Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေး ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေ

မြန်မာနိုင်ငံရဲ့ ငလျင် နောက်ဆက်တွဲ ကူညီရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ မလုံလောက်မှုနဲ့ ရုန်းကန်နေရကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ အဖွဲ့ချုပ် (IFRC)က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင် နောက်ဆက်တွဲ ကူညီရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ မလုံလောက်မှုနဲ့ ရုန်းကန်နေရကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ အဖွဲ့ချုပ် (IFRC)က ပြောကြားခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး မြန်မာနိုင်ငံက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ဆွစ်ဖရန့် သန်း ၁၀၀၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၂.၄ သန်း ရရှိဖို့ တောင်းခံခဲ့ပေမယ့် အဲဒီပမာဏရဲ့ အပိုင်းအစ အနည်းငယ်လောက်ကိုသာ စုစည်း ရရှိထားတယ်လို့ IFRCက ဝန်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရာစုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ကြုံတွေ့ခဲ့တဲ့ ငလျင်အပြီး လက်ရှိ အချိန်ထိ အသေအပျောက် ၃၆၀၀ ကျော် စာရင်းရရှိထားပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ အထပ်မြင့်တိုက်တွေ အများအပြား ပြိုလဲခဲ့ပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အကူအညီတွေ အများကြီး လိုအပ်နေဆဲဖြစ်ပြီး IFRCက ထိထိရောက်ရောက် ကူညီပေးဖို့ ရည်ရွယ်ပေမယ့် လျာထား ရန်ပုံငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ ရှာဖွေ စုဆောင်းနိုင်ခဲ့တယ်လို့ အဖွဲ့ရဲ့ အရာရှိ တစ်ဦးဖြစ်သူ အလက်ဇန္ဒာ မက်သီရူက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူဟာ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ကြုံခဲ့တဲ့ မန္တလေးမြို့ကို ရောက်ရှိနေတာပါ။

နိုင်ငံတကာ အလှူရှင် အများအပြားကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ပေမယ့် ငြင်းဆိုမှုတွေနဲ့သာ ကြုံတွေ့ခဲ့ကြောင်း၊ ဒါတင် မကသေးဘဲ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချမှုက အခြေအနေတွေကို ပိုဆိုးရွားသွားစေခဲ့ကြောင်း၊ IFRCဟာ ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကူညီနိုင်ရေးမှာ ရန်ပုံငွေ ပြတ်တောက်မှုတွေနဲ့ ရုန်းကန်နေရကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြီးအပြီး သီတင်းပတ်တွေ ကြာလာတဲ့ထိ လမ်းပေါ်မှာ နေနေရသူ ၂ သိန်းလောက် ရှိနေဆဲဖြစ်ကြောင်း၊ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုက စိတ်မချရတော့တာကြောင့် အိမ်မပြန်ရဲကြတော့လို့ အခုလိုမျိုး လမ်းပေါ် ထွက်နေကြရတာဖြစ်ကြောင်း မက်သရူးက ပြောပါတယ်။ ငလျင်ကြီး နောက်ဆက်တွဲ ဆက်လက် လှုပ်ခတ်နေတဲ့ ပြင်းအား အမျိုးမျိုးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကလည်း ငလျင်ဒဏ်ခံ ပြည်သူတွေကို အထိတ်တလန့် ဖြစ်နေစေပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၄၀၀ ကျော် လှုပ်ခတ်ခဲ့ပြီး တချို့ကတော့ ပြင်းအား အတော်လေး များပါတယ်။

ပြန်လည် ထူထောင်ရေးအတွက် ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ဘူးဆိုရင် လာမယ့် မိုးရာသီကျရင် နေစရာ မရှိသူတွေအတွက် အခြေအနေတွေက အများကြီး ပိုခက်ခဲလာနိုင်တယ်လို့လည်း IFRCက သတိပေးထားပါတယ်။

ငလျင်ကြောင့် လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ အခြေခံ အဆောက်အအုံတွေ စုစုပေါင်း အရေအတွက် ၅၀၀၀၀ နီးပါးလောက် ထိခိုက်တာ၊ ပျက်စီးတာ၊ အပြီးပြိုကျသွားတာတွေ ဖြစ်ခဲ့ပြီး အစိုးရ အဆောက်အအုံပေါင်း ၂၁၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၀)မှာ ငလျင်ဘေး အလှူငွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီအား ရှုတ်ချကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။