သတင်း ဆွေးနွေးမှုအဆင်မပြေကြောင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက TNLAထိန်းချုပ်ရာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက် ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)ကထုတ်ပြန်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) ည၈နာရီကျော်တွင် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း မိုးမောက်မြို့နယ်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အား စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည်တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ပျူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း ပုသိမ် – မုံရွာလမ်းပိုင်း၌ ကျောက်မီးသွေးတင်ကားဖြင့်ပုံဖျက်လာသည့် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက် တိုက်ခိုက်ခံရ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးစခန်းဘက်မှနေ၍ ပုသိမ် - မုံရွာလမ်းအတိုင်း ကျောက်မီးသွေးတင်ကားဖြင့် ပုံဖျက်လာသည့် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း စစ်ကောင်စီနှင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲပြီးဆုံးဟု TNLA ထုတ်ပြန် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း တောင်သာနယ် ပျူရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနဲ့ပျူတွေ သေဆုံးမှုရှိ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီးတွေ သေဆုံးမှုရှိပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အမှတ်-၈၁၅တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း မုံရွာ ချောင်းဦးနယ်ကို စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း ကျားဖြန့်နှိမ်နင်းရေး တရုတ်က ထိုင်းကိုအချက်လေးချက်တောင်းဆို မြန်မာဖက်ခြမ်း နယ်စပ်ဒေသတွေကို ဓါတ်အား၊ အင်တာနက်နဲ့လောင်စာဆီဆက်လက်ဖြတ်တောက်ထားဖို့ ထိုင်းအစိုးရကို တရုတ်က တိုက်တွန်း တောင်းဆိုထားပါတယ်။ ludunwayooဖေဖော်ဝါရီ 19, 2025
သတင်း ပေါက်ခေါင်းမြို့သို့ ရိက္ခာခဲယမ်းလာပို့သည့် စစ်ကောင်စီယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီး တစ်စီး မီးလောင်ပေါက်ကွဲ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်တပ်ယာဥ်နှစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီးမီးလောင်ပေါက်ကွဲခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadowက ပြောသည်။ ludunwayooဖေဖော်ဝါရီ 19, 2025