Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်

အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။

တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်
တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်

အိန္ဒိယ သမုဒ္ဒရာဖက်မှာ တရုတ်ရေတပ်ရဲ့ လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ တောင်တရုတ် ပင်လယ်ရေပြင်ဆီ အစွမ်းထက် စစ်သင်္ဘော နှစ်စီးကို အိန္ဒိယက စေလွှတ်ခဲ့ပါတယ်။

ပထမဆုံး အကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ရေတပ်တွေနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်ဖို့အတွက် ဖျက်သင်္ဘော တစ်စီးနဲ့ ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက် (ရေဒါရှောင်တိမ်းနိုင်စွမ်းရှိတဲ့) ဖရီးဂိတ် စစ်သင်္ဘော တစ်စီးကို စေလွှတ်ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယ ရေတပ်က အတည်ပြုခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုတွေရဲ့ ကမ်းကပ်လှုပ်ရှားမှု အပိုင်းတွေကို မေလ ၂ ရက်က စင်ကာပူနိုင်ငံ၊ ချန်ဂီ ဆိပ်ကမ်းမှာ အစပြုခဲ့ပါတယ်။ အိန္ဒိယဟာ တောင်တရုတ်ပင်လယ် ရေပြင်ဆီ အရင်က စစ်ရေယာဉ်တွေ စေလွှတ်ခဲ့ဖူးပေမယ့် အဲဒီ ဧရိယာမှာ အာဆီယံနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ရေတပ် အကြီးအကဲ သေနာပတိချုပ် ဟာရီကူးမားဟာ စင်ကာပူကို တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး အာဆီယံ-အိန္ဒိယ ရေတပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စင်ကာပူ ရေတပ် အကြီးအကဲ သေနာပတိ ရှောင်ဝပ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယဟာ တောင်တရုတ်ပင်လယ်ဆီကို ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ ရေယာဉ်တွေချည်း ပို့ဆောင်ခဲ့တာပါ။ INS Delhiဟာ အိန္ဒိယမှာ ပထမဆုံး ပြည်တွင်းဖြစ် ဆောက်လုပ်ခဲ့တဲ့ ဖျက်သင်္ဘောဖြစ်ပြီး INS Satpuraဟာလည်း ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက် ဖရီးဂိတ် စစ်သင်္ဘော ဖြစ်ပါတယ်။ အခုစစ်ရေး လေ့ကျင့်မှုတွေမှာ ရေတပ်ရဲ့ P8I အမျိုးအစား ကင်းလှည့်ရေယာဉ် တစ်စီးပါ ပူးပေါင်း ပါဝင်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။