Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်နှိမ်နင်း​ရေး တရုတ်က ထိုင်းကိုအချက်​လေးချက်​တောင်းဆို

မြန်မာဖက်ခြမ်း နယ်စပ်ဒေသတွေကို ဓါတ်အား၊ အင်တာနက်နဲ့လောင်စာဆီဆက်လက်ဖြတ်တောက်ထားဖို့ ထိုင်းအစိုးရကို တရုတ်က တိုက်တွန်း တောင်းဆိုထားပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး လက်​ထောက်ဝန်ကြီးမြဝတီ​မြို့နယ်သို့​လာ​ရောက်ခဲ့စဥ်။ ဓါတ်ပုံ-The Reporters

■မြန်မာနယ်စပ်သို့ ဓာတ်အား၊ အင်တာနက်၊ လောင်စာဆီဆက်လက်ဖြတ်တောက်ထားရန်အချက်လည်းပါဝင်

People’s Spring

မြန်မာဖက်ခြမ်း နယ်စပ်ဒေသတွေကို ဓါတ်အား၊ အင်တာနက်နဲ့လောင်စာဆီဆက်လက်ဖြတ်တောက်ထားဖို့ ထိုင်းအစိုးရကို တရုတ်က တိုက်တွန်း တောင်းဆိုထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ တခြား ဒုစရိုက်အစုအဖွဲ့တွေကို ဖိအားပေး ချိုးနှိမ်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်နေရာ ၅ ခုဆီ ဓါတ်အား၊ အင်တာနက် ဝန်ဆောင်မှုနဲ့ လောင်စာဆီ ထောက်ပံ့မှုတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ စတင် ရပ်နားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်ဂိုဏ်းတွေကိုနှိမ်နင်းရေး တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစီအမံအတွက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လုံခြုံရေး လက်​ထောက်ဝန်ကြီး လျူရှောင်ယီဟာ ဒုစရိုက် လှုပ်ရှားမှုတွေကို ချိုးနှိမ် တိုက်ဖျက်ရေးဆိုင်ရာ အဆိုပြုချက် ၄ ရပ်ကို ပေးပို့ထားတယ်လို့ ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် သာနာသစ်ပ် ဆာဝမ်ဆန်က ပြောပါတယ်။

အဲဒီ အချက်တွေထဲက တစ်ခုကတော့ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်ရာ မြန်မာဖက်ခြမ်း နယ်စပ်တွေဆီ ဓာတ်အား၊ စက်သုံးဆီနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်မှုကို ဆက်လက် လုပ်ဆောင်နေဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လောလောဆယ် မြန်မာနိုင်ငံမှာ ရှိနေဆဲ ကျားဖြန့် လုပ်ငန်းပိုင်ရှင်တွေကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလို့ မရအောင် နယ်စပ်စစ်ဆေးရေး ကဏ္ဍတွေကို ကြပ်မတ် တိုးမြှင့်ဖို့၊ ကျားဖြန့် လုပ်ငန်းတွေမှာ လူကုန်ကူးမှု သားကောင် ဖြစ်ခဲ့သူ တရုတ်နိုင်ငံသားတွေကို ရွှေ့ပြောင်းပေးဖို့ ဆိုတာတွေကလည်း လျူရဲ့ အဆိုပြုချက်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လောလောဆယ်တော့ တရုတ်နိုင်ငံသား ၃၀၀ ဝန်းကျင်ကို စင်းလုံးငှား လေယာဉ်တွေ အသုံးပြုပြီး နေရပ်နိုင်ငံ ပြန်ပို့ဖို့ အသင့်ဖြစ်နေပြီလို့ သာနာသစ်ပ်က ဆိုပါတယ်။

လျူရဲ့ အဆိုပြုချက်တွေဟာ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုတွေမှာ အချုပ်အခြာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတာလို့လည်း သာနာသစ်ပ်က ဆိုပါတယ်။

လျူဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထိုင်းဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်းနဲ့လည်း တွေ့ဆုံပြီး ကျားဖြန့် တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ ဆွေးနွေးမယ်လို့ သိရပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။