Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာက ထိုးစစ်တွေ ရပ်တန့်ဖို့ ICJ စီရင်ချက် အစ္စရေး လိုက်နာဖွယ်မရှိ

နေတန်ညာဟုရဲ့ အတွင်းစည်းမှာ ရှိနေတဲ့ လက်ယာစွန်း မဟာမိတ် အင်အားစု တချို့ကလည်း ICJ ဆုံးဖြတ်ချက်ကို ဒေါသတကြီး ဝေဖန်ခဲ့ပြီး အဲဒီ တရားရုံးဟာ ဂျူးဆန့်ကျင်ရေး ဝါဒကို ဆွဲကိုင်ပြီး ဟားမားစ်တွေဖက်ကနေ ဘက်လိုက်ခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။

ဂါဇာက ထိုးစစ်တွေ ရပ်တန့်ဖို့ ICJ စီရင်ချက် အစ္စရေး လိုက်နာဖွယ်မရှိ
ဂါဇာက ထိုးစစ်တွေ ရပ်တန့်ဖို့ ICJ စီရင်ချက် အစ္စရေး လိုက်နာဖွယ်မရှိ

ဂါဇာ ကမ်းမြှောင် ဒေသ တောင်ပိုင်းက ရာဖားဟ်မြို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က စီရင်ချက်ချမှတ် တောင်းဆိုလိုက်တာကို အစ္စရေးက ခါးခါးသီးသီး ပယ်ချသွားခဲ့ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အဆင့်အမြင့်ဆုံး နိုင်ငံတကာ တရားရေးဌာနဖြစ်တဲ့ ICJက အစ္စရေးရဲ့ ရာဖားဟ်ထိုးစစ်ကို ချက်ချင်း ရပ်တန့်သင့်တယ်လို့ မေလ ၂၄ ရက်နေ့မှာ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာထိုးစစ်ကို အစဉ်တစိုက် ဆန့်ကျင်နေခဲ့တဲ့ တောင်အာဖရိက အစိုးရရဲ့ တောင်းဆိုမှုကို ICJ တရားသူကြီးတွေက လက်ခံကြားနာပြီးတဲ့နောက် အခုလို ထင်ရှားတဲ့ အရွေ့တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ စီရင်ချက်ဟာ အစ္စရေးရဲ့ လိုလားမှု မရှိဆုံးသော အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။ ICJရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့တိုင် အစ္စရေးဟာ ဂါဇာမှာ စစ်ရေး အစီအမံ အခင်းအကျင်းတွေကို မူလလမ်းကြောင်းကနေ သွေဖယ် ပြောင်းလဲစေမယ့် အလားအလာတော့ မရှိသေးပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာမှာ ဟားမားစ် အကြမ်းဖက်သမားတွေရဲ့ ကြီးစိုးမှုကို အမြစ်ဖြတ် ချေမှုန်းဖို့အတွက် ရာဖားဟ်ကို သေချာပေါက် စစ်ဆင် ရှင်းလင်းရမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

နေတန်ညာဟုရဲ့ အတွင်းစည်းမှာ ရှိနေတဲ့ လက်ယာစွန်း မဟာမိတ် အင်အားစု တချို့ကလည်း ICJ ဆုံးဖြတ်ချက်ကို ဒေါသတကြီး ဝေဖန်ခဲ့ပြီး အဲဒီ တရားရုံးဟာ ဂျူးဆန့်ကျင်ရေး ဝါဒကို ဆွဲကိုင်ပြီး ဟားမားစ်တွေဖက်ကနေ ဘက်လိုက်ခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ အစ္စရေးရဲ့ တင့်ကားတွေဟာ ရာဖားဟ်မြို့လယ်ဆီ တဖြည်းဖြည်း ချဉ်းကပ် ချီတက်နေပြီး မြို့ရဲ့ နေရာအနှံ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ရာဖားဟ်မှာ ပါလက်စတိုင်းပြည်သူ သန်းနဲ့ချီ ပိတ်မိနေတာကြောင့် အစ္စရေး ထိုးစစ်ဟာ ဂါဇာမှာ လက်ရှိထက် ပိုဆိုးတဲ့ လူသားချင်း စာနာမှုရေးရာ အကျပ်အတည်းတွေကို ကြုံတွေ့လာစေဖွယ် ရှိနေပါတယ်။

ICJဟာ ဂါဇာအရေးမှာ စီရင်ချက်တစ်ခု ချမှတ်ခဲ့တယ် ဆိုပေမယ့်လည်း အဲဒီ စီရင်ချက်အတိုင်း အစ္စရေးက အကောင်အထည် ဖော်အောင် ဖိအားပေးနိုင်တဲ့ အခွင့် အာဏာတော့ မရှိပါဘူး။ ဒါပေမဲ့ အစ္စရေးဟာ ဂါဇာအရေးကို အကြောင်းပြုပြီး နိုင်ငံတကာနဲ့ ကင်းကွာလာမှုတွေ ပိုမို ဆိုးရွားသွားလိမ့်မယ်လို့ အရှေ့အလယ်ပိုင်းအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ)ကလည်း ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စရေးရော၊ ဟားမားစ် ခေါင်းဆောင်တွေကိုပါ ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။