Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့နယ်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အား စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက်မြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - Langyaw Ahyung

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အား စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ရင်းအချို့ကို ထပ်မံသိမ်းပိုက်ပြီးနောက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) အား အပြင်းအထန် ထိုးစစ်ဆင်နေသည့် အခြေအနေတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိသည့် မိုးမောက်မြို့နယ် နန်းအီ ရှမ်းရွာနှင့် ဝက်ယင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက် နံနက် အစော ၁နာရီကျော်တွင် နန်းအီရှမ်းကျေးရွာကို ပထမအကြိမ် ဗုံး ၂လုံး ကြဲချခဲ့ရာ ဒေသခံပြည်သူ ၅ဦးဒဏ်ရာရရှိပြီး နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း၊ ၁နာရီ ၂၄မိနစ်တွင် ဝက်ယင်းကျေးရွာကို ဒုတိယ အကြိမ်ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ့နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး မိသားစုဝင် ၇ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဝက်ယင်းရွာက ဦးမောင်ဦး မိသားစု အကုန်လုံးသေသွားတယ်။ ကလေး ၃ယောက်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ သေဆုံး သူများအနက် ကလေးငယ်သုံးဦး ပါဝင်ရာ အသက် (၃)နှစ်၊ (၉)နှစ်နှင့် (၁၀)နှစ်အရွယ်များဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ပြည်သူများ၏ ရုပ်အလောင်း မှတ်တမ်းဓာတ်ပုံနှင့် နေအိမ်ပျက်စီးမှုများကိုလည်း သတင်းရင်းမြစ်က ပြသသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း” ၇ဦး သေဆုံးလို့ ကနဦး ကြားထားပါတယ်။”ဟု ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၇ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းရှိ ဝါရာဇွပ်ကျေးရွာအား လေကြောင်းတိုက်ခိုက်ရာ ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။ ထို့ပြင် ဗန်းမော်မြို့နယ် မြစေတီကျေးရွာကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွာသား သုံးဦးသေဆုံးပြိး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု KIAက သတင်းဖော်ပြထားသည်။

ဗန်းမော်မြို့နယ် စင်ခန်းဒေသကိုလည်း ဖေဖော်ဝါရီ ၁၄ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရုံသာမက ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာများ လိုက်နာဆောင်ရွက်ရန် KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။