Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် ပျူရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနဲ့ပျူတွေ သေဆုံးမှုရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီးတွေ သေဆုံးမှုရှိပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အမှတ်-၈၁၅တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများနဲ့အတူ PLA တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PLA

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီးတွေ သေဆုံးမှုရှိပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အမှတ်-၈၁၅တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၉ရက် ဒီနေ့ မနက် ၅နာရီ၄၅မိနစ်ဝန်းကျင်မှာ PLA(အနောက်မြောက်စစ်ဒေသ)အမှတ်-၈၁၅တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကြားတပ်ဖွဲ့၊ န.ပ.တ ၇၀၄ Localတပ်ပေါင်းစုတပ်ရင်းတို့ စုပေါင်းပြီး ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

တနောင်းကုန်းရွာကို စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး အဓိကနေရာ ၃နေရာကို အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။ အဲဒီအထဲက ၂နေရာကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ခဲ့တာဖြစ်ပြီး ဘန်ကာ ၃လုံးကို အရသိမ်းနိုင်ခဲ့တယ်လို့ PLAတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလောင်း၂လောင်းက ကျွန်တော်တို့ ဘန်ကာတွေကို ဝင်ရောက်သိမ်းပိုက်ရှင်းလင်းရင်း ရခဲ့တာပါ။ ရန်သူ့ဘန်ကာ၂လုံးရပြီးချိန်မှာ လေကြောင်းပစ်ကူ စလာတယ်။ လေကြောင်းပစ်ကူကြားထဲက တစ်လုံးတော့ရအောင်သိမ်းလိုက်ပါတယ်။ နောက်ပိုင်းလက်နက်ချို့ယွင်းမှုရယ်၊ ခဲယမ်းနည်းနေတာရယ်၊ ရန်သူ့မြေပြင်စစ်ကူရယ်ကြောင့် ပြန်ဆုတ်ခွာပေးလိုက်တာပါ”လို့ PLAတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်က လေကြောင်းပစ်ကူပေးခဲ့သလို တောင်သာမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းတစ်ကြောင်းနဲ့ မြင်းခြံမြို့ကနေ ကားသုံးစီး မြေပြင်စစ်ကူပို့ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကာဘိုင်၂လက်၊ KA ၁လက်၊ ပွိုင့်၂၂လက်လုပ်အတို ၂လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။