Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Sinopharmရဲ့ ကာကွယ်ဆေးက ကလေးတွေအတွက် သင့်တော်နိုင်တယ်လို့ သီရိလင်္ကာ ပညာရှင် ယူဆ

သီရိလင်္ကာဟာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပေးပြီးသား ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အသုံးပြုနေတဲ့ ကာကွယ်ဆေး အများစုကို တရုတ်ကနေ မှာယူထားတာလို့လည်း သိရပါတယ်။

Sinopharm ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးဟာ ကလေးငယ်တွေမှာ ထိုးနှံပေးဖို့ အဆင်ပြေ သင့်လျော်နိုင်ကြောင်း သီရိလင်္ကာက ဗိုင်းရပ်စ်ဗေဒ ပညာရှင် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။

ပရော်ဖက်ဆာ တစ်ဆာ ဗီတာရဏက Inactivated Virus နည်းပညာ အသုံးပြုထားတဲ့ ကာကွယ်ဆေးဟာ ကလေးတွေအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး အမျိုးအစား တစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ တရုတ် ကုမ္ပဏီ Sinopharmဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို စနစ်တကျ ဖျက်ဆီးပြီး ကာကွယ်ဆေးအဖြစ် အသုံးပြုတဲ့ နည်းပညာနဲ့ ဒီကာကွယ်ဆေးကို ထုတ်လုပ်ထားတာပါ။

လတ်တလောမှာ Sinopharmရဲ့ဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာပဲ ထိုးနှံပေးနေပေမယ့် သီရိလင်္ကာ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ခ်ဆာကတော့ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ဆယ်ကျော်သက် အရွယ်တွေမှာပါ မကြာခင် ထိုးနှံပေးသွားမယ်လို့ ပြောကြားထားပါတယ်။

သီရိလင်္ကာ ဆေးပညာ အသိုက်အဝန်းမှာ လေးစားခံရသူ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဗီတာရဏက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ကာကွယ်ဆေး ထိုးဖို့ဆိုရင် ကဏ္ဍအလိုက် အစုအဖွဲ့တွေ ခွဲထားပြီး အချက်အလက်တွေ စုဆောင်းယူဖို့ လိုအပ်ကြောင်း ပြောပါတယ်။ သူ့ရဲ့ အမြင်ဟာ သိပ္ပံနည်းကျ လေ့လာမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး Sinopharmက ကလေးတွေအတွက် အသင့်တော်ဆုံး ဆေးတစ်လက် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း လန်ဒန်တက္ကသိုလ် ဘွဲ့ရ တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဗီတာရဏက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာဟာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပေးပြီးသား ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အသုံးပြုနေတဲ့ ကာကွယ်ဆေး အများစုကို တရုတ်ကနေ မှာယူထားတာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

လမ်းပြ ဝေလငါးတွေဟာ အကြီးဆုံး အရွယ်မှာ ၆ မီတာလောက် အရှည်ရှိပြီး ၁ တန်လောက်ထိ လေးလံပါတယ်။ အဲဒီ ပင်လယ်နေ နို့တိုက် သတ္တဝါတွေဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ပြီး တစ်ကောင် သောင်တင်ရင် တအုံတမကြီး ပါလာတတ်ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနှင့်ပြီးသား လေထု အမှုန်အမွှားတွေအပြင် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ မီးခိုးမြူတွေပါ ပေါင်းစည်းသွားရာက အခုလို လေထုညစ်ညမ်းမှုတွေ ဆိုးသထက် ဆိုးသွားတာလို့ သီရိလင်္ကာ အမျိုးသား သုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို တရုတ်က အားကိုးရပါတယ်ဆိုရင် သူ့အတွက် အကြီးအကျယ် သိက္ခာ ကျစေလိမ့်မယ်လို့ ရှီက ခေါင်းမာမာနဲ့ ယူဆထားဆဲလို့လည်း ဟိန်းစ်က မှတ်ချက် ပေးသွားပါတယ်။