Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြမ်းဖက် ပစ်မှတ် ဖြစ်ခဲ့တဲ့ နေရာတွေကို 9/11 နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်သွားရောက်

WTC အမြွှာမျှော်စင်ကတော့ လုံးဝဥဿုံ ပြိုကျသွားပြီး ပင်တဂွန်မှာလည်း အပျက်အစီးတွေ ရှိခဲ့ပါတယ်။ ဝါရှင်တန်ကို ဦးတည်ခဲ့ပြီး အိမ်ဖြူတော်၊ ဒါမှမဟုတ် လွှတ်တော်ကို ပစ်မှတ် ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ လေယာဉ်ကတော့ လမ်းကြောင်းပြောင်းပြီး ပျက်ကျသွားခဲ့ပါတယ်။

9/11 ဖြစ်ရပ်ဆိုးကြီး နှစ်ပတ်လည်နေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ နေရာ ၃ ခုစလုံးကို သွားရောက်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်တွေကို အနုကြမ်းစီးပြီး ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံ အမြွှာမျှော်စင် (WTC)၊ ပင်တဂွန် စစ်ဌာနချုပ် အစရှိတဲ့ နေရာတွေကို အသေခံ ဝင်တိုက်စေခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုကြောင့် အမေရိကန်မှာ လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့သလို ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှု နောက်ပိုင်း အမေရိကန်မြေမှာ ပထမဆုံး စစ်တိုက်ခံရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ 9/11 ဖြစ်စဉ်အပြီးမှာ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အကူအညီ ပေးနေတဲ့ တာလီဘန်တွေကို အမေရိကန်က စစ်ကြေညာပြီး နှစ် ၂၀ ကြာမြင့်တဲ့ အာဖဂန် နစ္စတန် စစ်ပွဲ စတင်ခဲ့ပါတယ်။

ဘိုင်ဒန် လက်ထက်မှာတော့ အာဖဂန်က အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းပြီး စစ်ဆင်ရေးကို အဆုံးသတ်စေခဲ့ပြီးပါပြီ။ သူဟာ အမေရိကန် သမ္မတ အနေနဲ့ ပထမဆုံး တက်ရောက်တဲ့ 9/11 နှစ်ပတ်လည် အခမ်းအနားမှာ အကြမ်းဖက် ပစ်မှတ် ဖြစ်ခဲ့တဲ့ နေရာ ၃ ခုစလုံးကို သွားရောက်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ် ၄ စီးကို အပိုင်စီးပြီး ပစ်မှတ် ၃ နေရာကို ဦးတည်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

WTC အမြွှာမျှော်စင်ကတော့ လုံးဝဥဿုံ ပြိုကျသွားပြီး ပင်တဂွန်မှာလည်း အပျက်အစီးတွေ ရှိခဲ့ပါတယ်။ ဝါရှင်တန်ကို ဦးတည်ခဲ့ပြီး အိမ်ဖြူတော်၊ ဒါမှမဟုတ် လွှတ်တော်ကို ပစ်မှတ် ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ လေယာဉ်ကတော့ လမ်းကြောင်းပြောင်းပြီး ပျက်ကျသွားခဲ့ပါတယ်။

နယူးယောက်က WTC အမြွှာမျှော်စင် တိုက်ခိုက် ခံခဲ့ရတဲ့ နေရာမှာ ဘိုင်ဒန်ဟာ သမ္မတဟောင်းတွေဖြစ်တဲ့ ဘာရက်ခ် အိုဘားမား၊ ဘီလ်ကလင်တန်တို့နဲ့အတူ တစ်မိနစ်ကြာ ငြိမ်သက်ပြီး ဝမ်းနည်း ကြေကွဲမှုကို ပြသခဲ့ပါတယ်။ ဘိုင်ဒန်ဟာ သူသွားရောက်တဲ့ နေရာတွေမှာ တစ်စုံတရာ မှတ်ချက်ပေးခဲ့တာတော့ မရှိပါဘူး။ 9/11 နှစ်ပတ်လည် အကြို တစ်ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာတော့ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ဆိုရင် အမေရိကန် အနေနဲ့ ပိုမို သွေးစည်းဖို့ လိုအပ်လိမ့်မယ်လို့ ဘိုင်ဒန်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်မလာတာဟာ သူ့ရဲ့ မူဝါဒတွေကြောင့် မဟုတ်ဘဲ အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကြောင့်လို့ ထရမ့်က အမေရိကန် ပြည်သူတစ်ရပ်လုံးဆီ လိပ်မူတဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

နိုင်ငံတကာ

သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ဝင်ရောက် အခြေချခွင့် ရသူတွေကို ပြန်လည် သုံးသပ် စစ်ဆေးဖို့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားထားပါတယ်။