Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နေခြည်မှာရွှေရည်လောင်းတဲ့ငါတို့စာသင်ကျောင်းရဲ့ ပဲ့ကိုင်ရှင်

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို နော်ဖရိုင်းဒေးလို့ခေါ်တဲ့ ခန္ဓာပိန်ပိန်ပါးပါးနဲ့ အသားခပ်ဖြူဖြူ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အနော်က အခုချိန်မှာ အေးဆေးထိုင် ပြောပြနေတာပါ။

(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)
(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)

လက်သွေး/People’s spring

ခုရက်ပိုင်း အနော်အိပ်လို့မရ။ အိပ်လိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေက ရောက်ရောက်လာကြတယ်။ သူတို့က အနော့် ကို လှောင်ပြောင်နေကြသလို ခံစားနေရတယ်။ သူတို့အနားကိုလည်း အနော်သွားလို့မရဘူး။ သူတို့အချင်းချင်း ပြုံးပျော်နေကြပေမယ့် အနော်ရောက်သွားရင် အဖက်မတန်သလို ဆက်ဆံကြတယ်။

“ သူတို့တွေက တချို့ဆိုရင် ကိုယ့်ခေါင်းလေးကိုယ် ပိုက်ထားတယ်။ တချို့တွေဆိုရင် ခြေတွေလက်တွေမရှိဘူး။ တချို့တွေ ဆိုရင် ခန္ဓာကိုယ်ထက်ပိုင်းပြတ်တွေ။”

သူတို့က အနော်နေတဲ့အခန်းထဲမှာ လူးလာခေါက်တုံ့သွားလာနေကြတယ်။ အချင်းချင်းလည်း စလိုက်နောက်လိုက်နဲ့။ အနော် က သူတို့အနားမှာ မရှိနေသလို အနော့်ခန္ဓာကိုယ်ထဲကနေ ဖြတ်သန်းသွားလာနေကြတာ။ သူတို့ဆီသွားပြီး စကားပြောဖို့ ကြိုး စားရင်လည်း သူတို့ပြောတာက …

Public Service Announcement

Public Service Announcement

‘ငါတို့ဆီနင်လာလို့မရဘူး။’

‘နင်နဲ့ ငါနဲ့ဘ၀မတူတော့ဘူး။’

အဲဒီလိုစကားတွေ ပြောကြတယ်။

“ အရမ်းကို တာဝန်ကျေသွားပြီဆိုတဲ့မျက်နှာတွေ၊ သူတို့ ပြုံးပျော်နေကြတယ်။ အချင်းချင်းတွန်းထိုးပြီးတော့ စနောက်နေကြတယ်။ ဒါပေမဲ့ အနော်ကတော့ သူတို့ထဲမှာ အရာမဝင်တဲ့ပုံစံမျိုးပေါ့။ ပြောရမယ်ဆိုရင် သူတို့ရဲ့ပါးစပ်က ထုတ်မပြောသော် လည်းဘဲ နင်တာဝန်မကျေသေးဘူး၊ ငါတို့က တာဝန်ကျေသွားပြီ၊ နင်နဲ့ငါတို့နဲ့ဘ၀မတူတော့ဘူး၊ အဆင့်အတန်းခြင်းမတူဘူး ဆိုပြီး ပြောနေသလိုပဲ ခံစားရတယ်။”

ထပ်ဆိုးလာတော့ အနော်အိပ်နေချိန်တင်မကတော့ဘူး။ နိုးနေရင်လည်း ရဲဘော်တွေကို မြင်နေရတော့တယ်။ အနော်လည်း စိတ်ဓါတ်တွေကျလာတယ်။ သူတစ်ယောက်တည်း ကျန်ခဲ့ပြီး သူ့ရဲဘော်တွေ ကျဆုံးသွားခဲ့တာက သူ့ကိုယ်သူ တာဝန်မကျေ သလိုခံစားလာရတယ်။ ဒါကြောင့် သူ့ရဲဘော်တွေနောက်ကို လိုက်ဖို့အထိ ကြိုးစားခဲ့သေးတယ်။

(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)
(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)

“အနော့်ကို တစ်ယောက်တည်းထားခဲ့တယ်လို့ ခံစားရတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် သုံးလဆက်တိုက် အိပ်လို့မပျော်တော့ ဘူး။ ဘာမှလည်း မစားဖြစ်တော့ဘူး။” လို့အနော်က သူခံစားခဲ့ရတာတွေ ပြန်ပြောပြတယ်။

အဲဒီအချိန်တုန်းက အနော်က တော်လှန်ရေးမှာ မြို့ပြ UG အဖွဲ့တစ်ခုမှာ ပါဝင်နေတာ။ ၂၀၂၁ နှစ်ကုန်လောက်မှာ ကရင် ပြည်နယ်က လေးကေ့ကော်မြို့သစ်ကို တာဝန်တစ်ခုနဲ့အနော်ထွက်လာရတယ်။ လေးကေ့ကော်မှာ တစ်နှစ်လောက်နေပြီး တိုက်ပွဲဖြစ်လာတော့ ထိုင်းမြန်မာနယ်စပ်ဒေသတစ်ခုကို ထပ်ရောက်လာခဲ့ရတယ်။

