Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်ကို ညအချိန် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

စဉ့်ကူးမြို့နယ် တရော်ပင်ရွာမြောက်ဘက် နဂါးမောက်တောင် မုဒ်ပေါက်အနီး ဧပြီ ၁၆ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြီး တွေ့ရစဉ် ဓာတ်ပုံ − ပြင်ဦးလွင်ခရိုင် ပကဖ

ဧပြီ ၁၈၊၂၀၂၅။ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ည ၈နာရီ ၁၅မိနစ်တွင် နတ်တောင်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်ခရိုင်အတွင်းရှိ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်မှုများ ယခုလအတွင်း ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက်က မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ခဲ့သည်။ ဧပြီ ၁၆ရက်ကလည်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာ၊ စဉ့်ကူးမြို့နယ် တရော်ပင်ရွာ မြောက်ဘက် နဂါးမောက်တောင်မုဒ်ပေါက်အနီး လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး ထိခိုက်ခဲ့သည်။

စစ်ကောင်စီက အပစ်ရပ်မည်ဟုကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ သင်္ကြန်ကာလနှင့် နှစ်ဆန်းတရက်နေ့ အခါကြီးနေ့ကြီး ရက်မြတ်များပါမရှောင် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုကို ပြည်သူများ မယုံကြည်ဘဲ ဗုံးခိုကျင်းများ ခိုင်မာစွာ ပြုလုပ်ထားရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြ အပစ်ရပ်မည်ဟုကြေညာထားသော်လည်း အပစ်ရပ်စတင်သည့်နေ့မှ နေ့စဉ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတဝန်း၌ ပြုလုပ်လျက်ရှိသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ကနီ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရှမ်းမြောက် နောင်ချိုမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရီတ် စသည်တို့ အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများစွာ အသက်သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

Facebook