Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်

အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။

တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်
တောင်တရုတ်ပင်လယ်မှာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယ ရေတပ် သင်္ဘောတွေ စစ်ရေးလေ့ကျင့်

အိန္ဒိယ သမုဒ္ဒရာဖက်မှာ တရုတ်ရေတပ်ရဲ့ လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ တောင်တရုတ် ပင်လယ်ရေပြင်ဆီ အစွမ်းထက် စစ်သင်္ဘော နှစ်စီးကို အိန္ဒိယက စေလွှတ်ခဲ့ပါတယ်။

ပထမဆုံး အကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ရေတပ်တွေနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်ဖို့အတွက် ဖျက်သင်္ဘော တစ်စီးနဲ့ ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက် (ရေဒါရှောင်တိမ်းနိုင်စွမ်းရှိတဲ့) ဖရီးဂိတ် စစ်သင်္ဘော တစ်စီးကို စေလွှတ်ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယ ရေတပ်က အတည်ပြုခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုတွေရဲ့ ကမ်းကပ်လှုပ်ရှားမှု အပိုင်းတွေကို မေလ ၂ ရက်က စင်ကာပူနိုင်ငံ၊ ချန်ဂီ ဆိပ်ကမ်းမှာ အစပြုခဲ့ပါတယ်။ အိန္ဒိယဟာ တောင်တရုတ်ပင်လယ် ရေပြင်ဆီ အရင်က စစ်ရေယာဉ်တွေ စေလွှတ်ခဲ့ဖူးပေမယ့် အဲဒီ ဧရိယာမှာ အာဆီယံနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ရေတပ် အကြီးအကဲ သေနာပတိချုပ် ဟာရီကူးမားဟာ စင်ကာပူကို တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး အာဆီယံ-အိန္ဒိယ ရေတပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စင်ကာပူ ရေတပ် အကြီးအကဲ သေနာပတိ ရှောင်ဝပ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယဟာ တောင်တရုတ်ပင်လယ်ဆီကို ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ ရေယာဉ်တွေချည်း ပို့ဆောင်ခဲ့တာပါ။ INS Delhiဟာ အိန္ဒိယမှာ ပထမဆုံး ပြည်တွင်းဖြစ် ဆောက်လုပ်ခဲ့တဲ့ ဖျက်သင်္ဘောဖြစ်ပြီး INS Satpuraဟာလည်း ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးတပ် ကိုယ်ပျောက် ဖရီးဂိတ် စစ်သင်္ဘော ဖြစ်ပါတယ်။ အခုစစ်ရေး လေ့ကျင့်မှုတွေမှာ ရေတပ်ရဲ့ P8I အမျိုးအစား ကင်းလှည့်ရေယာဉ် တစ်စီးပါ ပူးပေါင်း ပါဝင်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။