Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ကတိကိုဖျက်ပြီး အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်က ၅ နှစ် ဆက်အုပ်ချုပ်မယ်လို့ ကြေညာ

စစ်တပ်က အာဏာသက်တမ်း ၅ နှစ်ထပ်တိုးတဲ့ ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ညီလာခံမှာ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ ဆွေးနွေးမှုတွေကို နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကတိကိုဖျက်ပြီး အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်က ၅ နှစ် ဆက်အုပ်ချုပ်မယ်လို့ ကြေညာ
ရွေးကောက်ပွဲ ကတိကိုဖျက်ပြီး အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်က ၅ နှစ် ဆက်အုပ်ချုပ်မယ်လို့ ကြေညာ

အာဏာသိမ်း ဘာကီနာဖာဆို စစ်တပ်က နောက်ထပ် ၅ နှစ်ကြာအောင် စစ်တပ် အုပ်စိုးမှု ကာလကို တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို နောက်ထပ် ၅ နှစ် ဆက်ယူထားမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ကြီး အီဘရာဟင် ထရာအိုယေးက သမ္မတလောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်မှာဖြစ်ကြောင်း အစိုးရပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက သူ့အထက်အရာရှိဆီကနေ ထပ်ဆင့် အာဏာသိမ်းခဲ့ချိန်မှာ ထရာအိုယေးက သူဟာ ဒီနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ အရပ်သား အစိုးရဆီ ပြန်လည် အာဏာလွှဲပေးမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ လက်တွေ့မှာတော့ အိမ်နီးချင်း မာလီနည်းတူ ဘာကီနာဖာဆိုဟာလည်း စစ်တပ် အုပ်စိုးမှု ကာလကို သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဘာကီနာဖာဆို၊ မာလီတို့ အပါအဝင် အနောက်နဲ့ အလယ်ပိုင်း အာဖရိက နိုင်ငံတချို့မှာ စစ်တပ် အာဏာသိမ်းမှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။

ဘာကီနာဖာဆို စစ်တပ်က ဦးစီးတဲ့ အမျိုးသား အကြံပေး ညီလာခံကို နိုဝင်ဘာ ၂၆ ရက်တုန်းက မြို့တော် အူဂါဒူဂူမှာ ခေါ်ယူ ဆွေးနွေးခဲ့ပြီးတဲ့နောက် စစ်တပ် အုပ်ချုပ်မှုကာလ ၅ နှစ် သက်တမ်းတိုးမယ့် ကိစ္စကို အတည်ပြု ကြေညာလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘာကီနာဖာဆိုမှာ ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒမ်ဘီယာက ဦးဆောင်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက သမ္မတ ရို့ချ် ကိုဘာရီဆီကနေ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီတုန်းက ဒမ်ဘီယာက အရပ်သား အစိုးရဟာ ပြည်တွင်းမှာ ကြုံနေတဲ့ စစ်သွေးကြွ တိုက်ခိုက်မှု ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကြောင့် စစ်တပ်က လုပ်သင့်တဲ့အတိုင်း အာဏာသိမ်းခဲ့တာလို့ အကြောင်းပြခဲ့ပါတယ်။

အဲဒီနှစ် စက်တင်ဘာလမှာပဲ ထရာအိုယေးက ဒမ်ဘီယာဟာ ကတိပေးထားတဲ့အတိုင်း စစ်သွေးကြွ ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ဘူးလို့ အကြောင်းပြပြီး စစ်တပ်ထဲမှာ ထပ်ဆင့် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ သူက နိုင်ငံကို ဆိုးရွားလှတဲ့ လုံခြုံရေး ပြဿနာတွေထဲကနေ နှစ်လ၊ သုံးလအတွင်း ဆွဲထုတ်ပြီး ၂၁ လအကြာမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ရွှန်းရွှန်းဝေအောင် ကတိပေးခဲ့ပေမယ့် အခုလိုမျိုး ၅ နှစ် စစ်တပ် အုပ်စိုးမှု သက်တမ်းတိုး ကာလကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ အကြမ်းဖက် စစ်သွေးကြွတွေ လက်ထဲ ရောက်ရှိနေတဲ့ နိုင်ငံ ပိုင်နက် နယ်မြေတွေ ပြန်လည် ရရှိရေးက ဦးစားပေးအဆင့် ဖြစ်နေပြီး အဲဒီနယ်မြေတွေ ငြိမ်းချမ်းမှသာ ပြည်သူတွေက ရွေးကောက်ပွဲမှာ အေးအေးလူလူ မဲပေးနိုင်မယ်လို့ စစ်တပ်က ကြေညာပါတယ်။

စစ်တပ်က အာဏာသက်တမ်း ၅ နှစ်ထပ်တိုးတဲ့ ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ညီလာခံမှာ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ ဆွေးနွေးမှုတွေကို နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။