အဲ့ဒီနှစ်မှာပဲ မြို့ပြမှာကျန်ခဲ့တဲ့ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရတယ်။ စစ်​ကောင်စီတပ်ရဲ့ ရက်စက်စွာသတ်ဖြတ်မှု​ကြောင့် ကျဆုံးခဲ့ကြတယ်။ သူ့တာဝန်ထဲ ရဲဘော်တွေရဲ့မှတ်တမ်းတွေ ထိန်းသိမ်းရတာလည်းပါတယ်။ ဒီတော့ ကျဆုံးရဲဘော်တွေအကြောင်း ဓါတ်ပုံတွေ တွေ့ရပြီး စိတ်ထိခိုက်ရတယ်။ ကျဆုံးသွားတဲ့ရဲဘော်ရဲဘက်တွေအတွက် ယူကြုံးမရဖြစ်ရသလို သူကိုယ်တိုင်လည်း တာဝန် မကျေသလို ခံစားခဲ့ရတာပါ။

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို နော်ဖရိုင်းဒေးလို့ခေါ်တဲ့ ခန္ဓာပိန်ပိန်ပါးပါးနဲ့ အသားခပ်ဖြူဖြူ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အနော်က အခုချိန်မှာ အေးဆေးထိုင် ပြောပြနေတာပါ။

(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)
(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)

ဒီလိုထိုင်ပြောပြနိုင်ဖို့လည်း သူက အများကြီးကျော်ဖြတ်ခဲ့ရတယ်။ အဲ့ဒီထဲမှာ သူ့ကိုယ်သူပြန်ရှာတွေ့နိုင်ခဲ့တဲ့ အလုပ်တစ်ခု ကြောင့်လည်း အခုထိရပ်တည်နိုင်တာ။ အဲဒါက ‘ငါတို့စာသင်ကျောင်း’ ဆိုတဲ့ ကျောင်းတစ်ခုတည်ထောင်ကာ မြန်မာရွှေ့ ပြောင်းလုပ်သားနဲ့ စစ်ဘေးရှောင်တွေရဲ့ ကလေးငယ်တွေကို စာသင်ပေးနေတာပါ။

“သူတို့တွေနဲ့မတွေ့ခဲ့ရင် အနော်ကသေလူပဲ။ အနော်သေသွားခဲ့ပြီ။ သူတို့တွေကြောင့် အနော်အသက်ရှင်နေရာတာ အဓိပ္ပါယ်ရှိ တယ်။ သူတို့တွေကြောင့်မို့ပဲ ဆက်ပြီးတော့ ငါအသက်ရှင်နေရဦးမယ်ဆိုတဲ့ ခံစားချက်ကိုရခဲ့တာပေါ့။” လို့အနော်ကဆိုတယ်။

ကျောင်းစတင်ဖြစ်ခဲ့တာလည်း မထင်မှတ်ဘဲ စတင်ဖြစ်ခဲ့တာပါ။တော်လှန်ရေးမတိုင်ခင်က အနော်က NGO တစ်ခုမှာ လုပ်ကိုင်ဖူးတော့ သူသွားရတဲ့ဒေသတွေမှာ ကလေးတွေကို စာသင်ပြဖူးတာလုပ်ခဲ့ဖူးတယ်။ ဒီမှာတော့ အဲ့လိုစိတ်ကူးမရှိဘဲ ရုတ်တရက် စတင်ဖြစ်သွားတာ။

အထက်မှာဖော်ပြခဲ့သလို အနော်စိတ်ကျန်းမာရေး ခံစားနေရတဲ့အချိန်မှာပဲ အဆက်အသွယ်ပြတ်တောက်နေတဲ့ အနော်ရဲ့ ရဲဘော်တချို့ ပြန်ဆက်သွယ်လာတာကြုံရတယ်။ အဲ့ဒါကြောင့် အနော်လည်း အလုပ်လုပ်ရမယ့်တာဝန်တွေ ရှိပါသေးလား ဆိုပြီး အသိဝင်လာခဲ့တယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကုသဖို့ မိတ်ဆွေတစ်ဦးဆီ အကူညီတောင်းခဲ့တယ်။ အနော် ဆေးရုံ တစ်လကျော်တက်လိုက်ပြီး ဆေးသောက်တာတွေ၊ နှစ်သိမ့်ဆွေးနွေးမှုခံယူတာတွေနဲ့ ကုသမှုခံယူခဲ့တယ်။

ပြီးတော့ စိတ်ပြေလက်ပျောက် မဲဆောက်မြို့ပေါ်က မိတ်ဆွေတွေဆီသွားလည်ရင်း ဒီစာသင်ကျောင်းလေးကို စတင်ဖို့ဖြစ်လာ ခဲ့တယ်။ အဲ့အချိန်အထိ အနော်ရဲ့စိတ်က ပုံမှန်မဟုတ်သေးဘူး၊ ဆေးတွေသောက်နေရတုန်းပါပဲ။ ကုသမှုခံယူပြီးပေမယ့် စိတ် က လေလွင့်နေတုန်းပဲလို့ အနော်က ဆိုတယ်။

