နိုင်ငံတကာ ကာကွယ်ဆေး မထိုးထားသူတွေဟာ ရောဂါပြင်းထန်ရင် သေဆုံးနိုင်ခြေ ၁၁ ဆ ပိုများကြောင်း CDC သတိပေး အမေရိကန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ ၈၈ ရာခိုင်နှုန်းဟာ Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်းလည်း CDCက ခန့်မှန်းထားပါတယ်။ LuduNwayOoစက်တင်ဘာ 12, 2021
နိုင်ငံတကာ အကြမ်းဖက် ပစ်မှတ် ဖြစ်ခဲ့တဲ့ နေရာတွေကို 9/11 နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်သွားရောက် WTC အမြွှာမျှော်စင်ကတော့ လုံးဝဥဿုံ ပြိုကျသွားပြီး ပင်တဂွန်မှာလည်း အပျက်အစီးတွေ ရှိခဲ့ပါတယ်။ ဝါရှင်တန်ကို ဦးတည်ခဲ့ပြီး အိမ်ဖြူတော်၊ ဒါမှမဟုတ် လွှတ်တော်ကို ပစ်မှတ် ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ လေယာဉ်ကတော့ လမ်းကြောင်းပြောင်းပြီး ပျက်ကျသွားခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 12, 2021
နိုင်ငံတကာ အာဖဂန် မိန်းကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးရေး မာလာလာ တောင်းဆို အရင်က တာလီဘန်တွေဟာ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးပြီး တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လက်ခံသွားမယ်လို့ တာလီဘန်တွေက ပြောကြားထားပါတယ်။ LuduNwayOoစက်တင်ဘာ 11, 2021
နိုင်ငံတကာ Sinopharmရဲ့ ကာကွယ်ဆေးက ကလေးတွေအတွက် သင့်တော်နိုင်တယ်လို့ သီရိလင်္ကာ ပညာရှင် ယူဆ သီရိလင်္ကာဟာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပေးပြီးသား ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အသုံးပြုနေတဲ့ ကာကွယ်ဆေး အများစုကို တရုတ်ကနေ မှာယူထားတာလို့လည်း သိရပါတယ်။ LuduNwayOoစက်တင်ဘာ 11, 2021
နိုင်ငံတကာ မိခင်အလောင်းကို တစ်နှစ်ကျော် ဝှက်ထားပြီး ပင်စင်လိမ်စားနေတဲ့ အမျိုးသား အသက် ၆၆ နှစ်အရွယ် အမျိုးသားဟာ မိခင်ဖြစ်သူ သေဆုံးသွားပြီးချိန်မှာ အလောင်းကို မြေတိုက်ခန်းထဲထည့်ပြီး ဝှက်ထားခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 10, 2021
နိုင်ငံတကာ လပိုင်းအတွင်း သိသိသာသာ ပိန်သွားတဲ့ ကင်မ်ဂျုံအန်း လေ့လာသူတွေက ကင်မ်ဟာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀ ဝန်းကျင်လောက်ထိ လျော့ကျခဲ့ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ LuduNwayOoစက်တင်ဘာ 10, 2021
နိုင်ငံတကာ နိုင်ငံကြီးတွေမှာ တတိယအကြိမ် ကာကွယ်ဆေး Booster ထိုးပေးမယ့်ကိစ္စ ဆိုင်းငံ့ထားဖို့ WHO တိုက်တွန်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့ အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားရင် ထွက်ပေါ်တဲ့ ကိုယ်ခံအား Antibodyက ရေရှည် တည်မြဲတဲ့အတွက် ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အနည်းဆုံး နှစ်ကုန်ပိုင်းလောက်ထိ တတိယအကြိမ် Booster ဆေးထပ်ထိုးတာကို ဆိုင်းငံ့ထားပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 9, 2021
နိုင်ငံတကာ အိန္ဒိယတောင်ပိုင်းမှာ နီပါဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားလာမှာ စိုးရိမ်နေရ နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေ၊ ဝက်တွေ ဆီကနေတဆင့် သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်လာတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ နီပါရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ LuduNwayOoစက်တင်ဘာ 9, 2021
နိုင်ငံတကာ အင်ဒိုနီးရှား အကျဉ်းထောင် မီးလောင်မှုကြောင့် လူ ၄၀ ကျော်သေဆုံး ဂျကာတာမြို့တော် ဆင်ခြေဖုံးက တန်ဂါရန် အကျဉ်းထောင်မှာ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့တာပါ။ အဲဒီထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူ အများစုကို ထားရှိပြီး ထောင်ဆံ့တဲ့ ဦးရေထက် မတန်တဆ လူများနေတယ်ဆိုပြီး နာမည်ပျက် ထွက်နေပါတယ်။ LuduNwayOoစက်တင်ဘာ 8, 2021
နိုင်ငံတကာ စည်းမျဉ်းတွေ လိမ်လည်ချိုးဖောက်ပြီး ရောဂါ ကူးစက်စေခဲ့တဲ့ ဗီယက်နမ် အမျိုးသား ထောင် ၅ နှစ်ကျ ကာမောမြို့ တရားရုံးက လီဗန်ထရိုင်ဟာ အန္တရာယ် ကြီးမားတဲ့ ကပ်ရောဂါကို အနည်းဆုံး လူ ၈ ဦးဆီ ကူးစက်စေခဲ့ကြောင်း အတည်ပြု ဆုံးဖြတ်ပြီး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ ထရိုင်ဆီက ရောဂါကူးသွားသူတွေထဲမှာ ၁ ဦးကတော့ သေဆုံးသွားပါတယ်။ LuduNwayOoစက်တင်ဘာ 8, 2021