Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး အလုံးအရင်း ထိုးနှံမှု ကင်မရွန်းမှာ စတင်

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး အလုံးအရင်း ထိုးနှံမှု ကင်မရွန်းမှာ စတင်
ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး အလုံးအရင်း ထိုးနှံမှု ကင်မရွန်းမှာ စတင်

ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ငှက်ဖျားရောဂါ ကာကွယ်ဆေး အုံနဲ့ကျင်းနဲ့ ထိုးနှံမှု အစီအစဉ်ကို ကင်မရွန်း နိုင်ငံမှာ စတင်နေပြီ ဖြစ်ပါတယ်။

အရင်က စမ်းသပ်အဆင့် ငှက်ဖျား ကာကွယ်ဆေးတွေကို နိုင်ငံအလိုက် ထိုးနှံပေးတာတွေ ရှိခဲ့ပေမယ့် အခု ပရောဂျက်လောက် ပမာဏ များပြား ကျယ်ပြန့်တဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ အချိန် အပိုင်းအခြားလိုက် ထိုးနှံသွားရမယ့် ကာကွယ်ဆေးဟာ အာဖရိကတိုက်မှာ ကလေးငယ် ထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

ဆေးပညာ သမိုင်းမှာ အရေးပါတဲ့ အချိုးအကွေ့ တစ်ခုအဖြစ် မှတ်တမ်းဝင်လာမယ့် ကာကွယ်ဆေးကို ဇန်နဝါရီ ၂၂ ရက်က ယွန်ဒေး ဒေသမှာရှိတဲ့ ကျန်းမာရေး ဌာနတစ်ခုမှာ ဒန်နီရယ်လာဆိုတဲ့ ကလေးမလေးကို ပထမဆုံး ထိုးနှံပေးခဲ့ပါတယ်။

ခြင်တွေကနေတဆင့် ကူးစက်တဲ့ ငှက်ဖျားဟာ အာဖရိကတိုက်ကို ဆိုးဆိုးရွားရွား ဖိစီးနေတဲ့ ရောဂါတစ်ခုဖြစ်ပြီး နှစ်စဉ် အာဖရိကပြည်သူ ၆ သိန်းလောက် အဲဒီရောဂါကြောင့် သေဆုံးလေ့ ရှိပါတယ်။ သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းထက် မနည်းဟာ အသက် ၅ နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့လည်း WHOရဲ့ စာရင်းတွေက ညွှန်ပြနေပါတယ်။

Public Service Announcement

Public Service Announcement

ကင်မရွန်းဟာ အသက် ၆ လသားအရွယ် ကလေးငယ် အားလုံးအတွက် RTS,S ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးသွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် စုစုပေါင်း ၄ ကြိမ် ထိုးနှံဖို့ လိုတယ်လို့ ဆိုပါတယ်။ ကင်မရွန်း ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက ငှက်ဖျား ကာကွယ်ဆေးနဲ့အတူ တခြား လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုပါ ကလေးတွေကို ထိုးပေးပြီး မိဘတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးထားကြောင်း ပြောပါတယ်။

ကာကွယ်ဆေးကို ကင်ညာ၊ ဂါနာနဲ့ မာလာဝီတို့လို အာဖရိက နိုင်ငံတွေမှာ စမ်းသပ် ထိုးနှံတဲ့ အဆင့်တွေ အောင်မြင်ခဲ့တဲ့နောက် ကင်မရွန်းမှာ ပထမဆုံးအကြိမ် အလုံးအရင်း ထိုးနှံပေးလာတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို စမ်းသပ်အဆင့် ထိုးနှံခဲ့တဲ့နောက် ရောဂါကြောင့် ကလေးတွေ သေနှုန်း ၁၃ ရာခိုင်နှုန်း ကျဆင်းလာပြီး ငှက်ဖျား ဖြစ်ပွားမှုတွေရဲ့ ၃၆ ရာခိုင်နှုန်းလောက်ကို တားဆီးပေးနိုင်ခဲ့တယ်ုလို့ ဆိုပါတယ်။

ဒါဟာ အရမ်း အားကောင်းတဲ့ ကိန်းဂဏန်းမျိုးတွေ မဟုတ်သေးပေမယ့် ငှက်ဖျားကြောင့် သေဆုံးနိုင်သူတွေထဲက သုံးပုံတစ်ပုံလောက်ရဲ့ အသက်ကို ကယ်ဆယ်ပေးနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေး ပညာရှင်တွေကတော့ ငှက်ဖျားရောဂါ ဆိုးရွားတဲ့ ဒေသတွေမှာ ကာကွယ်ဆေးက တစ်ခုတည်းသော အားကိုးသင့်တဲ့ ရွေးချယ်မှု မဟုတ်ဘဲ ခြင်ထောင်တွေ၊ ကုသဆေးတွေနဲ့ တခြား ခြင်နှိမ်နင်းရေး ပစ္စည်း ကိရိယာတွေလည်း အထောက်အပံ့ ရရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။

RTS,S ကာကွယ်ဆေးကို ဗြိတိန်ရဲ့ ဆေးဝါး ကုမ္ပဏီ GSKက နှစ်ပေါင်း ၃၀ လောက် အချိန်ယူ သုတေသနပြုပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ WHOက အဲဒီကာကွယ်ဆေးကို တရားဝင် အသိအမှတ် ပြုခဲ့သလို ကင်မရွန်းမှာ ဆေးစတင် ထိုးနှံမှုကိုလည်း သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် ရည်ညွှန်းထားပါတယ်။

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို တရုတ်က အားကိုးရပါတယ်ဆိုရင် သူ့အတွက် အကြီးအကျယ် သိက္ခာ ကျစေလိမ့်မယ်လို့ ရှီက ခေါင်းမာမာနဲ့ ယူဆထားဆဲလို့လည်း ဟိန်းစ်က မှတ်ချက် ပေးသွားပါတယ်။

နိုင်ငံတကာ

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ပျမ်းမျှ တစ်နှစ်ကို ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း ၂၃၀ လောက်ထိ များပြားလေ့ရှိပြီး အဲဒီထဲက ၉၄ ရာခိုင်နှုန်းဟာ အာဖရိကတိုက်မှာပါ။ ငှက်ဖျားကြောင့် ကမ္ဘာအနှံ့မှာ တစ်နှစ်ကို လူပေါင်း ၄ သိန်း ၁ သောင်းဝန်းကျင်လောက် သေဆုံးလေ့ ရှိတယ်လို့လည်း သိရပါတယ်။