“ဆေးရုံတက်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့တည်ဆောက်တယ်ပေါ့နော်။ အဲ့ဒီအချိန်မှာ ဘာလုပ်လို့ လုပ်ရ မှန်းလဲ မသိဘူးဖြစ်နေတာပေါ့။ ဘ၀ရှင်သန်ရတဲ့အဓိပ္ပါယ်ပျောက်ပြီးတော့ လမ်းပျောက်နေတာပေါ့နော်။ လမ်းပျောက်ပြီး တော့ အသက်ရှင်ချင်စိတ်မရှိတော့ဘူး ဖြစ်နေတဲ့အချိန်မှာ ဒီကလေးတွေနဲ့စပြီးတော့တွေ့တယ်။” လို့ အနော်က ဖွင့်ဟပါတယ်။

(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)
(မဲ​ဆောက်မြို့​က ငါတို့စာသင်​ကျောင်း တည်​ထောင်ပြီးစာသင်စာသင်ကြား​ပေး​နေတဲ့ဆရာမအ​နော်နဲ့ ပညာသင်ကြား​နေတဲ့စစ်​ဘေး​ရှောင်မြန်မာက​လေးငယ်​တွေ။ ။ဓါတ်ပုံ-လက်​သွေး)

အနော်နေတဲ့ ထိုင်းနယ်စပ်တစ်နေရာကနေ မဲဆောက်ကိုရောက်တော့ မြန်မာစစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ ရပ်ကွက် တစ်ခုနားကိုရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာတစ်ဦးရောင်းတဲ့ တုတ်ထိုးဆိုင်လေးမှာထိုင်နေရင်း ဆိုင်က ကလေးငယ်တွေရဲ့ အပြုအမူတစ်ခုကို သတိပြုမိသွားတယ်။ အဲဒီဆိုင်က မိဘကိုကူနေတဲ့ကလေးနှစ်ယောက်က ထိုင်းကကလေးတွေ ကျောင်း ဆင်းတာကို ငေးကြည့်နေတာပါ။ သူတို့ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ကျောင်းမတက်နိုင်ကြပါဘူး။

“ သူတို့မျက်လုံးတွေထဲမှာ အနော်တစ်ခုတွေ့လိုက်တယ်ပေါ့နော်။ အမှတ်တမဲ့ပါပဲ။ သူတို့တွေရဲ့ သိမ်ငယ်မှုတွေ ပုံမှန်အတိုင်းပဲ တခြားကလေးတွေလိုပဲ စာသင်ခန်းထဲမှာရှိနေရမယ့်အချိန်မှာ စာသင်ခန်းထဲမှာရှိမနေနိုင်ဘဲ မိဘတွေနဲ့အတူတူ ဒုက္ခတွေ ကြားထဲမှာနေနေရတယ်ပေါ့နော်။ သူတို့ကျောင်းတက်ချင်တယ်။ သူတို့လိုအပ်ချက်လေးတွေကို သူတို့မျက်လုံးထဲမှာ ဖတ် လိုက်ရတယ်။ အဲ့အချိန်မှာ အနော့်ဘ၀မှာ ဘာဆက်လုပ်ရမလဲဆိုတာ ရုတ်တရက် ရင်ထဲမှာအလင်းပွင့်သွားတာပေါ့နော်။” လို့ သူခံစားလိုက်ရတာကိုအနော်က ပြန်ရှင်းပြတယ်။

အဲဒီနားမှာ နေကြတာက စစ်ရှောင်မိသားစုတွေများပါတယ်။ ယခင်မြန်မာဘက်မှာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက တိုက်ပွဲတွေ ဖြစ်လာတော့ ဒီဘက်ရှောင်လာကြပြီး ကြုံရာလုပ်ကိုင်စားနေကြရတာပါ။ အဲ့ဒီနေရာမှာ တဲလေးကိုးလုံးရှိတော့ အနော်က ကိုး အိမ်စုလို့ နာမည်ပေးခဲ့တယ်။

၂၀၂၂ ဒီဇင်ဘာမှာတော့ ကိုးအိမ်စုမှာ ကလေး ၁၃ ယောက်နဲ့ ကျောင်းကို အနော်တစ်ယောက်တည်း စတင်ခဲ့တယ်။ နောက် တော့ ရင်ဘတ်တူသူတွေစုလာပြီး စာသင်ပေးမယ့်ဆရာတွေ ၊ ကျောင်းအတွက်လိုအပ်တဲ့စာအုပ်၊ ခဲတံတွေနဲ့ စာသင်ခုံတွေပါ လာကူကြတယ်။ အဲ့ဒီမှာ ကလေးတွေအတွက် တစ်ကယ့်စာသင်ကျောင်းလို ခံစားရအောင် မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဆရာအင်အား လေးငါးခြောက်ယောက်နဲ့ သင်နိုင်ခဲ့တယ်။

