Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူ့​ထောင်​ချောက်အတွင်းမဝင်ရန် KNLAဦး​ဆောင်​သောပူး​ပေါင်းတပ်မြဝတီမြို့မှယာယီဆုတ်ခွာ​ခဲ့ခြင်းဖြစ်​ကြောင်း KNU ​ပြော​ရေးဆိုခွင့်ရှိသူပြော

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး
KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး

▪︎BGF ကစစ်​ကောင်စီတပ်ကို​ခေါ်လာပြီး ခလရ ၂၇၅ တွင်အလံတင်​ပေးခဲ့ခြင်းဖြစ်

▪︎​အောင်ဇယျ စစ်ကူစစ်​ကြောင်းအားပူး​ပေါင်းတပ်က​ဖြတ်​တောက်​ချေမှုန်းမည်ဟုအသိ​ပေး

-​နေ့သစ်/People’s Spring

ရန်သူဆင်ထား​ထောင်​ချောက်အတွင်းမကျ​ရောက်​စေရန်KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များမှာ မြဝတီမြို့မှ ယာယီဆုတ်ခွာ​ပေးထား​သော်လည်း စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကိုပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ပြော​​ရေးဆိုခွင့်ရှိသူပဒို​စော​တောနီးက​ပြောကြားလိုက်သည်။

” မြ၀တီမြို့မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေပြီး စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲဒီ ၂၇၅ မှာပဲ စစ်ကောင်စီ အလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလို အင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျနော်တို့ KNLA ပူးပေါင်းတပ်တွေ မြ၀တီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်”ဟု KNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

ခလရ (၂၇၅)အတွင်းပူး​​ပေါင်းတပ်များနယ်​မြေရှင်းလင်းစဥ်
ခလရ (၂၇၅)အတွင်းပူး​​ပေါင်းတပ်များနယ်​မြေရှင်းလင်းစဥ်

KNLA ၊KNDO ၊ PDF ပူး​ပေါင်းတပ်တို့ကဧပြီ ၁၁ ရက်က သိမ်းယူထား​သော မြဝတီမြို့​စောင့်တပ် ခလရ (၂၇၅)တွင် ဧပြီ ၂၃ ရက်က စစ်​ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကရင်နယ်ခြား​စောင့်တပ် (BGF)က​ခေါ်​ဆောင်လာ​ပေးပြီး စစ်​ကောင်စီက အလံလွှင့်တင်ခဲ့​သောဖြစ်ရပ်အ​ပေါ် KNU ဗဟိုအလုပ်အမှု​ဆောင်လည်းဖြစ်​သောပဒို ​စော​တောနီးကရှင်းပြသည်။ BGF ဘက်ကမူ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ခလရ ၂၇၅ညသို့သွား၍ အလံတင်ပြီး ဓါတ်ပုံ၊ဗီဒီယိုသာရိုက်ခဲ့ပြီးတပ်မစွဲဘဲ အမှတ် (၂ ) တံတားအနီးမှာပင်တပ်စွဲထားသည်ဟု​ဖေ​ဖော်ဝါရီ ၂၃ ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

“အခြားတစ်ဖက်မှာတော့ မြ၀တီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့ မရ ၊အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့ စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်းဘဲကျွန်​တော်တို့ KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေအားလုံးက​နေ ဒီ စစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုး ဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်”ဟု ပဒို​စော​တောနီးက ဆက်​ပြောသည်။

ဒေါန​တောင်​ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်
ဒေါန​တောင်​ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်

အဆိုပါစစ်​ကောင်စီ စစ်ကူစစ်​ကြောင်းမှာ ဧပြီ ဒုတိယပါတ်ကတည်းက ထွက်ခွာလာပြီး ​ကော့ကရိတ် မြို့အ​ကျော် ​ရောက်လာ​သော်လည်း ​တော်လှန်​ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှု​ကြောင့် ​ဒေါန​တောင်​ခြေမှာပင် ​သေဆုံးထိခိုက်မှုများပြီး ​ရှေ့မတိုးနိုင်ဘဲဖြစ်​နေသည်မှာတစ်ပါ်​ကျော်ရှိပြီဖြစ်သည်။

