Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ် အွန်လိုင်းကတဆင့် တွေ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဒီနေ့ မနက်ပိုင်းမှာ အွန်လိုင်းကတဆင့်တွေ့ဆုံကြမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပါတယ်။

ဧပြီ ၁၈၊ ၂၀၂၅။ အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဒီနေ့ မနက်ပိုင်းမှာ အွန်လိုင်းကတဆင့်တွေ့ဆုံကြမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပါတယ်။

“NUG ပြည်ထောင်စု ဝန်ကြီးချုပ်နဲ့ တွေ့ပါတယ်။ online ပါ။ အသေးစိတ်ကိုတော့ နောက်မှ သတင်းထုတ်ပြန်ပါ့မယ်”လို့ ဦးနေဘုန်းလတ်က People’s Spring ကို ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး ဧပြီ ၁၈ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ မနေ့က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ စီစဥ်မှုနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်ဟာ မနေ့(ဧပြီ ၁၇ရက်)နေ့ခင်းပိုင်းမှာ ဘန်ကောက်မြို့ရှိ Rosewood Hotel မှာ မြန်မာအာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြပြီး ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမှုမှာ မြေပြင်ဆေးရုံများ ချက်ချင်းတည်ဆောက်ဖို့အပါအဝင် (ငလျင်ဘေးသင့်) မြန်မာပြည်သူများရဲ့ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှုများအပေါ် အာရုံစိိုက်ဆွေးနွေးခဲ့ကြပြီး တိုင်းပြည် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

မနေ့ညပိုင်းက အကျဥ်းသား ၄,၈၀၀ ပြန်လွှတ်ပေးမှုအပါအဝင် တင်းမာမှုများ လျော့ချဖို့ မကြာသေးခင်က စစ်ကောင်စီရဲ့ ခြေလှမ်းများကို မလေးရှားဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး အဲဒီလုပ်ဆောင်မှုတွေဟာ အဓိပ္ပာယ်ရှိတဲ့သင်္ကေတတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်တည်ငြိမ်ရေးနဲ့ ပြည်သူများ သာယာဝပြောရေးအတွက် နက်နက်ရှိုင်းရှိုင်း ထိတွေ့ကြဖို့ပါဝင်ပတ်သက်သူအားလုံး(all parties)ကို ဆက်လက်တိုက်တွန်းကြောင်း မလေးရှားဝန်ကြီးချုပ်က ဖော်ပြပါတယ်။

စစ်​​ကောင်စီက ယာယီအပစ်ရပ်​ကြေညာထား​ပေမယ့် စစ်ကိုင်းငလျင်ကြီး​နောက်ပိုင်းမှာဆက်တိုက်ဗုံးကြဲ​ပြီး ပြည်သူ​တွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်လို့တော့ အန်ဝါရဲ့စာမှာ ဘာမှ​ရေးမထားပါဘူး ။

အာဆီယံဥက္ကဌဟာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုအခုလို​တွေ့ဆုံတာဟာ စစ်​ကောင်စီကိုအသိအမှတ်ပြုရာ​ရောက်​စေနိုင်တယ်လို့ ​ဝေဖန်မှု​တွေလည်း ပြင်းထန်စွာထွက်ခဲ့ပါတယ် ။

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံ ခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမယ့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု​တွေက ဧပြီ ၁၆ရက်​နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားပါတယ်။ မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ တွေ့ဆုံဖို့ရှိတဲ့ သတင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)နဲ့ အမည်မဖော်လိုတဲ့ အင်အားစု​တွေကပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ငလျင်ကိုအ​ကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီ​​တွေကို စစ်ကောင်စီကတဆင့်သာ ပေးအပ်မယ်ဆိုရင် နိုင်ငံရေးအရ အလွဲ အသုံးချမယ့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမှာဖြစ်တာကြောင့် စစ်အုပ်စုကတဆင့်သာ ပေးအပ်ခြင်းကို တော်လှန်ရေး အင်အားစုများအနေနဲ့ အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။