Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မြန်မာမှာအသုံးများ​နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ

ဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ အသုံးများတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက ဘာတွေပါလဲ။ သူတို့ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘယ်လိုရှိပါသလဲ စတာတွေနဲ့ပတ်သက်လို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုဟာ ကပ်ရောဂါတတိယလှိုင်းကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် တတိယလှိုင်းအလွန် စတုတ္ထလှိုင်းနဲ့ရင်ဆိုင်ရတဲ့အခါ ကူးစက်မှုနည်းပြီး ထိန်းချုပ်နိုင်ဖို့ဆိုရင် ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကကျတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

ဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ အသုံးများတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက ဘာတွေပါလဲ။ သူတို့ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘယ်လိုရှိပါသလဲ စတာတွေနဲ့ပတ်သက်လို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

အသုံးများတဲ့ ဆေးတွေ

Public Service Announcement

Public Service Announcement

လတ်တလော မြန်မာမှာအသုံးများတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ တရုတ်နိုင်ငံထုတ်ဆေးတွေက အများဆုံး ဖြစ်ပါတယ်။ ဒုတိယကတော့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးပါ။

တစ်ကယ်တမ်းပြောမယ်ဆိုရင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Covishield ကို မြန်မာမှာ ပထမဆုံးထိုးနှံနိုင်ခဲ့တာ ဖြစ်ပါတယ်။

သည်ဆေးကို ရွေးကောက်ခံပြည်သူ့အစိုးရလက်ထက် ယခုနှစ်ဇန်နဝါရီလမှာ စတင်ထိုးနှံနိုင်ခဲ့တာဖြစ်ပေမဲ့ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဆက် လက်ထိုးနှံနိုင်ခြင်း မရှိတော့ပါဘူး။ သို့သော် ပုဂ္ဂလိကဆေးကုမ္ပဏီကနေတဆင့်မှာယူပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံကြတာမျိုးတော့ ဆက်ရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကတဆင့် ပြည်သူတွေကို ထိုးနှံပေးနေတာကတော့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေပါ။ သည်ဆေးတွေက Sinopharm နဲ့ Sinovax လို့ခေါ်တဲ့ ကာကွယ်ဆေးနှစ်မျိုးပဲ ဖြစ်ပါတယ်။

Covishield

Covishield ကိုဗစ်ကာကွယ်ဆေးကို အင်္ဂလန်အခြေစိုက် Astra Zeneca ကုမ္ပဏီနဲ့ Serum Institute Of Inda တို့ပူးပေါင်းပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။​အောက်စဖို့တက္ကသိုလ်နဲ့
Astra Zeneca ကုမ္ပဏီတို့ပူး​ပေါင်းထုတ်လုပ်တဲ့ AstraZeneca ​ဆေးကိုအိန္ဒိယမှာ Covidsheld အမည်နဲ့ပြန်ထုတ်တာဖြစ်ပါတယ်။

ဒီဆေးကို ချင်ပန်ဇီလို့ခေါ်တဲ့ မျောက်တွေမှာဖြစ်တဲ့ ဗိုင်းရပ်(adenovirus)ကို ဗီဇပြောင်းတဲ့နည်းနဲ့ထုတ်တဲ့ viral vector vaccine ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဆေးမှာပါဝင်တဲ့ ဗိုင်းရပ်ဟာ DNA(မျိုးဗီဇ)ထုတ်ပြီး ပြုပြင်ထားလို့ ထပ်ပြီးမျိုးပွားခြင်း ကူးစက်ခြင်း မရှိနိုင်တော့ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

ဒါကြောင့် Covishield ကာကွယ်ဆေးကို အိန္ဒိယအစိုးရက ၂၀၂၀ နှောင်းပိုင်းမှာ စတင်အသုံးပြုပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်မှာ အရေးပေါ်ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့် ပေးခဲ့ပါတယ်။

Covishield ကို သတ်မှတ်အကြိမ်ရေ နှစ်ကြိမ်အပြည့်ထိုးပြီးပြီဆိုရင် ကိုဗစ်ရောဂါကူးစက်ခံရမှုကို ၆၂ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ WHO က ဖော်ပြပါတယ်။

Sinovac

Sinovac ဟာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေထဲက အမျိုးအစားတစ်ခုပါ။ သည်ဆေးဟာ ဗိုင်းရပ်စ်အသေကနေ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သည်ဆေးကို ၂၀၂၁ ခုနှစ် ဇွန် လ ၁ ရက်မှာ အရေးပေါ်အသုံးပြုခွင့် ပေးခဲ့ပါတယ်။
ဆေးရဲ့အာဏိသင်နဲ့ပတ်သက်လို့ ဘရာဇီးမှာ ဒုတိယအကြိမ်ထိုးပြီး နှစ်ပတ်ကြာလေ့လာချက်အရ လက္ခဏာပြတဲ့ ကိုဗစ်ကူးစက်မှုကနေ ၅၁ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်းထန်အနေအထား(ဆေးရုံတက်ရသူ) ကနေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

Sinopharm(Beijing)

