာရီခွဲဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ကလပ်စတာဗုံး (Cluster Bomb)များဖြင့် အသုံးပြုခဲ့သည်ကို အထောက်အထားများတွေ့ရှိရဟု မြို့နယ်ပအဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗုံးအလုံးရေ (၁၀)လုံးဝန်းကျင် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ဟု ထုတ်ပြန်ခဲ့ပြီး လူထိခိုက် ရှိ၊မရှိ ဖော်ပြမထားပေ။

မေလ ၁၆ရက်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မေလ ၁၅ရက်တွင်လည်း တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို ဗုံးကြဲခဲ့ သည်ဟု ဆိုသည်။

မေလ ၁၅ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁၀ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ကိုလည်း ယမန်နေ့ နှင့် ယနေ့ (မေလ ၁၈ရက်)တွင် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ကလည်း ဂျက်ဖိုက်တာတစ်စီးသည် စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာ ပြည့်ဝထွန်းဆီပန့်ဆိုင်ရှေ့ တစ်ကြိမ်၊ စိုက်ကွင်းရွာအတွင်း တစ်ကြိမ်၊ စက်ကြီးကွင်း တစ်ကြိမ် ပေါင်(၃၀၀)ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ထိုသို့ လေကြာင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦ၂လုံး ပျက်စီးပြီး ပြည်သူအထိခိုက်မရှိဟု ဖော်ပြသည်။

ထိုပြင် ယနေ့ နံနက်ကလည်း ဂျက်ဖိုက်တာ တစ်စီးသည် စဥ့်ကူးမြို့မြောက်ဘက် သီလကျေးရွာကြားအား ပေါင်(၃၀၀)ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ ပြည်သူအထိခိုက်မရှိဟု ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။