Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒဏ်ခတ်တာလို့ ကြွေးကြော်ပြီး ထိုင်ဝမ်ကျွန်း ပတ်လည်မှာ တရုတ် စစ်ရေးလေ့ကျင့်

နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် စိုးရိမ်သင့်တဲ့ အခြေအနေ ဖြစ်တာကြောင့် ထိုင်ဝမ်ဖက်ကလည်း ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်ထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒဏ်ခတ်တာလို့ ကြွေးကြော်ပြီး ထိုင်ဝမ်ကျွန်း ပတ်လည်မှာ တရုတ် စစ်ရေးလေ့ကျင့်
ဒဏ်ခတ်တာလို့ ကြွေးကြော်ပြီး ထိုင်ဝမ်ကျွန်း ပတ်လည်မှာ တရုတ် စစ်ရေးလေ့ကျင့်

ဒဏ်ခတ်မှု အစီအမံ တစ်ခုလို့ ကြုံးဝါးထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်က စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ သမ္မတသစ်အဖြစ် လိုင်ချင်တေး (ဝီလျံလိုင်) ကျမ်းသစ္စာ ကျိန်ဆိုပြီး ၃ ရက်အကြာမှာပဲ ထိုင်ဝမ်ပတ်ပတ်လည်ကို ဝန်းရံထားတဲ့ တရုတ် စစ်ရေး လေ့ကျင့်မှုတွေကို တွေ့မြင်လာရတာ ဖြစ်ပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အဲဒီ စစ်ရေး လေ့ကျင့်မှုတွေဟာ ခွဲထွက်ရေးကို လိုလားကြောင်း ပြသနေသူတွေကို အပြင်းထန်ဆုံး ဒဏ်ခတ်တဲ့ အစီအစဉ် တစ်ခုလို့ သတိပေးခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကို လိုလားနေပါတယ်။ တရုတ်ရဲ့ အမြင်မှာ လိုင်ဟာ သဘောထား တင်းမာတဲ့ ခွဲထွက်ရေး ဝါဒီတစ်ဦးအဖြစ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

လိုင်က သူ့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှု မိန့်ခွန်းမှာ တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် ရန်လိုနေတာတွေ ရပ်သင့်ပြီလို့ ထည့်သွင်း တိုက်တွန်းသွားပေမယ့် ၃ ရက်ကြာပြီးတဲ့အချိန် တရုတ်ရဲ့ ရေတပ်၊ လေတပ်တွေက ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပြီး စစ်ရေးလေ့ကျင့်တဲ့ အခြေအနေမျိုးနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

မေလ ၂၃ ရက် မနက်အစောပိုင်းမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်လာတဲ့နောက် ထိုင်ဝမ်ကလည်း ကျွန်းအနှံ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ထားပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ရဲ့ လုပ်ရပ်ဟာ တာဝန်မဲ့လွန်းတဲ့ အသားလွတ် ရန်စမှုမျိုးလို့ ဝေဖန်ထားပါတယ်။

နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် စိုးရိမ်သင့်တဲ့ အခြေအနေ ဖြစ်တာကြောင့် ထိုင်ဝမ်ဖက်ကလည်း ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်ထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

PLAရဲ့ အဆိုအရတော့ အခု စစ်ရေးလေ့ကျင့်မှုတွေဟာ ရေပြင်နဲ့ ဝေဟင် ပူးပေါင်း တိုက်ခိုက်မှု အသင့်အနေအထား စွမ်းဆောင်နိုင်ရည်တွေကို ဆန်းစစ်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒီလေ့ကျင့်မှုမှာ ပစ်မှတ်တုတွေကို တကယ့် စစ်ဆင်တိုက်ခိုက်မှု ပုံစံအတိုင်း ဖျက်ဆီးပစ်တဲ့ အစီအစဉ်တွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ဖက်ကလည်း ဒီလို စစ်ရေးလေ့ကျင့်မှုမျိုးက တရုတ်ရဲ့ စစ်မက်လိုလားမှု ဝါဒကို ထင်ဟပ် မြင်သာလာစေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို စစ်ရေးလေ့ကျင့်မှုမျိုးကြောင့် ထိုင်ဝမ် ရေလက်ကြားရဲ့ တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို နှောင့်ယှက်ခြိမ်းခြောက် ခံရရုံသာ မကဘဲ တရုတ်က ဘယ်လောက် ရန်လိုသလဲဆိုတာ ကမ္ဘာကို မြင်အောင် ပြသလိုက်တာနဲ့ တူတူပဲလို့ ထိုင်ဝမ်ဖက်က ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook