Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား အကျဉ်းထောင် မီးလောင်မှုကြောင့် လူ ၄၀ ကျော်သေဆုံး

ဂျကာတာမြို့တော် ဆင်ခြေဖုံးက တန်ဂါရန် အကျဉ်းထောင်မှာ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့တာပါ။ အဲဒီထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူ အများစုကို ထားရှိပြီး ထောင်ဆံ့တဲ့ ဦးရေထက် မတန်တဆ လူများနေတယ်ဆိုပြီး နာမည်ပျက် ထွက်နေပါတယ်။

အင်ဒိုနီးရှားမှာ အကျဉ်းထောင်တစ်ခု မီးလောင်ရာက အကျဉ်းသား ၄၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ဂျကာတာမြို့တော် ဆင်ခြေဖုံးက တန်ဂါရန် အကျဉ်းထောင်မှာ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့တာပါ။ အဲဒီထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူ အများစုကို ထားရှိပြီး ထောင်ဆံ့တဲ့ ဦးရေထက် မတန်တဆ လူများနေတယ်ဆိုပြီး နာမည်ပျက် ထွက်နေပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ အကျဉ်းတိုက် အဆောက်အအုံမှာ လူ ၄၀ အတွက်သာ အခန်းတွေ ဖွဲ့စည်းထားပေမယ့် လူပေါင်း ၁၂၀ ကျော် ရှိနေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ ၄၁ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီး ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။ ဒဏ်ရာပြင်းသူ တချို့ကတော့ ဆေးရုံက အထူးကြပ်မတ်ဆောင်မှာ အသည်းအသန် လူနာအဖြစ် တက်ရောက်နေရပါတယ်။

ဝါယာရှော့ကနေ မီးစလောင်တယ်လို့ ယူဆရပေမယ့် မီးလောင်မှု အကြောင်းရင်းကို စုံစမ်းနေဆဲလို့ ဂျကာတာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထောင်ထဲမှာ အကျဉ်းသား ၂၀၀၀ လောက် ထားရှိပေမယ့် အခင်းဖြစ်ချိန်က အကျဉ်းထောင် ဝန်ထမ်း ၁၅ ဦးသာ ရှိနေခဲ့ပါတယ်။ အဲဒီထောင်ဟာ အကျဉ်းသား ၆၀၀ လောက် ဝင်ဆံ့ဖို့ အတွက်သာ ရည်ရွယ် တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။