“ကျနော်တို့ တိုင်းပြည် တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်နဲ့ မည်သည့် အာဏာရှင် စနစ်ကို မဆို ကျနော်တို့ ရဲ ဦးတည်ချက်က ဒီမြ၀တီမြို့ ကွက်ကွက်လေးကိုပဲ ကြည့်နေတာမဟုတ်ဘူး ။ ဘယ်လောက်အခက်အခဲအကျပ်အတည်းတွေရှိနေပါစေ ကျနော်တို့ အားလုံး ပြန်လည်ရုန်းထပြီးတော့ ဒီမပြီးသေးတဲ့ ဒီခရီးလမ်းကို ဆုံးခန်းတိုင်အောင် ငါတို့ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်။ ဒီတိုင်းပြည်ကို အုပ်ချုပ် သူပြောင်းလဲရေး Regime Change တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေတာမဟုတ်ဘဲ အဘက်ဘက်က ပျက်စီးယိုယွင်းနေတဲ့ စနစ်အားလုံး ပြောင်းလဲပစ်ရေးဆိုတဲ့ System Change ဖြစ်ပေါ်လာရေးအတွက် အင် တိုက်အား တိုက်နဲ့ တစ်စိုက်စိုက် မတ်မတ် ဦးတည်တိုက်ပွဲ ဝင်သွားမယ်ဆိုတာ ဒီနေရာကနေ ရှင်းလင်းတင်ပြချင်ပါတယ်”ဟု KNU ဗဟိုအလုပ်အမှု​ဆောင်ပဒို​စော​တောနီးက ရှင်းလင်း​ပြောကြားသည်။

ဒေါန​တောင်​ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်
ဒေါန​တောင်​ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်

KNU/ KNLA ဦး​ဆောင်​သော ပူး​​ပေါင်းတပ်များက မတ်လ ၇ ရက်မှစ၍ မြဝတီ နှင့် သဃ်န်းညီ​နောင်ရှိ ခလရ ၃၅၅ ၊ ခလရ ၃၅၆ ၊ ခလရ ၃၅၇ ၊ သဃ်န်းညီ​နောင်ဗျူဟာ ၊ ကျိုက်ဒုံဗျူဟာ ၊ မြဝတီမြို့​စောင့်တပ် ခလရ ၂၇၅ တို့ကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့သည်။ ခလရ ၂၇၅ ကို တိုက်ခိုက်သိမ်းပိုက်ပြီး​သော်လည်း မြဝတီမြို့​ပေါ်တွင် တပ်စွဲခြင်းမရှိဘဲ BGF ကမြို့လုံခြုံ​ရေး​ဆောင်ရွက်ခဲ့သည်။

ခလရ( ၂၇၅) မှ စစ်​ကောင်စီတပ်များမှ စခန်းတိုက်ခိုက်ခံရပြီး ဧပြီ ၁၀ ရက်ညကတည်းက မြဝတီ အမှတ် ၂ တံတားအနီးသို့ထွက်​ပြေး ဆုတ်ခွာခဲ့သည်။ထိုစစ်​ကောင်စီတပ်ကို ပူး​ပေါင်းတပ်က ဧပြီ ၁၉ ညနှင့် ဧပြီ ၂၀ ရက်တွင် အမှတ် ၂ တံတားအနီးထပ်မံတိုက်ခိုက်ခဲ့သည်။ထို​နောက် ပူ​​ပေါင်းတပ်မှာ အမှတ် (၂)တံတားအနီးမှစစ်​ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုကိုဧပြီ ၂၁ ရက်နံနက်တွင် ​ခေတ္တရပ်နားပြီး ဆုတ်ခွာခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၀ ထက်မနည်း​သေဆုံးပြီး၊ တပ်မ ၄၄ ဗျူဟာမှူးအပါအဝင် ၃၀ ထက်မနည်းဒဏ်ရာရရှိ​​ကြောင်း KNU ကထုတ်ပြန်ထားသည်။

(KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး /ခလရ (၂၇၅)အတွင်းပူး​​ပေါင်းတပ်များနယ်​မြေရှင်းလင်းစဥ်/ ​ဒေါန​တောင်​ခြေတွင် စစ်တပ်ယာဥ်တန်းသံချပ်ကာနှင့်စစ်ကားတို့ကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ကဧပြီ ၂၁ ရပ်တွင် သိမ်းဆည်းခဲ့စဥ်။ဓါတ်ပုံ-The Reporters ၊ KNU)

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့အရေး နှင့်ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ရန် ကြိုးစားနေမှု အပေါ် KNU၏ သဘောထားကို မေးမြန်းစဉ် ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။

သတင်း

စစ်ကောင်စီသည် KNUနယ်မြေများအတွင်းရှိ အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

သတင်း

ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း BGFက ရရှိနေသည်။ အဆိုပါငွေ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေသည်ဟု USIPအဖွဲ့က ဆိုသည်။