Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်တွေ့ တိုက်ခိုက်တဲ့ ပုံစံမျိုး တရုတ်က သရုပ်တူ လေ့ကျင့်

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။

ထိုင်ဝမ်ကို လက်တွေ့ တိုက်ခိုက်တဲ့ ပုံစံမျိုး တရုတ်က သရုပ်တူ လေ့ကျင့်
ထိုင်ဝမ်ကို လက်တွေ့ တိုက်ခိုက်တဲ့ ပုံစံမျိုး တရုတ်က သရုပ်တူ လေ့ကျင့်

တရုတ်ဟာ ထိုင်ဝမ်ကျွန်းက စစ်ရေးပစ်မှတ်တွေကို လက်တွေ့ တိုက်ခိုက်တဲ့ ပုံစံမျိုး သရုပ်တူ စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

မေလ ၂၃ ရက်နေ့ကစလို့ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံပြီး ဝေဟင်နဲ့ ရေပြင် ပူးပေါင်း စစ်ရေးမှုတွေ လုပ်ဆောင်နေတာကြောင့် ထိုင်ဝမ်က လုံခြုံရေး အစီအမံတွေ တင်းကျပ်ပြီး စောင့်ကြည့်နေရပါတယ်။ ထိုင်ဝမ်မှာ ခွဲထွက်ရေး ဝါဒီအဖြစ် တရုတ်က စွပ်စွဲထားတဲ့ သမ္မတသစ် ဝီလျံလိုင် (လိုင်ချင်တေး) ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက် အရေးယူ ဒဏ်ခတ်မှုအဖြစ် အခု စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်တာလို့ တရုတ်က ကြွေးကြော်ထားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ အစဉ်တစိုက် ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်ရေးကိုသာ လိုလားနေပါတယ်။

မေလ ၂၄ ရက်၊ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့မှာတော့ တရုတ်ဟာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု၊ ဒုံးကျည်ပစ်ခတ်မှုတွေကို လက်တွေ့ လုပ်ဆောင်ခဲ့တယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။

တရုတ်အစိုးရက လိုင်ဟာ သူ့ရဲ့ အရင်သမ္မတဖြစ်သူ ဆိုင်အင်ဝမ်ထက်တောင် ခွဲထွက်ရေးနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူ တစ်ဦးလို့ ယူဆထားတာကြောင့် လိုင်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး ၃ ရက်အကြာမှာပဲ အတိအလင်း ခြိမ်းခြောက်မှုဆန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်လာခဲ့တာပါ။ တရုတ်ဟာ လိုင်ကို ခွဲထွက်ရေးဝါဒီ တစ်ယောက်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးပါတယ်။

တရုတ်ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခုစစ်ဆင်ရေးကို Joint Sword-2024Aလို့ နာမည်ပေးထားကြောင်း ကြေညာပြီး လိုအပ်လာရင် အရေးပါတဲ့ နယ်မြေတွေကို သိမ်းယူပြီး အချုပ်အခြာ အာဏာကို ထိန်းချုပ်နိုင်ရေးအတွက် လက်တွေ့ ပူးပေါင်း စစ်ဆင်နိုင်မှု စွမ်းရည်တွေကို အကဲဖြတ်နိုင်အောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။

တစ်ဖက်မှာတော့ ထိုင်ဝမ်ပြည်သူတွေဟာ တရုတ်ရဲ့ အခုလိုမျိုး စစ်အင်အားပြ လေ့ကျင့်မှုတွေနဲ့ ကြုံနေတွေ့နေကျ ဖြစ်တာကြောင့် အထူးတလည် အာရုံစိုက်မှုမျိုးတောင် မရှိဘဲ ပုံမှန် လှုပ်ရှားသွားလာနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။