Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်

ဘယ်အချိန် အဲဒီလိုဖြစ်လာမလဲလို့တော့ မသိပါဘူး။ မြန်မာနိုင်ငံတဝှမ်းက အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေးလူထုအုံကြွတိုက်ပွဲအောင်မြင်ဖို့တော့ ကျုပ်တို့ ဆုတောင်းရပါမယ်။ မြန်မာပြည်သူတွေဟာ ဒီအောင်ပွဲနဲ့ အမှန်တကယ် ထိုက်တန်သူတွေပါ။

—အီဂေါဗလာဇီဗစ်

ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတဝှမ်းလုံး ပြည်သူ့ခုခံစစ်စတင် ဆင်နွဲကြောင်းကြေငြာလိုက်ပါတယ်။ တနိုင်ငံလုံးက ပြည်သူတွေ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်တွန်းလှန်ကြဖို့ NUG ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလက ဆော်ဩခဲ့ပါတယ်။ နိုင်ငံမှာ နှစ် ၆၀ကျော်လွှမ်းမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းဖို့ ဆင့်ခေါ်ချက်လည်းဖြစ်ပါတယ်။

ကြေငြာချက်ထဲမှာ မဟာဗျူဟာတွေလည်း ဖေါ်ပြထားပါတယ်။ အဲဒီအထဲမှာ မြေအောက် PDF လှုပ်ရှားမှုတွေလုပ်ဖို့၊ နိုင်ငံတဝှမ်းမှာ ခုခံရေး အင်အားစုတွေပေါ်လာဖို့၊ စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ EAO ဒေသတွေက အဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့တွေ ပါဝင်ပါတယ်။ ဝန်ထမ်းတွေ အလုပ်မဆင်းဖို့နဲ့ စစ်သားတွေ ဘက်ပြောင်းကြဖို့ လည်းပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရပေမဲ့ ပထမအကြိမ်ပါလီမန် ခေါ်ခွင့်မရခဲ့တဲ့လွတ်တော်အမတ်အများစုပါဝင်ပါတယ်။ ကျယ်ပြန့်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်တွေလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

လာမဲ့ နှစ်ပတ်သုံးပတ်အတွင်း မြန်မာပြည်ဘယ်ပုံဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပါဘူး။ စစ်တပ်အပေါ် ပိုပြီးဖိအားပေးလာနိုင်တယ် ဆိုရင်တောင်မှ နေ့ချင်းညချင်း စစ်တပ်ပြိုကွဲဖို့ မျှော်လင့်လို့ မရနိုင်ပါဘူး။ သို့သော်လည်းစစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး အားနည်းချက်တွေ အပေါ် ဖိအားပိုများလာအောင် လုပ်လို့ရပါတယ်။ PDF တွေရဲ့ မမျှော်လင့်တဲ့ တိုက်ခိုက်မှုတွေပိုများလာမယ်၊ နောက်ထက် EAO အဖွဲ့နည်းနည်းကဖြစ်ဖြစ် စတိုက်လာမယ်ဆိုရင် ဖြန့်ကျက်ထားတဲ့ တပ်စခန်းတွေ အပေါ်မှာ ဖိအားပိုလာပါလိမ့်မယ်။ ဘယ်ကတိုက်လာမယ်မှန်းမသိပဲ စစ်သားတွေပူပန်ရှုပ်ထွေးကုန်ကြပါလိမ့်မယ်။ အပြကောင်းတဲ့ အောင်ပွဲလေး နည်းနည်းဖြစ်ဖြစ်က စစ်ဆန့်ကျင်ရေး အင်အားစုကို အများကြီးခွန်အားဖြစ်စေပါလိမ့်မယ်။ စစ်တပ်ဘက်ကိုတော့ စိတ်ပျက်ပြား လာစေပါလိမ့်မယ်။

မြန်မာစစ်တပ်ဟာ ပြင်ပလူအများစု ယုံကြည်ထားတာထက် အများကြီးပိုပြီး အားနည်းတဲ့၊ ထိခိုက်လွယ်တဲ့အနေအထားမှာ ရှိနေပါတယ်။ စစ်တပ်ဟာ ပြည်သူ့ထောက်ခံမှုလုံးဝမရပါဘူး။ ကြောက်စိတ်နဲ့ ထိတ်လန့်ဝပ်တွားပြီး ထောက်ခံတာမျိုးကိုတောင် မရပါဘူး။

