နိုင်ငံတကာ ကိုဗစ်ရောဂါဟာ နေရာအနှံ့မှာ အဆီးအတားမရှိ ကူးစက်နေနိုင်ပြီလို့ WHOပြော အစိုးရတွေ အနေနဲ့ အရင်လို တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်မသုံးနိုင်သေးဘူး ဆိုရင်တောင် ဆေးစစ်နိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်မြှင့်နိုင်အောင် ကြိုးစားပေးဖို့တော့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က တိုက်တွန်းခဲ့ပါတယ်။ LuduNwayOoဇူလိုင် 14, 2022
နိုင်ငံတကာ ရာထူးက တရားဝင် မနုတ်ထွက်ခင် နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာ သမ္မတ သီရိလင်္ကာ သမ္မတ တစ်ဦးဟာ ရာထူးလက်ရှိ အချိန်မှာ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ရပေမယ့် အစိုးရသစ် တက်လာရင် အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ရာဂျာပက်ခ်ဆာက အခုလို ကြိုတင် တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 13, 2022
နိုင်ငံတကာ James Webb’s Telescopeက ပြောပြခဲ့တဲ့ အနန္တ စကြာဝဠာရဲ့ လျှို့ဝှက်ချက်များ James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။ LuduNwayOoဇူလိုင် 13, 2022
နိုင်ငံတကာ စစ်ပွဲမှာ အီရန်လုပ် ဒရုန်းတွေကို ရုရှား အသုံးပြုလာနိုင်တယ်လို့ အမေရိကန် သတိပေး အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနာနီ ချာဖီကတော့ အီရန်နဲ့ ရုရှားတို့ကြား စစ်ရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက သဘောတူညီမှု ရရှိထားတာလို့ ပြောပါတယ်။ LuduNwayOoဇူလိုင် 12, 2022
နိုင်ငံတကာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နောက်ဆုံးခရီးကို ဂျပန်ပြည်သူတွေ စုဝေး နှုတ်ဆက် တိုကျို မြို့အနှံ့မှာတော့ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားကြတာ တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ်ဟာ ၁၉၉၃ ခုနှစ်မှာ အာဘေးက နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ လွှတ်တော် အဆောက်အအုံ ရှေ့ကလည်း ဖြတ်မောင်းခဲ့ပါတယ်။ LuduNwayOoဇူလိုင် 12, 2022
နိုင်ငံတကာ နိုင်ငံတောင်ပိုင်း ဒေသတွေကို ပြန်သိမ်းယူဖို့ အင်အား သန်းနဲ့ချီတဲ့ စစ်တပ်မျိုး စုရုံးသွားမယ်လို့ ယူကရိန်းပြော ယူကရိန်းဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တာဝေးပစ် လက်နက်ကြီး စနစ်တွေ လက်ခံ ရရှိလာတဲ့နောက် စိတ်ဓာတ်ရေးရာ တက်ကြွနေပေမယ့် အရေအတွက် အနေနဲ့တော့ မျှော်လင့်ထားသလောက် မရသေးဘူးလို့လည်း သိရပါတယ်။ LuduNwayOoဇူလိုင် 11, 2022
နိုင်ငံတကာ ကိုဗစ်ကူးစက်မှုတွေကြောင့် မကာအိုက ကာစီနိုရုံ အားလုံး ပိတ်ဖို့ ညွှန်ကြားထား တရုတ် လက်အောက်ခံ မြို့ပြနိုင်ငံ မကာအိုဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လောင်းကစား မြို့တော်ကြီး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ မကာအိုရဲ့ စီးပွားရေး ကဏ္ဍ ရာခိုင်နှုန်း အများစုဟာ တရားဝင် ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေအပေါ် မှီခိုထားရပါတယ်။ LuduNwayOoဇူလိုင် 11, 2022
နိုင်ငံတကာ သမ္မတ အိမ်တော် စီးနင်းခံရမှုအပြီး ရာထူးက နုတ်ထွက်ပေးဖို့ သီရိလင်္ကာ သမ္မတ သဘောတူ လူထုရဲ့ ထောက်ခံမှုဟာ အဖတ်ဆယ်မရအောင် ကျဆင်းနေပြီဆိုတာ ဖုံးမနိုင်ဖိမရ သေချာသွားတဲ့နောက် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာက ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ နုတ်ထွက်ပေးပါ့မယ်လို့ ကြေညာခဲ့ရပါတယ်။ LuduNwayOoဇူလိုင် 10, 2022
နိုင်ငံတကာ အာဘေး လုပ်ကြံခံရမှုမှာ လုံခြုံရေး ယိုပေါက်တွေ ရှိခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့ ဝန်ခံ ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၄၁ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီ ဆိုသူ ဖြစ်တယ်လို့ ကြေညာထားပြီး အသင်းအဖွဲ့ တစ်ခုနဲ့ ဆက်နွှယ်ပြီး အာဘေးအပေါ် အငြှိုးအတေး ထားခဲ့ကြောင်း ပြောပါတယ်။ ဘယ်အဖွဲ့အစည်းလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ LuduNwayOoဇူလိုင် 10, 2022
နိုင်ငံတကာ သမ္မတ အိမ်တော်ကို သီရိလင်္ကာ ဆန္ဒပြသူတွေ စီးနင်း၊ သမ္မတ ထွက်ပြေးနေရ သမ္မတ အိမ်တော် စီးနင်းမှု ဖြစ်စဉ်အတွင်း လူ ၃၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကိုလံဘို အမျိုးသား ဆေးရုံရဲ့ အမည်မဖော်ပြတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်က AFPကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။ LuduNwayOoဇူလိုင် 9, 2022