ကျောင်းနာမည်ကိုလည်း ကလေးတွေကိုပဲ ၀ိုင်းဝန်းစဉ်းစားရွေးချယ်စေတယ်။ ကျောင်းစာအုပ်ကဗျာထဲက နေခြည်မှာရွှေရည် လောင်း ငါတို့စာသင်ကျောင်းဆိုတဲ့ စာသားအတိုင်း ကလေးတွေကိုယ်တိုင်က ‘ငါတို့စာသင်ကျောင်း’ ဆိုတဲ့အမည်လေးပေးခဲ့ တယ်။

ခြောက်လအတွင်းမှာ ကလေးတွေ ထပ်တိုးလာပြီးအယောက် ၅၀ လောက်အထိဖြစ်လာတယ်။ ဒါ့အပြင် လူကြီးတွေအတွက်လည်း ညကျောင်းလေးဖွင့်ဖြစ်တယ်။ ဖွင့်ဖြစ်ရတဲ့ရည်ရွယ်ချက်က ကလေးမိဘတွေက တောင်းဆိုလာတာကြောင့်ပါ။ ဒီဘက် မှာ နေထိုင်ရတာ ထိုင်းစကားမတတ်တဲ့အတွက် သူတို့မှာ အခက်အခဲဖြစ်ရတယ်လို့ဆိုတယ်။

“ ဆရာမရယ် ထိုင်းစကားမတတ်လို့အနှိမ်ခံရတယ်။ ထိုင်းစကားတတ်ချင်တယ်ပေါ့။ အနော်လည်းမတတ်ဘူး။ ဒါပေမဲ့ လေ့ လာမယ်ပေါ့။ အနော်တစ်နေ့စာတစ်နေ့ လေ့လာမယ်။ အနော်လေ့လာသလောက်လည်း Sharing လုပ်မယ်ဆိုပြီးတော့မှ နေ့ တိုင်း ထိုင်းစာသင်တန်းတက်ပြီးလေ့လာတယ်။” လို့ အနော်က ဆိုတယ်။

ဒါကြောင့် အနော်လည်း ထိုင်း စကားမတတ်ပေမယ့် သူကိုယ်တိုင်သင်တန်းတက်ပြီး သူတက်သမျှကို တစ်နေ့စာတစ်နေ့ ည ခုနစ်နာရီကနေ ကနေ ကိုးနာရီအထိ ပြန်သင်ပေးဖြစ်ခဲ့တယ်။ ဒါ့အပြင် မြန်မာစာအရေးအသား၊ အတွက်အချက်မရသူတွေ ကိုလည်း သင်ပေးတယ်။

ကျောင်းဖွင့်တာ ငါးလကျော်အကြာမှာပဲ နောက်ထပ်ကျောင်းခွဲတစ်ခု ထပ်ဖွင့်ရဖို့ကြုံလာတယ်။

ကိုးအိမ်စုနဲ့ မိနစ် ၂၀ လောက် သွားရတဲ့နေရာမှာ ထိုင်းလူမျိုးပိုင် ကြံခင်း၊ ပြောင်းခင်းတွေမှာ လာပြီးအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားကလေးတွေ က လည်း စာသင်ချင်ကြတာပါ။ အနော်က အဲ့ဒီရွှေ့ပြောင်းလုပ်သားတွေနဲ့ သွားရောက် စကားပြောဖြစ်ခဲ့တယ်။

သူတို့က ဒီဘက်ရောက်တာ ၁၀ စုနှစ်တစ်ခုကျော်ရှိပြီ။ ပြောရရင် စစ်ယူနီ​ဖောင်းချွတ်ပြီး ပုဆိုးဝတ်တက်လာတဲ့ ဦးသိန်းစိန်အစိုးရမတိုင် ၂၀၁၀ လောက်တည်းက ရွှေ့ ပြောင်း အလုပ်လာလုပ်ခဲ့ကြတာ။ ပြောင်းချိုး၊ ကြံစိုက်၊ ကြံခုတ်နဲ့ ခြံအလုပ်တွေကို အလုပ်သမားအဖြစ်လုပ်ကိုင်ကြတယ်။ တစ်နေ့ကို ဘတ် ၁၅၀ ၊ ၂၀၀ လောက် (မြန်မာငွေတစ်သောင်းကျော်ခန့်) နေ့စားခရကြတယ်။

ဒါပေမဲ့ အလုပ်ကနေ့တိုင်းမရှိဘူး။ အလုပ်ရှိတဲ့ရက်ဆို လုပ်ခရပြီး အလုပ်မရှိတဲ့ရက်ဆို ချွေတာစားသောက်နေကြရတယ်လို့ သူတို့ကဆိုတယ်။ ဒါကြောင့် တစ်နေ့စာ တစ်နေ့စားဖို့တောင်ရုန်းကန်နေရတဲ့အထဲ ကလေးတွေကို ကျောင်းမလွှတ်နိုင်ဘူး။ ဒီမှာ ကျောင်းထားရင်လည်း ကျောင်းစာရိတ်က လစဉ်ပေးရတာရှိတယ်။

