Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ဆိုင်ကလုန်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီ သေဆုံး

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ် ခံထားရပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အပူလွန်ကဲမှုနဲ့ ရေကြီးမှုတွေကို မကြာခဏ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

⁨ဆိုင်ကလုန်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီ သေဆုံး
⁨ဆိုင်ကလုန်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီ သေဆုံး

ဆိုင်ကလုန်းမုန်တိုင်း ရီမဲလ်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက် ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်သန်းခဲ့တဲ့ ဆိုင်ကလုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးတဲ့နောက် အနောက်မြောက်ဖက် အိန္ဒိယ ပိုင်နက်ထဲကို ဆက်လက် ရွေ့လျားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ကုန်းတွင်းဝင်ရောက်ချိန်မှာ ဆိုင်ကလုန်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၁၀ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ ဒီရေလှိုင်း မြင့်တက်မှုတွေကြောင့် မြေနိမ့်ပိုင်း ကမ်းရိုးတန်း ဧရိယာတွေကို ရေဖုံးလွှမ်းသွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ မုန်တိုင်းမဝင်ခင် ကတည်းက မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူ ၁ သန်းကျော်လောက်ကို ကြိုတင် ရွှေ့ပြောင်းထားစေခဲ့ပါတယ်။ မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းမှာ ကလေး ၃.၆ သန်း အပါအဝင် လူပေါင်း ၈.၄ သန်းလောက် နေထိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကလုန်း ရီမဲလ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ မောင်ဂလာ ဆိပ်ကမ်းနားကနေ ကုန်းတွင်းဝင်ရောက်ပြီး အိန္ဒိယပိုင် အနောက်ဘင်္ဂလား နယ်ဖက်ကို ရွေ့လျားသွားပြီးမှ အားပျော့သွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ရေကြီးလို့၊ သစ်ပင်ပိမိလို့၊ အိမ်ပြိုလို့စတဲ့ အကြောင်းပေါင်းစုံကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ကြီး မိုဟစ်ဘာ ရာဟ်မန်က ပြောပါတယ်။ အိမ်နီးချင်း အိန္ဒိယမှာလည်း လူ ၆ ဦး သေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နည်းတူ ရေကြီးတာ၊ မြေပြိုတာ၊ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်တာ၊ ဓာတ်တိုင်တွေ ပြိုလဲတာစတဲ့ ဒဏ်တွေကို သက်ရောက် ခံစားခဲ့ရပါတယ်။

လေတိုက်နှုန်းက ပြင်းထန်လွန်းတာကြောင့် တချို့အိမ်တွေရဲ့ သွပ်နဲ့ သက်ကယ်အမိုးတွေ ကျွတ်ထွက်ပြီး လေထဲ လွင့်ပါကုန်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ မုန်တိုင်းဒဏ် သက်ရောက် ခံစားရတဲ့ ဧရိယာတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံထားတဲ့ ကော့စ်ဘဇား ဒေသလည်း ပါဝင်ခဲ့ပါတယ်။ မုန်တိုင်းစဲသွားပြီ ဖြစ်ပေမယ့် ကော့စ်ဘဇားမှာ နောက်ဆက်တွဲ မိုးရွာသွန်းမှုတွေကြောင့် ရေကြီးတာ၊ မြေပြိုတာတွေ ကြုံလာနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ် ခံထားရပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အပူလွန်ကဲမှုနဲ့ ရေကြီးမှုတွေကို မကြာခဏ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

မနှစ်က မေလတုန်းကတော့ ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ ဖျက်ဆီးအား အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ ဆိုင်ကလုန်းမိုခါ တိုက်ခတ်ခဲ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။