Hi, what are you looking for?
ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ် ၊၊ ။ (The...
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီကနေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။
သုည/People’s Spring အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက် မြန်မာများက (၁၅၂)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (မတ်လ ၉) ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒပြမှုကို “အထွေထွေအကျပ်အတည်းအောက်က ရုန်းထွက်ကြ ဘုံရန်သူကို ထွက်ပေါက်မပေးကြနဲ့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ပြီး Free Burma Action...
ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။
People’s Spring ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး...