Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ပျူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပျူ​စောထီး ၂ ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-AFTF

မင်းညို/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံမြို့ပေါ် အမှတ် ၁၈ ရပ်ကွက်ထဲ ဆိုင်ကယ်စီးလာတဲ့ လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၂ ဦးလုံး သေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“မြင်းခြံအမှတ်(၃)အုပ်ကြီးတပည့်ပျူနှစ်ကောင်ကိုမြင်းခြံမြို့ ရပ်ကွပ်တစ်နေရာကနေ ချောင်းမြောင်းပစ်ခတ်ခဲ့ပါတယ်။ ပျူကောင်နှစ်ကောင်နေရာမှာတင်သေဆုံးခဲ့ပါတယ်။ သေနတ်ကောက်ဖို့ကကျ မြို့ထဲဆိုတော့ကောက်ချိန်မရခဲ့ဘူး။ ခွေးတွေနဲ့နီးလွန်းတော့တန်းပြီးရောက်လာတယ်။”လို့ AFTF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့ပေါ်မှာ လက်နက်ကိုင်ပျူစောထီး၂ ဦး ပစ်ခတ်ခံရကြောင်း ​မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုထားပါတယ်။ ဒါ​ပေမယ့်ပျူ ၂ ဦး သေဆုံးတယ်ဆိုတာကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF)၊Anyar Federal Task Force(AFTF)၊ 8 Stars အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ​လို့ သိရပါတယ်။

​ဖေ​ဖော်ဝါရီ ၁၇ ရက် ည၁၀ နာရီလောက်မှာ မြင်းခြံမြို့နယ် ၊တူရွင်းဘို့ရွာကို မိတ္ထီလာရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၇ဦးထိခိုက်ဒဏ်ရာရရှိကာ နွားတစ်ကောင်သေဆုံးခဲ့တယ်လို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိမ်သုံးလုံးလည်း ပျက်စီးခဲ့ပါတယ်။မြင်းခြံမြို့နယ်မြောက်ပိုင်းနဲ့ နွားထိုးကြီးနယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ​တွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။