နိုင်ငံတကာ ဂျပန်တပ်တွေကြောင့် ကိုလိုနီခေတ် ကိုရီးယား ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့အတွက် နာကျင်ခံစားမိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာခြင်းကလည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးကောင်းတွေ ပြန်လည် တည်ဆောက်ဖို့ အဓိက တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ LuduNwayOoမေ 8, 2023
နိုင်ငံတကာ မြန်မာ့ အကျပ်အတည်းကို အဓိက ဆွေးနွေးမယ့် အာဆီယံ ထိပ်သီး ညီလာခံ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာ ခံထားရပါတယ်။ LuduNwayOoမေ 8, 2023
နိုင်ငံတကာ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ် မယ်လီတိုပိုရဲ့ ယူကရိန်း မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်က အရေးပေါ် ညွှန်ကြားချက်ကြောင့် အနီးတဝိုက်က ဒေသခံတွေရဲ့ ကားတွေ ထောင်နဲ့ချီ စုဝေး ထွက်ခွာကုန်ကြပြီး ကားတန်းကြီးက ၅ နာရီလောက် ကြာအောင် ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။ LuduNwayOoမေ 7, 2023
နိုင်ငံတကာ ရုရှားရဲ့ နည်းပညာ အမြင့်ဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း ထုတ်ပြန် ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုရင်း လူနေ ဧရိယာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်း အရပ်သားပြည်သူ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ LuduNwayOoမေ 6, 2023
နိုင်ငံတကာ နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်ရဲ့ ထီးဆောင်းမင်း အရိုက်အရာကို ချားလ်စ်ဘုရင် ခံယူ နန်းတက်ပွဲ အပြီးမှာတော့ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကယ်မီလာတို့ဟာ ဘက်ကင်ဟမ် နန်းတော်ရဲ့ လေသာဆောင်မှာ ရပ်ရင်း လာရောက် ဂုဏ်ပြု ဆုမွန်ကောင်း တောင်းပေးသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။ LuduNwayOoမေ 6, 2023
နိုင်ငံတကာ ဘက်ခ်မတ်မြို့ တိုက်ပွဲကနေ သူ့တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲပြော နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ဘက်ခ်မတ်ကနေ Wagner တပ်ဖွဲ့ဝင်တွေသာ တကယ်တမ်း ဆုတ်ခွာသွားမယ်ဆိုရင် ရုရှားရဲ့ ထိုးစစ်ဟာ လုံးဝဥဿုံ အစွယ်ကျိုးသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ LuduNwayOoမေ 5, 2023
နိုင်ငံတကာ ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှု WHO ရုပ်သိမ်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ... LuduNwayOoမေ 5, 2023
နိုင်ငံတကာ ပစ်မှတ်စာရင်း ပြုစုပြီး ကျောင်းမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆာဘီးယား ဆယ်ကျော်သက်ကျောင်းသား ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူ ကျောင်းသားရဲ့ နာမည်ဟာ ကိုစတာ ကိုမာနိုဗစ် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ကိုမာနိုဗစ်က ဘာကြောင့် အခုလို ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။ LuduNwayOoမေ 4, 2023
နိုင်ငံတကာ ပူတင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်ကို ယူကရိန်း ငြင်းဆို လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာလည်း ဒရုန်းတစ်ခု ဝင်တိုက်လို့ လွှတ်တော် ခေါင်မိုး ပေါက်ကွဲသွားပုံ၊ ကရင်မလင် နန်းတော် အစိတ်အပိုင်း တစ်ခုကနေ မီးခိုးတွေ အူထွက်နေပုံတွေကို တွေ့ရပါတယ်။ LuduNwayOoမေ 4, 2023
နိုင်ငံတကာ တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့် အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။ LuduNwayOoမေ 3, 2023