Sinopharm(Beijing)ဟာလည်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေထဲက အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ BBIBP-CorV အမျိုးအစား ဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးရဲ့ ဖော်စပ်ပုံဟာ Sinovac နဲ့ ဆင်တူပါတယ်။

ဗိုင်းရပ်စ်အသေကနေ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး သူ့ကို WHO က ၂၀၂၁ မေလ ၇ ရက်မှာ အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးစွမ်းထက်မှုအနေနဲ့ ရောဂါလက္ခဏာပြကူးစက်မှုကနေ ၇၉ ရာခိုင်နှုန်း၊ ဆေးရုံတက်ရဲ့ ပြင်းထန်အခြေအနေကနေ ၇၉ ရာခိုင်နှုန်း အသီးသီးကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ကာကွယ်​ဆေး​တွေရဲ့ဘုံတူညီချက်

အထက်မှာဖော်ပြခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးအားလုံးဟာ အပူချိန် ၂ ဒီဂရီဆဲစီးရပ်စ်ကနေ ၈ ဒီဂရီဆဲစီးရပ် အတွင်း သိုလှောင်ထားရှိရမှာ ဖြစ်ပါတယ်။

အလားတူ အဆိုပါကာကွယ်ဆေးတစ်မျိုးစီတိုင်းဟာ ၂ ကြိမ်ဆီထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို လေးပတ်ခြားရမှာ ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံး ကာကွယ်ဆေးထိုးနှံပြီးမှသာ ရောဂါကူးစက်မှုနဲ့ ရောဂါပြင်းထန်မှုကာနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Covishield ၊ Sinovac နဲ့ Sinopharm စတဲ့ကာကွယ်ဆေးသုံးမျိုးလုံးကို အသက် ၁၈ နှစ်အထက်ရှိသူအားလုံး ထိုးနိုင်ပေမဲ့ အသက် ၆၅ အထက်ရှိတဲ့သူတွေမှာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် ထွက်နှုန်းနည်းနိုင်တယ်လို့ သုတေသနရလဒ်တွေက ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံနိုင်သူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တိကျတဲ့သုတေသနရလဒ် မရှိသေးဘူးလို့လည်း WHO က ထုတ်ပြန်ထားပါတယ်။ သို့သော် ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေနဲ့ ဆေးအာနိသင်ရတာချင်း အတူတူနည်းပါးဖြစ်နိုင်လို့ ချိန်ဆပြီးထိုးပါလို့ အကြံပြုထားပါတယ်။

သတိပြုဖွယ်

မြန်မာနိုင်ငံမှာ လတ်တလောအသုံးများတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲက Covishield နဲ့ Sinopharm ဆေးနှစ်မျိုးမှာ သတိပြုဖွယ်အခြေအနေတချို့ ရှိနေပါတယ်။

ဘာကြောင့်လည်းဆိုတော့ Covishield ဆေးမှာ အတုတွေ ဈေးကွက်ထဲပြန့်နှံ့နေတာရှိသလို Sinopharm မှာဆိုရင်လည်း Beijing ထုတ်နဲ့ Wuhan ထုတ်ဆိုပြီး နှစ်မျိုးရှိနေလို့ပဲ ဖြစ်ပါတယ်။

Covishield ဆေးအတုထွက်တာနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးထားသလို ဒါကို ဆေးထုတ်လုပ်တဲ့ Serum Institute ကလည်း အတည်ပြုထားပါတယ်။

Sinopharm မှာဆိုရင်တော့ Beijing ထုတ်ဆေးက မေ ၇ ရက်မှာ WHO ရဲ့ အရေးပေါ်အသုံးပြုခွင့်ရထားပြီးဖြစ်ပေမဲ့ Wuhan ထုတ်ဆေးကတော့ အရေးပေါ်အသုံးပြုခွင့်ရထားတာ မရှိသေးပါဘူး။ ဒါကိုအထူးသတိ့ထားဖို့လိုပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်းနဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ကလှူဒါန်း ကာကွယ်ဆေး (၅)သန်းကျော်အပါအဝင် စုစုပေါင်းကာကွယ်ဆေး Doses (၁၉)သန်းကျော် လက်ခံရှိပြီးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားကျန်းမာ​ရေးအဖွဲ့အစည်း ​တွေပူး​ပေါင်းပြီး ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ အပါအဝင်မိတ်ဖက်အဖွဲ့အစည်း​တွေ က​နေ ကိုဗစ်ကာကွယ်​ဆေး ၉ သန်း​ကျော်နဲ့ အ​မေရီကန် ၊ဂျပန် ၊သြစ​တြေးလျအပါအဝင်နိုင်ငံတကာက​နေ ကာကွယ်​ဆေး ၁ သန်း​ကျော်း စုစု​ပေါင်း ၁၀ သန်း​​ကျော်ရ​အောင်လည်းကြိုးစား​နေပါတယ်။ ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်း​တွေက​နေရမယ့်​ဆေး​တွေက အ​​နောက်နိုင်ငံထုတ် ကာကွယ်ဆေး​တွေဖြစ်ပါတယ်။

ကိုးကား – ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)
– Dr. Htet Htet Zaw Win
– Dr. Phyu Phyu Nyein Chan

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။