ဒါကြောင့် အနော်က ကျောင်းလာဖွင့်ပြီး စာသင်ပေးမယ်ဆိုတော့ ဝမ်းပန်းတသာလက်ခံကြတယ်။ အနော်စကားပြောကြည့် တော့ သူတို့မှာ ဘာမှပေးစရာမရှိဘူးလို့ ဆိုတယ်။ အနော်က ဘာမှပေးဖို့မလိုဘဲ လိုအပ်တဲ့ စာအုပ်ခဲတံတွေပါ ယူလာသင် ပေးမယ်ဆိုပြီး ‘ငါတို့စာသင်ကျောင်း’ ၂ ကို ဖွင့်ခဲ့ပါတယ်။ အနော်ကတော့ ကျောင်းနှစ်ကျောင်းကို ဟိုဘက် ဒီဘက် သွားလာ သင်ရတယ်။

‘ငါတို့စာသင်ကျောင်း’ ၂ ကို ကလေး ၂၃ ယောက်လောက်နဲ့စခဲ့တာ အခုဆိုရင် ကလေး ၄၈ ယောက်အထိရှိနေပြီ။ ‘ငါတို့စာ သင်ကျောင်း’ ၂ ဖွင့်ပြီးမကြာပါဘူး။ ကိုးအိမ်စုက စာသင်ကျောင်း ၁ ကို ပိတ်ရဖို့ကြုံလာတယ်။ ထိုင်းလူမျိုးတစ်ယောက်နဲ့ ပြဿနာဖြစ်တော့ အတိုင်ခံရပြီး အနော်တို့ကျောင်းနေရာက ဆက်ဖွင့်ဖို့ မဖြစ်နိုင်တော့တဲ့အထိ ဖြစ်လာတယ် ။

အစကတည်းက မြေပိုင်ရှင် ထိုင်းသူဌေးကို နားလည်မှုယူပြီး ဖွင့်ထားတာဖြစ်တဲ့အပြင် တချို့လာသင်တဲ့ ဆရာ၊ ဆရာမတွေ ကလည်း အထောက်အထားတွေ မပြည့်စုံတဲ့အခါ ဆက်သင်ဖို့အခက်အခဲဖြစ်လာတယ်။ ဒါကြောင့် လူကြီးတွေအတွက် ဖွင့်တဲ့ ညကျောင်းကိုပိတ်ပြီး နေ့ကျောင်းပဲ ထိုင်းသူဌေးကို နားလည်မှုနဲ့ပြောပြီး ထားရတော့တယ်။ နေ့တောင်မှ မနက်တစ်ပိုင်းပဲ ဖွင့်ရပြီး ဆရာတစ်ယောက်ကနေ တာဝန်ယူသင်ပေးနေတယ်။ လက်ရှိမှာ အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၁၈ ဦးလောက်ပဲ ကျန်ပါတော့တယ်။

အနော်ကတော့ ‘ငါတို့စာသင်ကျောင်း’ ၂ မှာ ညနေပိုင်း လက်ရှိ ကလေး ၄၈ ယောက်ကို စာသင်နေပါတယ်။ ကျောင်းဆိုပေမယ့် ခန့်ခန့်ထည်ထည်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတော့ မဟုတ်ပါဘူး။ ဓနိမိုး၊ ထရံကာ လူနေတဲ့ တဲအိမ်နံဘေးမှာ အဖီ လေးဆွဲထုတ်ထားတာပါ။ နေရာအနေအထားက ကလေး အယောက် ၃၀ လောက်သာဆန့်ပေမယ့် ၄၈ ယောက်လောက် ကျပ်ကျပ်တည်းတည်း သင်ကြရတယ်။

ကလေးတွေက အသက်အရွယ်စုံပဲ။ လေးနှစ်ကနေ ၁၅ နှစ်အထိရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ပညာအရည်အချင်းကတော့ တန်း တူတွေပါပဲ။ စာရေး ၊ စာဖတ်တာကို အခုမှ စတင်သင်ကြားနေရတုန်းပါ။ အခုဆို တစ်နှစ်ကျော်လာတော့ ကလေးတွေ စာဖတ် တတ်လာပြီ။ ရေးတတ် ၊ တွက်တတ်လာကြပြီ ။

အနော်နဲ့ အတူသင်ပေးတဲ့ ဆရာတစ်ယောက်ကလည်း “ အဂ်လိပ်စာဆိုရင် မေးထူးခေါ်ပြော ပြောနိုင်တယ်။ တော်တော် တိုး တက်လာတယ်။ ဒီကလေးတွေ ။ ကျနော်တို့ဆို မြင်နေရတယ်။ အခြေခံပညာရေးသင်တာတော့ မဟုတ်ဘူး။ ကျောင်းဆိုတာ ထက် တစ်ခုခုရသွားအောင်။ ကလေးတွေ အများကြီး တိုးတက်လာတယ်။ အရင်ကစာမဖတ်တတ်ဘူး။” လို့ ဆိုပါတယ်။

ဆရာက အသက် ၃၀ ကျော် လူငယ်ပဲဖြစ်ပြီး ကလေးတွေကို အခြေခံပန်းချီနဲ့ဂီတ သင်ပေးတာပါ။ သူအပါဆို ကျောင်းနှစ် ကျောင်းမှာ ဆရာသုံးဦးက လက်ရှိသင်ကြားပေးနေပါတယ်။

