Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စည်းမျဉ်းတွေ လိမ်လည်ချိုးဖောက်ပြီး ရောဂါ ကူးစက်စေခဲ့တဲ့ ဗီယက်နမ် အမျိုးသား ထောင် ၅ နှစ်ကျ

ကာမောမြို့ တရားရုံးက လီဗန်ထရိုင်ဟာ အန္တရာယ် ကြီးမားတဲ့ ကပ်ရောဂါကို အနည်းဆုံး လူ ၈ ဦးဆီ ကူးစက်စေခဲ့ကြောင်း အတည်ပြု ဆုံးဖြတ်ပြီး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ ထရိုင်ဆီက ရောဂါကူးသွားသူတွေထဲမှာ ၁ ဦးကတော့ သေဆုံးသွားပါတယ်။

ကန့်သတ် စည်းမျဉ်းတွေ ချိုးဖောက်ပြီး တခြားသူတွေဆီ Covidရောဂါ ကူးစက်စေခဲ့တဲ့ အမျိုးသား တစ်ဦးကို ဗီယက်နမ် တရားရုံးက ထောင် ၅ နှစ် ချမှတ်လိုက်ပါတယ်။

ကာမောမြို့ တရားရုံးက လီဗန်ထရိုင်ဟာ အန္တရာယ် ကြီးမားတဲ့ ကပ်ရောဂါကို အနည်းဆုံး လူ ၈ ဦးဆီ ကူးစက်စေခဲ့ကြောင်း အတည်ပြု ဆုံးဖြတ်ပြီး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ ထရိုင်ဆီက ရောဂါကူးသွားသူတွေထဲမှာ ၁ ဦးကတော့ သေဆုံးသွားပါတယ်။

အသက် ၂၈ နှစ်အရွယ် ထရိုင်ဟာ ဇူလိုင်လတုန်းက ဟိုချီမင်း စီးတီးကနေ သူ့ရဲ့ မွေးရပ်ဒေသဖြစ်တဲ့ ကာမောပြည်နယ်ကို မော်တော်ဆိုင်ကယ်နဲ့ ပြန်သွားခဲ့ပါတယ်။ ပြည်နယ်မြို့တော် ကာမောကို ပြန်ရောက်ချိန်မှာ ထရိုင်က အာဏာပိုင်တွေ စစ်ဆေးတဲ့ ခရီးသွား ရာဇဝင် မှတ်တမ်းကို လိမ်လည်ပြီး ရေးဖြည့်ခဲ့သလို Quarantineလည်း မဝင်ခဲ့ပါဘူး။ ကာမောမြို့ကနေတဆင့် ပြည်နယ်ထဲက တခြားမြို့တွေကိုပါ သွားရောက် လည်ပတ်ခဲ့ပြန်ပါတယ်။

အဲဒီအချိန်က ကာမောမှာ ခရီးဝေးက လာရောက်သူတိုင်း ၂၁ ရက် မဖြစ်မနေ Quarantine ဝင်ရမယ်ဆိုတဲ့ စည်းမျဉ်း သတ်မှတ်ထားပါတယ်။ နောက်ပိုင်း ပြန်စစ်ဆေးမှ ထရိုင်ရဲ့ လိမ်လည်မှုတွေ ပေါ်ပေါက်လာပြီး သူ့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တစ်ရက်ပဲ စစ်ဆေးပြီး တရားသူကြီးက ပြစ်ဒဏ် တန်းချလိုက်တာပါ။ ထရိုင်ဟာ ဒေါ်လာ ၆၃၀ လောက်နဲ့ ညီမျှတဲ့ ဒဏ်ကြေးကိုလည်း ပေးဆောင်ရဦးမှာပါ။

Public Service Announcement

Public Service Announcement

ဗီယက်နမ်ဟာ Covidရောဂါ ပျံ့နှံ့ ကူးစက်မှုတွေကို အတော်လေး နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် မကြာသေးခင် လပိုင်းတွေအတွင်း ကူးစက်နှုန်း တဟုန်ထိုး မြင့်တက်လာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ဗီယက်နမ်မှာ Covidလူနာပေါင်း ၅၃၀၀၀ ကျော်တွေ့ရှိထားပြီး အများစုက ဟိုချီမင်း စီးတီးက ဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးသူ ဦးရေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၁၃၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။