လချီတဲ့ လူထုဆန္ဒပြပွဲတွေ၊ ရှည်ကြာတဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေဟာ လူထုအများစုထဲက အကြောက်တရားသံကြိုးကို ဖျက်ချိုးလိုက်ပါပြီ။ အကြောက်တရားကနေ လွတ်မြောက်ဖို့ လူထုဟာ တန်းဖိုးကြီးကြီး ပေးဆပ်ခဲ့ရပါတယ်။ အလှပဆုံး အတောက်ပဆုံး လူငယ်တွေ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရတာတွေကို ပြည်သူတွေကြံ့ကြံ့ခံခဲ့ရပါတယ်။ ကျဆုံးရသူတွေထဲမှာ လေးစားခံရတဲ့ ကဗျာဆရာ၊ အနုပညာရှင်တွေ၊ အလေးထားခံရတဲ့ လူမှုကူညီရေးသမားတွေ၊ ဆရာဝန်လို ကျောင်းဆရာလို ဝန်ထမ်းလို ရိုးဂုဏ်အကြီးဆုံး ကျွမ်းကျင်သူတွေပါဝင်ပါတယ်။ နာကျင်ကြေကွဲစရာတွေကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံခဲ့ကြပါတယ်။ ကျဆုံးသွားသူတွေကို နတ်တမန် လမ်းပြကြယ်တွေလို သဘောထားပြီး ခွန်အားယူခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတဲ့ ခေါင်းဆောင်ပြည်သူ လူ ၇၀၀၀ လောက်ကို ကိုဗစ်ပြန့်နေတဲ့ အကျဉ်းထောင်ထဲ ဖိသိပ်ထည့်ထားတာ ခံနေရတဲ့အခြေအနေမှာ မြန်မာပြည်သူတွေဟာ သတ္တိ၊ သီလနဲ့ စိတ်ဓါတ်အင်အားရအောင်ရှာပြီးရပ်တည်ခဲ့ကြရတာပါ။ သူတို့ဟာ သတ္တိနဲ့ သီလ ကျိုးပြတ်မသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ လအတော်ကြာလာတဲ့ အချိန်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လုပ်လာကြရပါတယ်။ တချိန်ထဲမှာ အကြမ်းမဖက်စုဝေးဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။ ပြည်သူအတော်များများကတော့ သတ္တိနဲ့မှ သွားလို့ရမဲ့ လမ်းကို ဆုံးဖြတ်ရွေးချယ်ခဲ့ကြပါတယ်။ ကိုယ့်အသက်ထက် လွတ်လပ်မှုက ပိုအရေးကြီးတယ်လို့ သူတို့တွေ ဆုံးဖြတ်ရွေးချယ်ခဲ့ကြတာပါ။
ဒါ့ကြောင့်ပဲ ရက်ရက်စက်စက် နှိပ်ကွတ်လိုက်ရင် ပြည်သူ့အုံကြွမှုတွေ ချုပ်ငြိမ်းလေ့ရှိတယ်ဆိုတဲ့ ပုံမှန်အမြင်ကမြန်မာပြည်အတွက် မမှန်တာဖြစ်ပါတယ်။ ကိုယ်ကျိုးရှာ အမြတ်ထုတ် ဖိနှိပ်တဲ့ စစ်တပ်အောက်မှာ နှစ် ၆၀ လောက်နေခဲ့ရတဲ့ အတွေ့အကြုံက နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းစွဲထင်နေပါတယ်။ ပြည်သူတွေအတွက်က စစ်တပ်အုပ်ချုပ်ရေးဆိုရင် တော်ပါပြီ နောက်ထပ် ၁၀နှစ် နှစ်၂၀ သူတို့လက်အောက်မှာ မနေနိုင်ဘူးရယ်လို့ ပြတ်သားနိုင်ကြပါတယ်။ မြန်မာပြည်မှာ အကြွင်းမဲ့ပေးဆပ်မှု လုပ်ဖို့ ဆုံးဖြတ်ထားသူအရေအတွက်က နည်းနည်းလေး မဟုတ်ဘူးလို့ပြောနိုင်ပါတယ်။

စစ်တပ်ဟာ ကြောက်အောင်လုပ်ပြီး အုပ်ချုပ်လို့ မရယုံတင်မက သူ့ရဲ့ စိတ်ဓါတ်ရေးရာကလည်း နက်နက်ရှိုင်းရှိုင်းတိုက်စားခံနေရပါတယ်။ မကြာခင်က စစ်တပ်ကနေ ဘက်ပြောင်းလာသူတွေရဲ့ အဆိုအရ စစ်သားအတော်များများအထူးသဖြင့် အလယ်လွှာက စစ်သားတွေဟာ အထက်အရာရှိတွေကို သိပ်ထောက်ခံကြတော့တာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့အများစုကတော့ ကြောက်စိတ်နဲ့ နာခံနေကြတုန်းပါ။ သူတို့တွေဆီမှာ စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုတော့ ဖြစ်မလာသေးပါဘူး။ ဒါပေမဲ့ အခြေခံအဆောက်အအုံလမ်းတံတား မကောင်းတဲ့ နိုင်ငံအကျယ်အပြန့်ကြီးထဲမှာ အဘက်ဘက်က ဖိအားပေးခံလာရမယ်။ နေရာတိုင်းကိုလည်း စစ်သားတွေ ဖြန့်ခွဲနေရာယူနေရမယ်ဆိုရင် ထွက်ပေါက်သာရှိ စစ်တပ်ဟာ အက်ကွဲပြိုပျက်စရာရှိပါတယ်။