အနော့်ကျောင်းမှာတက်နေတဲ့ ၁၂ နှစ်နဲ့ ငါးနှစ်အရွယ် ကလေးတွေရဲ့ မိဘတစ်ဦးကလည်း အနော်တို့ ဒီလိုကလေးတွေကို စာလာ သင်ပေးတာက ကလေးတွေအတွက် အဆင်ပြေရတယ်လို့ ပြောတယ်။ သူတို့မှာ မိုးလင်းမိုးချုပ် စားဝတ်နေရေးအတွက် ရုန်းကန်နေ ရတာကြောင့် ကလေးတွေ ပညာရေးကို အရေးမပေးနိုင်ခဲ့ဘူး။ ဒါကြောင့် အနော်တို့ လာသင်ပေးတာကို သူက ကျေးဇူးတင်နေတယ်။

“ဆရာမ ဒီကျောင်းလေးရှိနေတဲ့တွက်ကြောင့်မို့ ကလေးတွေပိုပြီးတော့ လိမ္မာရေးခြားရှိလာတယ်။ ကျေးဇူးတင်တယ်ပေါ့နော်။ လိုအပ်တာရှိရင် ဘာပဲဖြစ်ဖြစ် ဝန်းရံဖို့အဆင်သင့်ပဲ။” လို့ အနော့်ကို သူတို့က ကျေးဇူးတင်စကား ဆိုကြတယ်။

ကျောင်းမှာ အနော်သင်တာက အစိုးရစာသင်ကျောင်းတွေနဲ့ ပုံစံကွဲပါတယ်။ မြန်မာစာ၊ အဂ်လိပ်စာ၊ သင်္ချာ စတဲ့ အခြေခံ အရေး အဖတ်၊ အတွက်အချက်တွေအပြင် သဘာ၀ပတ်

ဝန်းကျင် ၊ ပထဝီ ၊ သမိုင်း အခြေခံတွေရအောင် သူတို့ကို သင်ပေးတယ်။ ပြီးတော့ ကလေးတွေကို လူ့အခွင့်အရေးကို နားလည်စေဖို့ ကိုယ့်အခွင့်အရေး ကိုယ်သိဖို့နဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စတာတွေကို နားလည်စေဖို့ အဓိကထားသင်ပေးတယ်။

အနော်ရဲ့ သင်ရိုးစနစ်ကဘောင်တွေခတ်မထားဘဲ လွတ်လပ်စွာသင်ကြားတဲ့စနစ်ဖြစ်တယ်။ အခြေခံဘာသာရပ်တွေအပြင် ကလေးငယ်တွေကို ဂီတ၊ ပန်းချီစတဲ့အရာတွေကိုပါ သင်ပေးပါတယ်။ ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စတွေ ၊ မိမိ ကိုယ်ကိုယ် ကျန်းမာသန့်ရှင်းအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေပါ သင်ကြားပေးတယ်။ ကလေးတွေအတွက်သာမကပါဘူး၊ ကလေးမိဘ ရွှေ့ပြောင်းလုပ်သားတွေအတွက်ပါ အိမ်သာဆောက်ပေးတာ၊ ရေသန့်စင် စနစ်တွေလုပ်ပေးတာနဲ့ ကျန်းမာရေးပညာပေးကိစ္စတွေပါ တစ်ပါတည်း ကူညီပေးနေပါသေးတယ်။

လက်ရှိမှာတော့ အနော်ကကျောင်းအတွက် သင်ရိုးညွှန်းတမ်းတွေပြင်ဆင်ဖို့ ကြိုးစားနေတယ်။ ပညာရေးဘက်က မိတ်ဆွေ တွေကလည်း အကြံပြုတာတွေရှိတယ်။ နိုင်ငံတကာပညာရေးကို လက်လှမ်းမီအောင် သင်ရိုးတစ်ခုဆွဲထားပြီး ကိုယ့်ရဲ့ကလေး တွေ အရည်အချင်းမီတယ်ဆို နိုင်ငံတကာက ပြုလုပ်တဲ့ စာမေးပွဲတွေမှာ ဝင်ရောက်ဖြေနိုင် ဆက်တက်နိုင်ဖို့ပါ။

“အနော်က ဘယ်လောက်ထိရည်ရွယ်ထားသလဲဆိုရင် GED ပညာရေး အစရှိသဖြင့်ပေါ့။ နိုင်ငံတကာ ပညာရေးကို ဆက်သွား နိုင်တဲ့အထိပေါ့ ဖြည်းဖြည်းခြင်းခေါ်သွားမယ်လို့ စဉ်းစားထားတယ်။” လို့ ရည်မှန်းချက်ကို ရှင်းပြပါတယ်။

