နိုင်ငံတကာ ယူကရိန်း စစ်ပွဲကို ခေတ်ဟောင်း စစ်လက်နက်တွေ သုံးပြီး ဆက်တိုက်ရဖွယ် ရှိနေတဲ့ ရုရှား မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS)က ရုရှားဟာ စစ်မြေပြင်မှာ ဆုံးရှုံးခဲ့တာတွေနဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နည်းပညာမြင့် စစ်လက်နက် အသစ်တွေ စဉ်ဆက်မပြတ် ထုတ်လုပ်ရေးမှာ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ မှတ်ချက် ပေးထားပါတယ်။ LuduNwayOoဧပြီ 19, 2023
နိုင်ငံတကာ ဘေဂျင်းက ဆေးရုံ မီးလောင်မှု လူ ၃၀ နီးပါး အသက်ဆုံးရှုံး အခုမီးလောင်ကျွမ်းမှုဟာ ဘေဂျင်းမှာတော့ ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အသေအပျောက် အများဆုံး ဆေးရုံ မီးလောင်မှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ LuduNwayOoဧပြီ 19, 2023
နိုင်ငံတကာ မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ရေတပ် လေ့ကျင့်မှုတစ်ခု အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သီးခြား အစီအမံ တစ်ခုအနေနဲ့ ၁၂ ရက်ကြာ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုကိုလည်း အခုသီတင်းပတ်မှာ စတင်ခဲ့ကြောင်း သိရပါတယ်။ LuduNwayOoဧပြီ 18, 2023
နိုင်ငံတကာ ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ်နယ်မြေတွေကို ပူတင် သွားရောက် ပူတင်ဟာ လပေါင်း အတော်ကြာ ကာလအတွင်း ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေဆီ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့တာပါ။ LuduNwayOoဧပြီ 18, 2023
နိုင်ငံတကာ ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ တရုတ်ကတော့ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့နေတာမျိုး လုံးဝ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အခု ဗလာဆီယက်ခ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့က ဘာမှ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ LuduNwayOoဧပြီ 17, 2023
နိုင်ငံတကာ အကျဉ်းကျ အိန္ဒိယ လွှတ်တော်အမတ်ဟောင်း ရဲတွေရှေ့မှာတင် ပစ်ခတ်လုပ်ကြံခံရ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သေနတ်သမား သုံးဦးဟာ ဂျာနယ်လစ်တွေလို ဟန်ဆောင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာတာ ဖြစ်သလို ကင်မရာ အစိတ်အပိုင်းတွေကိုလည်း ဟန်ပြအဖြစ် သယ်ယူလာခဲ့ကြတယ်လို့ ပြောပါတယ်။ LuduNwayOoဧပြီ 17, 2023
နိုင်ငံတကာ မီးခိုးဗုံးနဲ့ ပစ်ခတ်ခံရတဲ့နောက် G7 ညီလာခံ လုံခြုံရေး တိုးမြှင့်ဖို့ ဂျပန် ဝန်ကြီးချုပ် ညွှန်ကြား ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်မှာ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင် အခုကိစ္စ ပေါ်ပေါက်လာတဲ့နောက် ကီရှီဒါက လုံခြုံရေး ကဏ္ဍကို အစွမ်းကုန် အလေးထား အာရုံစိုက် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ LuduNwayOoဧပြီ 16, 2023
နိုင်ငံတကာ ဆူဒန်မှာ အင်အားကြီး လက်နက်ကိုင်နှစ်ဖွဲ့ အာဏာလုရာက အရပ်သား အမြောက်အမြား သေဆုံး ပြည်တွင်းမှာတော့ အခြေအနေတွေက ဘယ်လောက်ထိ ဆိုးရွားနေသလဲ ဆိုတာကို ခန့်မှန်းဖို့ ခက်နေပြီး ခါတွမ်လေဆိပ်ရဲ့ နေရာတချို့လည်း မီးလောင်ခဲ့တယ်လို့ မြို့ခံတွေရဲ့ အဆိုအရ သိရှိရပါတယ်။ LuduNwayOoဧပြီ 16, 2023
နိုင်ငံတကာ နျူကလီးယား စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ဘီလားရုစ် လေသူရဲတွေကို ရုရှား လေ့ကျင့်ပေး ယူကရိန်း အစိုးရကတော့ ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ဆင့် မြှင့်လိုက်ပြီး ပဋိပက္ခထဲကို ဘီလားရုစ်ကိုပါ ဆွဲသွင်းလာတာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားထားပါတယ်။ LuduNwayOoဧပြီ 15, 2023
နိုင်ငံတကာ လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် လေတပ်သားကို တရားရုံးတင် စစ်ဆေး တိုင်စီရာကို FBI ထောက်လှမ်းရေး အဖွဲ့ရဲ့ လက်နက်ကိုင် အေးဂျင့်တွေက မက်ဆာချူးဆက် နေအိမ်မှာ ဧပြီ ၁၃ ရက်က ဝင်ရောက် ဖမ်းဆီးခဲ့တာပါ။ သူဟာ အာမခံ မရဘဲ အချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။ LuduNwayOoဧပြီ 15, 2023