သတင်း
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ လူသောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေနိုင်တယ်လို့ထိုင်းပြော
ထိုင်းနိုင်ငံနဲ့ နယ်စပ်နား မြန်မာပိုင်နက်ထဲမှာ ရှိနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေထဲမှာ လူသောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေနိုင်ကြောင်း ထိုင်းအစိုးရရဲ့ လူမှောင်ခို တိုက်ဖျက်ရေး ဌာနက ဆိုပါတယ်။



















