လတ်တလောမှာတော့ ငွေကြေးအနေအထားအရရော ကျောင်းသားဦးရေ များလာတာရောကြောင့် ထင်သလောက်တော့ ခရီး မပေါက်သေးပါဘူး။ အနော် စတင်ကတည်းက ဘယ်သူ့ဆီကမှ ရန်ပုံငွေယူပြီးစခဲ့တာမဟုတ်ဘဲ ကိုယ်တတ်နိုင်တဲ့ ဝင်ငွေနဲ့ပဲ ရပ်တည်နေတာဖြစ်တဲ့အတွက် ဖြေးဖြေးမှန်မှန်ပဲ သွားနေရတယ်။

ကျောင်းစတင်တုန်းကဆို စာအုပ်တွေမဝယ်နိုင်လို့ စာရွက်ကလေးတွေနဲ့ စသင်ရတယ်။ နောက်တော့မှ သိလာတဲ့အလှူရှင် တွေက ကူကြသလို အနော်ကလည်း ညဘက် ဘားတွေမှာ သီချင်းဆိုတယ်။ မဲဆောက်မှာ မုန့်လေးတွေရောင်းတဲ့ ဆိုင်ကလေး တစ်ခု တည်ထားတယ်။ အဲဒီကရတဲ့အမြတ်ရယ် ၊သီချင်းဆိုတာက ရတဲ့ဝင်ငွေတွေနဲ့ ကျောင်းအတွက် လိုအပ်တာတွေ ဖြည့် ဆည်းတယ်။

အနော့်ကို ကူကြတဲ့သူတွေလည်းရှိတယ်။ ကျောက်သင်ပုန်းတွေ ၊ စာအုပ်တွေ ၊ ခဲတံတွေနဲ့ ကလေးတွေ စာသင်နိုင်ဖို့ စာသင်ခုံ လေးတွေ စသဖြင့် ကူကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ အခုထိတော့ ဖတ်စာအုပ်တွေ မထုတ်နိုင်သေးဘူး။ ဖုန်းထဲက စာတွေကို ကျောက်သင်ပုန်းမှာ ကူးရေးပြီး သင်ပေးရတယ်။

ဒီလိုရပ်တည်ရင်း အနော်စိတ်ဓါတ်ကျရတဲ့အချိန်တွေလည်း ကြုံရတယ်။ ကလေးတွေ စာအုပ်၊ ခဲတံ ကုန်တဲ့အချိန်ပါ။ ဝယ် ပေးဖို့လည်း အဆင်မပြေသေး။ စာအုပ်တွေလည်းကုန်နေပြီဆို အနော်ခေါင်းပူရပြီ။

“ တစ်ခါတစ်လေကျရင် စာအုပ်တွေက ကုန်သွားပြီ။ သူတို့လည်း စာအုပ်က နောက်ဆုံးစာမျက်နှာကို ရောက်နေကြပြီ။ သုံး လေးယောက်က အဲ့လိုကျရင်ရင်တွေပူရတာပေါ့နော်။” လို့ အနော်ကဆိုတယ်။ ဒါပေမဲ့ ကလေးတွေက သိတတ်လွန်းတယ်လို့ အနော်ကဆိုတယ်။ စာအုပ် ခဲတံတွေဆိုလည်း ရိုရိုသေသေ သုံးကြတယ်။ ခံတံဆို တော်တော်လေး တိုတဲ့အထိ သုံးပေးတယ်လို့ အနော်ကဆိုတယ်။ အနော်လည်း ဝင်ငွေရှာရင်း ရသလောက်နဲ့ စာအုပ် ၊ ခဲတံ ၊ ကျောပိုးအိတ်ဆိုလည်း အလှည့်ကျဝယ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။

“ ဒီကလေးတွေကို တစ်ခါမှ မရိုက်ခဲ့ဘူး။ တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းဆူရတာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့တွေ လိမ္မာကြ တယ်။ သူတို့ဟာသူတို့ ပြောစရာမလိုဘူး အနော့်ကို ချစ်ကြတယ်။ ဒါအနော်ပေးတဲ့ မေတ္တာကြောင့်လို့တော့ထင်တယ်။ အဲ့ဒီ မေတ္တာကလည်း အနော်ကတော့ အမေမရှိခဲ့ဘူးပေါ့နော်။ အနော်ပေးနေတဲ့မေတ္တာက အနော့်အမေသာရှိနေမယ် ဆိုရင်တော့ အမေက ပေးတဲ့မေတ္တာနဲ့ အတူတူပဲထင်ပါတယ်။” လို့ အနော်ကဆိုတယ်။

ရေရှည်အတွက်တော့ လစဉ်ပဒေသာပင် ရန်ပုံငွေထည့်တဲ့ပုံစံမျိုးနဲ့ ဆက်သွားမယ်လို့ အနော်ကစဉ်းစားထားတယ်။ ဘာလို့ လဲဆိုတော့ ကျောင်းသားကလည်း များလာပြီး လိုအပ်ချက်တွေကလည်း ပိုလိုလာတဲ့အခါ အနော်တစ်ယောက်တည်း ရုန်းကန် ရှာဖွေရတာလည်း လွယ်ကူမနေပါဘူး။ အခုဆို ကျောင်းတက်ရက်ကို တစ်ပတ်လေးရက် ညနေပိုင်းစာသင်နေပါတယ်။ ကျန်တဲ့ သုံးရက်ကတော့ ကျောင်းအတွက် အနော် အလုပ်လုပ်ရပါတယ်။