ဘယ်အချိန် အဲဒီလိုဖြစ်လာမလဲလို့တော့ မသိပါဘူး။ မြန်မာနိုင်ငံတဝှမ်းက အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေးလူထုအုံကြွတိုက်ပွဲအောင်မြင်ဖို့တော့ ကျုပ်တို့ ဆုတောင်းရပါမယ်။

မြန်မာပြည်သူတွေဟာ ဒီအောင်ပွဲနဲ့ အမှန်တကယ် ထိုက်တန်သူတွေပါ။

မြန်မာပြည်သူတွေရဲ့ဒုက္ခကို အိမ်နီးချင်း အာရှနိုင်ငံတွေက မျက်နှာလွှဲသွားကြတယ်။ အိမ်နီးချင်းနိုင်ငံတွေကမ်းလှမ်းလာတာက ရက်စက်အားကြီးတဲ့ စစ်တပ်အောက်မှာ လက်လျော့နေလိုက်ကြပါ၊ စွန်လွတ်အနစ်နာခံခဲ့တဲ့သတ္တိခဲ လူငယ်တွေကို သစ္စာဖေါက်လိုက်ကြပါ၊ ထောင်ထဲက ရိုသေလေးစားစရာ လူတွေ ပျောက်ကွယ် သေဆုံးကုန်လည်း ထားလိုက်ကြပါ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာတွေကိုလည်း မေ့လိုက်ကြပါ၊ အဲဒါတွေအစား မဖြစ်စလောက် လူသားချင်းစာနာမှု အထောက်အကူလေးကို လက်ခံလိုက်ကြပါ ဆိုတာမျိုးပါပဲ။

မြန်မာပြည်သူတွေ ထပ်တလဲလဲ တောင်းပန်ခဲ့ကြပေမဲ့ အနောက်နိုင်ငံတွေဆီကနေ ပြန်ရသမျှကလည်း အပြောနဲ့အလုပ်မညီတာ၊ အနှစ်မပါတဲ့ စကားအလှတွေပြောတာ၊ အကန့်အသတ်နဲ့ သဘောလောက် ပိတ်ဆို့အရေးယူမှု လုပ်တာတွေလောက်ပါပဲ။

အခုတော့ အာဏာရှင်ဆန့်ကျင်ရေး ခေါင်းဆောင်တွေက ပြည်သူတွေ ကိုယ့်အင်အားကို ယုံကြည်ဖို့၊ သံဒိဌာန်ခိုင်မာပြတ်သားကြဖို့ ဆင့်ခေါ်နေပါပြီ။ မြန်မာပြည်သာ အောင်မြင်ခဲ့ရင် လှပကြွယ်ဝတဲ့ နိုင်ငံတခု ပြန်ဖြစ်လာမှာပါ။သားရဲတိရစ္ဆာန် စစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ စိုးမိုးမှုဆီကနေ ထာဝရ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

(အီဂေါ ဘလာဇီဗစ် –
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Igor Blazevic ဟာ Educational Initiatives ရဲ့ ဥဦးဆောင်ဆရာတဦး ဖြစ်ခဲ့ပြီး Comparative experiences of successful and failed transitions to Democracy “ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အောင်မြင်ခဲ့ခြင်းနှင့် ကျဆုံးခဲ့ခြင်း အတွေ့အကြုံများ“ သင်တန်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။

လက်ရှိမှာ ချက်နိုင်ငံ Prague Civil Society Centre နဲ့ အရှေ့ဥရောပ၊ ကော့ကေးဆပ်ဒေသနဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေက အရပ်ဘက်လူထုကို ပံ့ပိုးအားပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေပါတယ်။ Igor Blazevic ဟာ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေးနဲ့လူ့သိက္ခာ ရုပ်ရှင်ပွဲတော်” လုပ်ရာမှာ အဓိကပူးပေါင်းပံ့ပိုးတဲ့ “One World Human Rights Film Festival” ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။