Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လပိုင်းအတွင်း သိသိသာသာ ပိန်သွားတဲ့ ကင်မ်ဂျုံအန်း

လေ့လာသူတွေက ကင်မ်ဟာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀ ဝန်းကျင်လောက်ထိ လျော့ကျခဲ့ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သိသိသာသာ ကိုယ်ရည်စစ်ပြီး ပိန်သွားတဲ့ ပုံစံနဲ့ လူမြင်ကွင်းရှေ့ကို ထွက်ပေါ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ထူထောင်မှု နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နောက်ဆုံးပေါ် စစ်လက်နက်တွေကို ခင်းကျင်းပြီး စစ်ရေးပြ လှည့်လည်လေ့ ရှိတာကြောင့် နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူတွေက ဂရုတစိုက် စောင့်ကြည့်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မြောက်ကိုရီးယားက လက်နက်အသစ်တွေ ထုတ်ပြမလာပါဘူး။ ပြုံယမ်းမှာ ကျင်းပတဲ့ စစ်ရေးပြပွဲ အခမ်းအနားမှာ အများစုရဲ့ အာရုံကလည်း လက်နက်တွေမှာ မဟုတ်ဘဲ ပုံစံသစ် ဖြစ်နေတဲ့ ကင်မ်အပေါ် စုပြုံ ကျရောက်လာပါတယ်။

ကင်မ်ဟာ မြောက်ကိုရီးယား နိုင်ငံ ထူထောင်သူ ဖိုးအေ ကင်မ်အီလ်ဆွန်ရဲ့ ပုံစံအတိုင်း ဆံပင်ညှပ်ထားပြီး မီးခိုးရောင် အနောက်တိုင်း ဝတ်စုံနဲ့ အခမ်းအနား တက်ရောက်လာပါတယ်။ စက်တင်ဘာ ၉ ရက် အခမ်းအနားကို မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက ထုတ်လွှင့် ပြသခဲ့ပါတယ်။

လေ့လာသူတွေက ကင်မ်ဟာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း ကိုယ်အလေးချိန် ကီလိုဂရမ် ၂၀ ဝန်းကျင်လောက်ထိ လျော့ကျခဲ့ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ကင်မ်တစ်ယောက် ပိန်သွားတာဟာ ဝိတ်လျှော့လိုက်လို့လား၊ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့်လား ဆိုတာကို တိတိကျကျ အတည်ပြုဖို့တော့ ခက်ခဲနေဆဲပါ။

Public Service Announcement

Public Service Announcement

မေလတုန်းကလည်း ကင်မ်ဟာ လူမြင်ကွင်းက အတော်ကြာအောင် ပျောက်နေပြီးမှ အရင်ထက် ပိန်သွားတဲ့ အခြေအနေမျိုးနဲ့ ပြန်လည် ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း အသက် ၃၇ နှစ်အရွယ် ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထင်ကြေး ကောလာဟလမျိုးစုံ ထွက်ပေါ်ခဲ့သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။