“အခုကကျောင်းသားများလာတော့ ဒီထက်ပိုပြီးတော့ စီးပွားရေး လိုလာတယ်ပေါ့နော်။ သူတို့လိုအပ်ချက်တွေများလာတယ်။ စာအုပ်ခဲတံ ကုန်တာ မြန်တယ်ပေါ့နော်။” လို့ အနော်က ဆိုတယ်။ အနော့် ရည်ရွယ်ချက်ကတော့ ကလေးတွေကို နောက်ထပ်ပညာရေးတွေ လက်လှမ်းမီနိုင်တဲ့အထိ ဆက်သင်ပေးဖို့ ဆုံးဖြတ် ထားပါတယ်။ ဒါပေမဲ့ သူဒီလိုလုပ်နေတာတွေက အပေးသက်သက်ကြီးမဟုတ်ဘဲ သူ့အတွက်လည်း ရှင်သန်ရှာ ဘ၀အဓိပ္ပါယ် ကို ရှာဖွေနေရတာပဲလို့ ပွင့်ပွင့်လင်းလင်းဆိုတယ်။

“ အမြင်အရတော့လာပေးတဲ့သူ ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ အနော်က လာပေးတာမဟုတ်ဘူး။ လာယူနေတာ။ အနော် သူတို့ဆီက ဘာတွေယူလဲဆိုရင် အနော့်မှာ ဆုံးရှုံးသွားတဲ့နွေးထွေးမှုတွေ ၊ အနော့်မှာ မရှိတော့တဲ့ အနော့်ဘ၀ရှင်သန်မှု အဓိ ပ္ပါယ်တွေ ၊ သူတို့ဆီက အနော်နေ့တိုင်းရတယ်။ အချိန်တိုင်းမှာရတယ်။ အနော်ရတာက မျက်လုံးနဲ့မမြင်ရပေမယ့် အနော့် အသက်နဲ့ထပ်တူ တန်ဖိုးရှိတဲ့အရာတွေ။” လို့ အနော်က ပြောတယ်။

အခုတော့ အနော်က ကျန်းမာရေးလည်း ကောင်းစပြုနေပါပြီ။ ဒါပေမဲ့ ကျောင်းအတွက် အခက်အခဲဖြစ်လာတဲ့အခါ စိတ်ညစ် တာတွေ ပင်ပန်းရတာတွေ ဖြစ်နေရတုန်းပဲ။ ကျနော်သူ့ကို အင်တာဗျူးတဲ့ အခါမှာလည်း သူ့ရဲ့အကြောင်းတွေ ပြန်ပြောပြရ တာမို့ စိတ်အဆင်မပြေဖြစ်လာတာကြောင့် ခဏလောက် အင်တာဗျူးတာရပ်ပေးဖို့ တစ်ခါ တောင်းဆိုတယ်။ သူ့စိတ်ငြိမ်တဲ့ အခါ ပြန်ပြီး ဆက်ပြောကြတယ်။

အာဏာမသိမ်းခင်က မြို့ပြမှာနေရင်း ခရီးတွေထွက်ကာ ဝါသနာပါရာတွေ လွတ်လပ်ပေါ့ပါးစွာ လုပ်ကိုင်ခဲ့တဲ့ လူငယ် တစ်ဦး ဖြစ်တဲ့ အနော်က အခုချိန်မှာတော့ “ငါတို့စာသင်ကျောင်း” ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဆိုတဲ့ တာဝန်ကို ကျေကျေနပ်နပ်နပ်နဲ့ ဆောင်ရွက်နေတယ်။

တော်လှန်ရေး အလွန်ကာလမှာရော ဘယ်လိုတွေ စဉ်းစားထားလဲလို့ အနော့်ကိုမေးကြည့်တယ်။ သူကတော့ တော်လှန်ရေး အောင်မြင်တဲ့အခါ သူ့နေရပ်ကို ခဏတော့ အလွမ်းပြေပြန်မယ်လို့ဆိုတယ်။ ပြီးရင်တော့ ဒီကလေးတွေဆီပဲ ပြန်လာပြီး သူတို့နဲ့ အတူ ဆက်နေထိုင် ရုန်းကန်မယ်လို့ ဆိုတယ်။

ပြီးတော့ လက်ရှိနေနေရတဲ့ ဘ၀ကိုလည်း အနော်က ကျေနပ်နေပါတယ်။ သူတို့နဲ့နေရတာဟာ

“သိုက်သိုက်ဝန်းဝန်းနဲ့ ငါတို့ အကုန်လုံး အတူရုန်းကြမယ်ဆိုတဲ့အင်အားတွေရတယ်။ သူတို့လည်း အနော်ရှိနေတဲ့အတွက် အားရှိတယ်ပေါ့နော် …. အနော့် အတွက်ကတော့ အရာရာပါပဲ။” လို့ သူက ဆိုပါတော့တယ်။ ။

ဆက်စပ်သတင်းများ