Connect with us

Hi, what are you looking for?

Fact-Check

လက်ခတ်တောင်ကို ပြန်သိမ်းနိုင်ပြီဆိုတဲ့သတင်းမှား

ကရင်ပြည်နယ် ၊မြဝတီမြို့ နယ်ထဲက စစ်ရေးအရ အရေးပါတဲ့ လက်ခတ်တောင် စခန်းကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်နိုင်ပြီဆိုတဲ့သတင်းမှားတွေလူမှုကွန်ရက်မှာဖြန့်ဝေတာရှိနေပါတယ်။

လက်ခတ်တောင်စခန်းကို အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှူးကွပ်ကဲမှုနဲ့အတူ သြဂုတ်လ ၂၃ ရက် မနက် ၅ နာရီဝန်းကျင်မှာပြန်သိမ်းလိုက်တာလို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ် (Telegram)အချို့မှာ ဖြန့်နေကြတာပါ။

အဲဒီသတင်းမှားကို Ko Chit အမည်နဲ့ တယ်လီဂရမ် ချန်နယ်မှာ သြဂုတ်လ ၂၃ ရက် နေ့ခင်းပိုင်း ၁၂ နာရီ ၃၁ မိနစ်က စတင်ဖြန့်ဝေပါတယ်။ ဖြန့်ဝေမှုကို ကြည့်ရှုသူ ၉၅၃၁ ဦးထိရှိနေပါပြီ။

သတင်းမှားဖြန့်ထားတဲ့ တယ်လီဂရမ်လင့်ခ် (https://t.me/ckkmdy969/12742)

Public Service Announcement

Public Service Announcement

တပ်မ ၄၄ ဟာ မွန်ပြည်နယ်၊ကျိုက်ထိုမြို့မှာအခြေစိုက်ပြီး လက်အောက်ခံတပ်ရင်း၊တပ်ဖွဲ့တွေကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုပြုလုပ်တာပါ။

ဒါပေမယ့်တပ်မ ၄၄ တပ်မမှူး ကွပ်ကဲတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ လက်ခတ်တောင်ကို ပြန်သိမ်းယူလိုက်ပြီဆိုတဲ့သတင်းကတော့ မှားယွင်းနေတာကိုစစ်ဆေးတွေ့ရပါတယ်။

အဲဒီသတင်းမှားထွက်လာပြီး ၂ရက်အကြာ သြဂုတ်လ ၂၅ ရက်မှာ KNU တပ်မဟာ ၆ လက်အောက်ခံ Cobra စစ်ကြောင်းမှူးဗိုလ်ဒါဘောကိုယ်တိုင် လက်ခတ်တောင်စစ်ရေးအခြေအနေကို ရှင်းပြထားတဲ့ ၄ မိနစ်နီးပါးကြာတဲ့ရုပ်သံဖိုင်ကို Cobra စစ်ကြောင်းရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ တင်လာပါတယ်။

ဗိုလ်ဒါဘောရဲ့ ရုပ်သံဖိုင်ကို အခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/TheCobraColumn/videos/552418766982570 )

စစ်ကောင်စီတပ်တွေဟာ လက်ခတ်တောင်စခန်းကိုလက်လွှတ်လိုက်ရပြီးနောက် ပြန်ရဖို့အတွက် အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာ တစ်လပြည့်ပြီလို့ ဗိုလ်ဒါဘောက ရုပ်သံဖိုင်ကတဆင့် အသိပေးထားပါတယ်။

အဲဒီကာလအတွင်းတိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားထားပေမယ့် စစ်ကောင်စီတပ်တွေဟာ တောင်ခြေထိတောင် မကပ်နိုင်ဘူးလို့ ဗိုလ်ဒါဘောက လက်ခတ်တောင်ရဲ့ စစ်ရေးအခြေအနေကို ရုပ်သံဖိုင်ထဲမှာရှင်းပြထားပါတယ်။

လက်ခတ်တောင်ကြောကို KNU ၊ PDF အင်အားစုတွေက စိုးမိုးထားဆဲဖြစ်တယ်လို့ ကျားသစ်နက် စစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ရဲဘော်ညီစေက သြဂုတ်လ ၃၀ ရက် နေ့ခင်းပိုင်းမှာ အတည်ပြုပါတယ်။

ကျားသစ်နက်စစ်ကြောင်းဟာ လက်ခတ်တောင်ကို ဝင်ရောက်တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။

လက်ခတ်တောင်စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ထံကနေ ဇူလိုင် ၂၁ ရက် မှာ တိုက်ခိုက်သိမ်းယူထားတာပါ။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...