Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယတောင်ပိုင်းမှာ နီပါဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားလာမှာ စိုးရိမ်နေရ

နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေ၊ ဝက်တွေ ဆီကနေတဆင့် သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်လာတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ နီပါရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ နီပါဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေမှုတွေကို ထိန်းချုပ်ဖို့ အပူတပြင်း လုပ်ဆောင်နေရကြောင်း သိရပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ နီပါ အဖျားရောဂါဟာ အသက်ဆုံးရှုံးတဲ့ထိ ပြင်းထန်နိုင်ပါတယ်။ အိန္ဒိယမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာချိန်မှာ နောက်ထပ် တစ်ပူပေါ် နှစ်ပူဆင့်ရမယ့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ကြုံလာတာပဲ ဖြစ်ပါတယ်။ အခုတော့ ကီလာရာပြည်နယ်ရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက နီပါကို ကပ်ရောဂါကြီး အဆင့်ထိ မရောက်ခင် တားဆီးဖို့ ကြိုတင် အစီအမံတွေ ချမှတ် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့နောက် အနီးကပ် ထိတွေ့မိသူတွေကို နောက်ကြောင်းရာဇဝင် စုံစမ်းပြီး ဆေးစစ်ခဲ့ပါတယ်။ ဆေးစစ်ထားသူ ၈ ဦးရဲ့ အဖြေက Negative ထွက်ခဲ့ပေမယ့် ကလေးဆီ အဲဒီ ရှားပါး ဗိုင်းရပ်စ် ဘယ်လို ကူးစက်ခဲ့သလဲ ဆိုတာကို အဖြေရှာ မတွေ့သေးဘဲ ဖြစ်နေပါတယ်။

နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေ၊ ဝက်တွေ ဆီကနေတဆင့် သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်လာတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ နီပါရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လူနာတွေက အပြင်းဖျားတာ၊ အကြောဆွဲတာ၊ အော့အန်တာမျိုးတွေ ခံစားရတတ်ပါတယ်။ နီပါရောဂါအတွက် တိကျတဲ့ ကုသနည်းမျိုး မရှိသေးဘဲ လူနာအတွက် အသက်သာဆုံးဖြစ်အောင် ကူညီ စီစဉ်ပေးပြီး ရောဂါလက္ခဏာအလိုက် သက်သာစေမယ့် ဖြည့်စွက် ကုထုံးတွေကိုပဲ ရွေးချယ်ရလေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ရင် သေနိုင်ခြေက ၄၀ ကနေ ၇၅ ရာခိုင်နှုန်းထိ မြင့်မားတာကြောင့် ကိုဗစ်လူနာတွေထက် အသက်အန္တရာယ် အများကြီး ပိုစိုးရိမ်ရပါတယ်။ ဒါပေမဲ့ နီပါရဲ့ ကူးစက်နှုန်းဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်လိုတော့ ကျယ်ပြန့် မြန်ဆန်တာမျိုး မရှိပါဘူး။

ကီရာလာ ပြည်နယ်ဟာ ၂၀၁၈ တုန်းကလည်း နီပါရောဂါ ဖြစ်ပွားမှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပြီး လူပေါင်း ၁၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ကီရာလာဟာ အိန္ဒိယရဲ့ ကိုဗစ်ရောဂါ ကူးစက်နှုန်း အမြင့်ဆုံး ဒေသတွေ စာရင်းမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook