Connect with us

Hi, what are you looking for?

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

၂၀၂၁ မတ်လ ၃ ရက်​​နေ့က မုံရွာမြို့ ၊ဘုရာနီလမ်းဆန္ဒပြပွဲမှာ စစ်​ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု​ကြောင့်ကဗျာဆရာ​ကေဇဝင်းအပါအဝင် ဆန္ဒပြပြည်သူ၉ ဦး ကျဆုံးခဲ့ပါတယ်။ကဗျာ ဆရာ ကေဇဝင်း ကျဆုံးမှု ၄ နှစ်ပြည့် နှစ်ပတ်လည်​နေ့မှာ သူမကျဆုံးမီ တစ်​ပါတ်​ကျော်က​ရေးဖွဲ့ခဲ့တဲ့ ခေါင်းခွံများအကြောင်း" ကဗျာကို​ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်

ကဗျာ

ဂနိုက် တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့ မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ် မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။ ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား မင်းတို့သေရဲလားလို့မေးပြီးပြီ ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ် မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက် ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး ဒုန်းစိုင်းလာနေပြီ ဒီလမ်းတွေလွန်ရင် ပန်းတွေပွင့်တော့မှာ...

Short Story

ညိမ်းအေး သိပ်ကို ခမ်းနားလွန်းတဲ့ ရေစက် သိပ်ကို ခါးသီးလွန်းတဲ့ ရေစက် အစားထိုးစရာမရှိ ကျိုးပဲ့ကြေမွ ပျက်စီးသွားတဲ့ ဘဝတွေ ဟိုး လမ်းကွေ့ထောင့်ချိုး သေးသေးလေးထဲကနေ မထင်မှတ်ဘဲ ရုတ်တရက် ဘွားခနဲပေါ်လာ။ နာကျင်လွန်းပေမယ့် တပ်တပ်မက်မက် တကူးတက ဖန်တီးယူရတဲ့ ချိုမြိန်ခါးသက် အကျည်းတန် လှပလွန်းတဲ့...

ကဗျာ

အာကာဘုန်းဝေ ၁ ။ လက်နက်တွေထမ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ ကမ္ဘာကြီးက ထထရယ်ပါတယ် ။ ၂ ။ ကမ္ဘာကြီး မငြိမ်းချမ်းတော့တဲ့အခါ ခင်ဗျားခံစားနေရတဲ့ အပူက ကျနော့်ကို လာလာဟပ်တယ် ။ ၃ ။ ကမ္ဘာပေါ်က ဒုက္ခစစ်စစ်တွေကို လူသားစစ်စစ်တွေကသာ သိမြင်ခံစားနိုင်လိမ့်မယ် ။...

Short Story

နှစ်ထောင့်နှစ်ဆယ့်လေး ဒီဇင်ဘာညတညမှာ တိတ်ဆိတ်နေတဲ့အိမ်တအိမ်ရဲ့ ပြတင်းပေါက်တခုကနေ တိုးထွက် လာတဲ့ မှိန်ပျပျ ဖယောင်းတိုင်မီးတခုဟာ သူ့ရှေ့မှာထိုင်နေတဲ့ ကလေးတယောက်ရဲ့မျက်နှာကို ပီပီပြင်ပြင်မတွေ့ရ။

ကဗျာ

ဒီမြို့မှာ လူဆယ်သန်းနေသတဲ့ တချို့ အိမ်ကြီးအိမ်ကောင်းနဲ့ တချို့ အိမ်မည်ကာမတ္တ ဒါပေမဲ့ အိမ်သူရေ တို့မှာတော့ ကျောတနေရာစာမရှိ၊ အိမ်မရှိယာမရှိ ခိုလှုံရာနတ္ထိ။

Short Story

ပြီးခဲ့တဲ့ နှစ်မကုန်ခင်လောက်က ခရီးတခုထွက်ခဲ့တယ်။ ကျနော်တို့အဖွဲ့ငယ်လေး ဌာနချုပ်ကနေ ထွက်လာတာပေါ့။ ကားနဲ့သွားကြတဲ့သူတွေက သွားကြ။ ကျနော်ကတော့ ကားမူးလွန်းလို့ ဆိုင်ကယ်နဲ့ပဲ။ ခရီးစထွက်တဲ့ ရက် နေ့လယ်မှာပဲ ကားပျက်တယ်။ ကားပျက်တဲ့နေရာကလည်း ဌာနချုပ်ကနေတွက်ရင် မထွက်သေးဘူး။ ဖြစ်ချင် တော့ အဲဒီနေ့က Sunday။ ကားပျက်တဲ့နားကရှိတဲ့ ဆိုင်သေးသေးလေးကလည်း...

ကဗျာ

ကိုယ်ဟာ နှင်းဆီရေမွှေးရဲ့ အမှောင်ဘက်အခြမ်းက မှန်ထဲမှာ နှစ်ချို့ဝိုင်သောက်ရင်း သေသူတွေနဲ့ စကားစမြည်ပြောနေခဲ့ သူတို့ဆီက စကားလုံးတွေအစား သူတို့ပါးစပ်တွေ ဟလိုက်တာနဲ့

ရသစာတမ်းငယ်

"ဟေ့ ကျွတ်စ် ကျွတ်စ် ညီလေး ပြောင်းဖူးပြုတ်၊မြေပဲပြုတ် ယူဦးမလား'' "ဟေ့လူ ဘယ်မှလဲမစားဘူး ကျွတ်စ် ကျွတ်စ်လဲ ခေါ်စရာ စောက်ကြောင်းမရှိဘူး စောက်ရေးမပါတာ'' ကျ​နော်ရပ်နေတဲ့ရှေ့ကိုရောက်လာတဲ့ ဆိုင်ကယ်မှာစျေးခုံတွဲထားတဲ့ အော်လံနဲ့ဘဲတဗွေကိုဘုတောတောပစ်လိုက်တယ် ။ဘယ်စောက်ရူးကစလိုက်သလဲတော့မသိဘူး စားသုံးသူကို ကျွတ်စ် ကျွတ်စ် ခေါ်ရမယ်လို့ ။

Facebook