Connect with us

Hi, what are you looking for?

သတင်း

မလေးရှားဝန်ကြီးချုပ် နဲ့ NUG မနက်ဖြန် မနက်တွေ့မယ်

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။

မ​လေးရှားဝန်ကြီးချုပ်ကိုထိုင်းကကြိုဆိုစဥ်။ ဓါတ်ပုံ-Anwar Ibrahim/Facebook

ဧပြီ ၁၇၊ ၂၀၂၅။ အီယိုရီ/People’s Spring

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။

ဒါ​ပေမယ့်​တွေ့ဆုံမှုဟာ လူကိုယ်တိုင်လား ၊အွန်လိုင်းကလားဆိုတာကို​တော့ အ​သေးစိပ်​ရေးသားထားခြင်းမရှိပါဘူး။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ စီစဥ်မှုနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်ဟာ ဒီနေ့ နေ့ခင်းပိုင်းမှာ ဘန်ကောက်မြို့ရှိ Rosewood Hotel မှာ မြန်မာအာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြပြီး ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမှုမှာ မြေပြင်ဆေးရုံများ ချက်ချင်းတည်ဆောက်ဖို့အပါအဝင် (ငလျင်ဘေးသင့်) မြန်မာပြည်သူများရဲ့ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှုများအပေါ်

အာရုံစိိုက်ဆွေးနွေးခဲ့ကြပြီး တိုင်းပြည် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ မလေးရှားဝန်ကြီးချုပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဆက်လက်အသိပေးပါတယ်။

မလေးရှားဝန်ကြီးချုပ်နဲ့ NUG ကိုယ်စားလှယ်တွေ တွေ့ဆုံမယ့်အခြေအနေနဲ့ပတ်သက်လို့ People’s Spring က NUG အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

မနေ့ညပိုင်းက အကျဥ်းသား ၄,၈၀၀ ပြန်လွှတ်ပေးမှုအပါအဝင် တင်းမာမှုများ လျော့ချဖို့ မကြာသေးခင်က စစ်ကောင်စီရဲ့ ခြေလှမ်းများကို မလေးရှားဝန်ကြီးချုပ်က ကြိုဆိုခဲ့ပြီး အဲဒီလုပ်ဆောင်မှုတွေဟာ အဓိပ္ပာယ်ရှိတဲ့သင်္ကေတတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်တည်ငြိမ်ရေးနဲ့ ပြည်သူများ သာယာဝပြောရေးအတွက် နက်နက်ရှိုင်းရှိုင်း ထိတွေ့ကြဖို့ပါဝင်ပတ်သက်သူအားလုံး(all parties)ကို ဆက်လက်တိုက်တွန်းကြောင်း မလေးရှားဝန်ကြီးချုပ်က ဖော်ပြပါတယ်။

စစ်​​ကောင်စီက ယာယီအပစ်ရပ်​ကြေညာထား​ပေမယ့် စစ်ကိုင်းငလျင်ကြီး​နောက်ပိုင်းမှာဆက်တိုက် ဗုံးကြဲ​ပြီးပြည်သူ​တွေကိုသတ်ဖြတ်နေတာနဲ့ ပတ်သက်လို့တော့ အန်ဝါရဲ့စာမှာဘာမှ​ရေးမထားပါဘူး ။

အာဆီယံဥက္ကဌဟာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုအခုလို​တွေ့ဆုံတာဟာ စစ်​ကောင်စီကိုအသိအမှတ်ပြုရာ​ရောက်​စေနိုင်တယ်လို့ ​ဝေဖန်မှု​တွေလည်းပြင်းထန်းစွာထွက်ခဲ့ပါတယ်။

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမယ့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု​တွေကဧပြီ ၁၆ရက်​နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ကန့်ကွက်ထားပါတယ်။မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ တွေ့ဆုံဖို့ရှိတဲ့ သ

တင်းနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)နဲ့ အမည်မဖော်လိုတဲ့ အင်အားစု​တွေကပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ငလျင်ကိုအ​ကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီ​​တွေကို စစ်ကောင်စီကတဆင့်သာ ပေးအပ်မယ်ဆိုရင် နိုင်ငံရေးအရ အလွဲ အသုံးချမယ့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမှာဖြစ်တာကြောင့် စစ်အုပ်စုကတဆင့်သာ ပေးအပ်ခြင်းကို တော်လှန်ရေး အင်အားစုများအနေနဲ့ အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။