Connect with us

Hi, what are you looking for?

သတင်း

တစ်ပတ်အတွင်း လက်မှတ် ၆၀၀၀ ကျော်ရောင်းထားရတဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂျပန်ဖျော်ဖြေပွဲ

ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်တွေ စတင်ရောင်းချတဲ့ တစ်ပတ်အတွင်းမှာ စောင်ရေ ၆၀၀၀ ကျော်ရောင်းထားရတယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဧပြီ-၁၇၊၂၀၂၅။ဆဏ်း/People’s Spring

ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်တွေ စတင်ရောင်းချတဲ့ တစ်ပတ်အတွင်းမှာ စောင်ရေ ၆၀၀၀ ကျော်ရောင်းထားရတယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

Phyu Phyu in Japan ပွဲကို မေလ ၂၅ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ The Keio Arena Hall မှာပြုလုပ်မှာ ဖြစ်ပါတယ်။

လက်မှတ်တွေကို ဧပြီ ၉ ရက်မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ပထမဆုံးနေ့မှာ သုံးနာရီ အတွင်း လက်မှတ် သုံးထောင်ကျော် ရောင်းချခဲ့ရကာ တစ်ပတ်အတွင်းမှာတော့ လက်မှတ် ၆၀၀၀ ကျော်အထိရောင်းချထားရတာလို့ Phyu Phyu in Japan က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲလက်မှတ်တွေကို ယန်း ငါးထောင်ကနေ ယန်း နှစ်သောင်းအထိ သတ်မှတ်ထားပြီး လူဦးရေ ၈၀၀၀ ကျော်အထိ ကြည့်ရှူနိုင်မယ်လို့သိရပါတယ်။

ဖြူဖြူကျော်သိန်းက ထောက်ပို့ ပြုလုပ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေပြုလုပ်နေတာပါ။

ဧပြီ လထဲမှာတော့ ဩစတေးလျ နိုင်ငံ ၊ဆစ်ဒနီ နဲ့ မဲလ်ဘုန်း မြို့တွေမှာ တစ်ကိုယ်တော်ပွဲ နှစ်ပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီ့ပွဲတွေမှာဆိုရင် ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ Charity လေလံတွေ ပြုလုပ်ခဲ့ပြီး ပွဲနှစ်ပွဲပေါင်း ဩစတေးလျဒေါ်လာ နှစ်သောင်းကျော်ရှာပေးနိုင်ခဲ့ပါတယ်။

ဆစ်ဒနီ ပွဲကရရှိတဲ့ အလှူငွေတွေကို မြေပြင်က လူတွေအတွက် ပို့ဆောင်ပေးခဲ့သလို မဲလ်ဘုန်းပွဲက ရတဲ့ အလှူငွေတွေကိုလည်း နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇) မှာ ပို့ဆောင်ပေးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဖြူဖြူကျော်သိန်းက ဒီဖျော်ဖြေပွဲတွေအတွက် အနုပညာကြေးမယူပဲ မြေပြင်ကိုကူညီနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာပါ။

ပထမဆုံးပွဲကို လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဒုတိယပွဲကိုတော့ ကိုရီးယားနိုင်ငံ မှာပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။