Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ တည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ ယာယီဆိပ်ခံ လှိုင်းဒဏ်ကြောင့် ပျက်စီးပြီး လုပ်ငန်းရပ်နားထားရ

မေလ ၂၈ ရက်နေ့မှာတော့ ဆိပ်ခံရဲ့ ဂါဇာကမ်းရိုးတန်းဖက် သွယ်တန်းထားရာ လျှောက်လမ်း ဧရိယာဟာ လှိုင်းဒဏ်ကြောင့် အခြေပျက်သွားတာကို တွေ့ရပါတယ်။

ဂါဇာမှာ တည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ ယာယီဆိပ်ခံ လှိုင်းဒဏ်ကြောင့် ပျက်စီးပြီး လုပ်ငန်းရပ်နားထားရ
ဂါဇာမှာ တည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ ယာယီဆိပ်ခံ လှိုင်းဒဏ်ကြောင့် ပျက်စီးပြီး လုပ်ငန်းရပ်နားထားရ

ဂါဇာ ကမ်းမြှောင်မှာ တည်ဆောက်ထားတဲ့ အမေရိကန် စစ်တပ်ရဲ့ ယာယီဆိပ်ခံဟာ လှိုင်းထန်တဲ့ အခြေအနေကြောင့် ပုံစံပျက်ယွင်းသွားပြီး လောလောဆယ် လုပ်ငန်းတွေ ရပ်နားထားရပါတယ်။

ယာယီဆိပ်ခံကို တာဝန်ယူ တည်ဆောက်ထားတဲ့ အမေရိကန် စစ်အင်ဂျင်နီယာတပ်က ပြန်လည် ပြင်ဆင်ဖို့ တစ်ပတ်လောက် အချိန်ယူရနိုင်တယ်လို့ ပြောပါတယ်။ အမေရိကန်ဟာ ဂါဇာမှာ သင်္ဘောအကြီးတွေ ဆိုက်ကပ်နိုင်တဲ့ အဲဒီ ယာယီ ဆိပ်ခံကို တည်ဆောက်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ယူ တင်သွင်းနိုင်အောင် စီစဉ်ထားခဲ့တာပါ။ အဲဒီ ဆိပ်ခံကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြေကို လုံးဝမနင်းဘဲ လူသားချင်း စာနာမှု မစ်ရှင်တွေမှာ ထိထိရောက်ရောက် အကူအညီ ပေးနိုင်မှာ ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

မေလ ၂၈ ရက်နေ့မှာတော့ ဆိပ်ခံရဲ့ ဂါဇာကမ်းရိုးတန်းဖက် သွယ်တန်းထားရာ လျှောက်လမ်း ဧရိယာဟာ လှိုင်းဒဏ်ကြောင့် အခြေပျက်သွားတာကို တွေ့ရပါတယ်။ အသွားအပြန် နှစ်လမ်း တည်ဆောက်ထားတဲ့ လမ်းနဲ့ ဆိပ်ခံတွေကို စုပေါင်းတိုင်းတာရင် အရှည်ပေ ၁၈၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လျှောက်လမ်းကို ချိတ်ဆက်ထားရာ သံမဏိ အပိုင်းတချို့ လှိုင်းဒဏ်ကြောင့် ပျက်စီးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အပိုင်းတွေကို အစ္စရေး ရေတပ်ရဲ့ အကူအညီနဲ့ နှစ်ရက်အတွင်း ဖယ်ရှားပြီးရင် အသစ်တွေ အစားထိုးသွားမယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆာဘရီနာ ဆင်းက ပြောပါတယ်။ ပြင်ဆင်မှု စုစုပေါင်း ကြာချိန်ကတော့ တစ်ပတ်ကျော်လောက် ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ဂါဇာကမ်းရိုးတန်း တဝိုက်က ရာသီဥတု အခြေအနေဟာ ပြင်ဆင်မှုတွေ ချောချောမောမော လုပ်ဆောင်နိုင်အောင် မျက်နှာသာ မပေးသေးဘူးလို့လည်း ဆင်းက ဝန်ခံခဲ့ပါတယ်။ ရာသီဥတု အကြောင်းကိုတော့ သူနားမလည်ကြောင်း၊ ဒါပေမဲ့ နှစ်တိုင်း အခုလို ကာလမျိုးမှာ လှိုင်းလေ ပြင်းထန်တတ်တယ်လို့တော့ သဘောပေါက်မိကြောင်း၊ ပျက်စီးသွားတဲ့ အပိုင်းကို အမြန်ဆုံး အစားထိုး ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်နေကြကြောင်း ဆင်းက မှတ်ချက်ပေးသွားပါတယ်။

ဂါဇာမှာ ယာယီဆိပ်ခံ တည်ဆောက်ဖို့ကို အမေရိကန်က လနဲ့ချီ အချိန်ယူ အကောင်အထည် ဖော်ခဲ့ပြီး မေလ ၁၇ ရက်နေ့မှာတော့ ဆိုက်ပရပ်စ်ကနေ ပို့ဆောင်လိုက်တဲ့ လူသားချင်း စာနာမှု ပစ္စည်းတွေကို အဲဒီဆိပ်ခံမှာ ပထမဆုံးအသုတ်အဖြစ် လက်ခံယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။