Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ဟာ ဒီနေ့ မနက်ပိုင်းမှာ အွန်လိုင်း(Teleconference)ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Anwar Ibrahim/Facebook

ဧပြီ ၁၈၊ ၂၀၂၅။ အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ဟာ ဒီနေ့ မနက်ပိုင်းမှာ အွန်လိုင်း(Teleconference)ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

အထက်ပါတွေ့ဆုံမှုမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြတယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒါပေမယ့် စကားပြောတာတော့ ဝန်ကြီးချုပ် အချင်းချင်းပဲ ပြောကြတာပါဗျ” လို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ မနေ့(ဧပြီ ၁၇ရက်)ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ ထိုင်းဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ရဲ့စီစဥ်မှုနဲ့ တွေ့ဆုံကြတာဖြစ်ပြီး သက်ဆိုင်ကိုယ်တိုင်လည်း အဲဒီတွေ့ဆုံမှုကို တက်ရောက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ် ဆိုတာဟာ အာဆီယံ ဥက္ကဋ္ဌနဲ့ မလေးရှားနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံရေးအရ အသိအမှတ် ပြုခဲ့တဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း၊ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ အတွက်သာ ရည်ရွယ်တာဖြစ်ကြောင်း မလေးရှား လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ တန်ဟောင်ပင်က မနေ့က ကြေညာချက် ထုတ်ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့ ဟာ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း NUG က မေလ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။