Connect with us

Hi, what are you looking for?

သတင်း

ယူကရိန်း ဓာတ်သတ္တုတွေကို အမေရိကန် တူးဖော်ခွင့် ကနဦးအဆင့် သဘောတူညီမှု လက်မှတ်ရေးထိုး

ယူကရိန်းရဲ့ သတ္တု သယံဇာတတွေကို အမေရိကန်က တူးဖော် ထုတ်ယူခွင့်ဆိုင်ရာ သဘောတူညီမှု ကနဦး မူကြမ်းကို လက်မှတ်ရေးထိုး သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

AP

ယူကရိန်းရဲ့ သတ္တု သယံဇာတတွေကို အမေရိကန်က တူးဖော် ထုတ်ယူခွင့်ဆိုင်ရာ သဘောတူညီမှု ကနဦး မူကြမ်းကို လက်မှတ်ရေးထိုး သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ယူကရိန်း စီးပွားရေးဝန်ကြီး ယူလီယာ ဆာဗရီဒန်ကိုက ဧပြီ ၁၇ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုဟာ အဲဒီ သတ္တုတူးဖော်ရေး ကိစ္စတွေရဲ့ ကနဦးအဆင့် သတ်မှတ်ချက်တွေကို အတည်ပြုခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဆာဗရီဒန်ကိုက ယူကရိန်း သတ္တုသိုက်တွေကို အမေရိကန်က လုပ်ပိုင်ခွင့် ပြုရေးကို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလို့ သုံးနှုန်းသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းဟာ အမေရိကန် ပံ့ပိုးကူညီခဲ့တဲ့ စစ်စရိတ်နဲ့ တခြားအထောက်အပံ့တွေကို ပြန်ပေးဆပ်ဖို့အတွက် ယူကရိန်း သတ္တုသိုက်တွေမှာ အမေရိကန် ကုမ္ပဏီတွေ တူးဖော်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ အထူးသဖြင့် ထရမ့်ဟာ ယူကရိန်းရဲ့ မြေရှားသတ္တုသိုက်တွေကို အဓိက မျက်စိကျနေတာ ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

အစောပိုင်းက အဲဒီ သဘောတူညီချက် မူကြမ်းကို ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ကိုယ်တိုင် လက်မှတ်ရေးထိုးဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အိမ်ဖြူတော် တွေ့ဆုံပွဲမှာ နှစ်ဖက် စကားအခြေအတင်တွေ ဖြစ်ကြရာက လက်မှတ်ရေးထိုးမယ့် အစီအစဉ်ပါ ဆိုင်းငံ့ခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆာဗရီဒန်ကိုက အဲဒီ သဘောတူညီမှုကို အခုအခါ အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့ လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ Xမှာ သူဝေမျှထားတဲ့ ဓာတ်ပုံတွေမှာတော့ သူနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တို့က သီးခြားစီ လက်မှတ်ရေးထိုးနေကြတာကို တွေ့ရပါတယ်။

ဘက်ဆန့်က အခုလက်မှတ်ရေးထိုးမှုဟာ နှစ်ဖက်ကြား အွန်လိုင်းကနေ ချိတ်ဆက် ဆွေးနွေးမှုတွေအပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းနဲ့ အသေးစိတ် သဘောတူညီမှုတွေကိုတော့ ဆက်လက် ညှိနှိုင်းရဦးမှာဖြစ်ကြောင်း ဘက်ဆန့်က ဆိုပါတယ်။

အစောပိုင်းမှာ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံချိန်တုန်းကလည်း ထရမ့်က ယူကရိန်းနဲ့ လက်မှတ်ရေးထိုးဖြစ်မယ့် ကိစ္စကို ကြိုတင်ပြီး အရိပ်အမြွက် ပြောခဲ့ပါသေးတယ်။

ကနဦး သဘောတူညီချက်အပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေနဲ့ ပတ်သက်တဲ့ အချိန်ကာလ သတ်မှတ်ချက်တွေ အကြောင်းကို အိမ်ဖြူတော်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အဲဒီ သဘောတူညီချက်မှာ ယူကရိန်းရဲ့ ဓာတ်သတ္တုတွေအပြင် ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေကိုပါ တူးဖော် ထုတ်လုပ်ခွင့်အတွက် အမေရိကန်က ညှိနှိုင်း တောင်းဆိုနိုင်ခြေတွေ ရှိနေပါတယ်။

ဇီလန်စကီးဟာ အခုကိစ္စကို အကြောင်းပြုပြီး အမေရိကန်ဆီက လုံခြုံရေး အထောက်အပံ့ အာမခံချက် ရရှိဖို့ မျှော်လင့်ထားခဲ့ပေမယ့် ထရမ့်နဲ့ စကား ကတောက်ကဆ ကြီးကြီးမားမား ကြုံခဲ့တဲ့နောက် အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရွှေ့ပြောင်း အခြေချသူတွေကို တောင်ဆူဒန်ဆီ နယ်နှင်ခဲ့တဲ့အပေါ် အမေရိကန် တရားသူကြီး သတိပေး

နိုင်ငံတကာ

တောင်တရုတ်ပင်လယ် ရေပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

Facebook