Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

■အ​ယောင်ပြကာလုံ၊ အာဏာသိမ်း​ခေါင်း​ဆောင်အလိုကျအသုံး​တော်ခံရမည့် ဦးတီခွန်မြတ်

ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌ အိမ်တော်မှ နှင်ချပြီးမှ မင်းအောင်လှိုင်၏ ဥပဒေအကြံပေးများက အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ အခန်းပါ ပုဒ်မ ၄၂၄ အရ ပြည်သူ့လွှတ် တော်ဥက္ကဌ ရာထူးအတိုင်း ဆက်လက်ထားရှိရန် တိုက်တွန်းခဲ့ကြသည်။

၂၀၀၈ အခြေခံဥပဒေနှင့်အညီ အာဏာသိမ်းသည်ဟု တဖွဖွပြောဆိုသော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယင်းအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ် ကာလဆိုင်ရာပြဌာန်းချက်များကို မသိရှိဘဲ အာဏာသိမ်းခဲ့သည်။

အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက် ပုဒ်မ ၄၂၄ ကို မသိရှိ၍ အာဏာသိမ်းချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌ အိမ်တော်မှ နှ​င်ချခဲ့ပြီးနောက် ပြန်အသုံးချရန် ရက်အတန်ကြာမှ ပြန် လည်ခေါ်ယူကာ လစာ၊ အဆောင်အယောင်၊ ချီးမြှင့်ငွေများကို ပေးထားခဲ့ကြောင်း အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ပြောသည်။

ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌ အိမ်တော်မှ နှင်ချပြီးမှ မင်းအောင်လှိုင်၏ ဥပဒေအကြံပေးများက အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ အခန်းပါ ပုဒ်မ ၄၂၄ အရ ပြည်သူ့လွှတ် တော်ဥက္ကဌ ရာထူးအတိုင်း ဆက်လက်ထားရှိရန် တိုက်တွန်းခဲ့ကြသည်။

“သူ(မင်းအောင်လှိုင်)က အခြေခံဥပဒေအညီအာဏာထိန်းတယ်လို့သာ လျှောက်ပြောနေတာ။ ဥပဒေကိုသိတဲ့လူမဟုတ်ဘူး။ သူ့လူတွေကပြောလို့ ဦးတီခွန်မြတ်ကို အိမ်တော်ပေါ် ပြန်ခေါ်တင် ထားတာ” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးကို ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် ဦးတီခွန်မြတ်သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလမကုန်ခင် ကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဌအိမ်တော်သို့ ပြန်လည်ရောက်ရှိကာ လွှတ်တော်ရုံးကို ပုံမှန်အတိုင်းရုံးပြန်တက်ခဲ့ခြင်းဖြစ်သည်။

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကို ယခုလကုန်ပိုင်းတွင်ခေါ်ယူမည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးအတွက် အသုံးချရန် ကြံစည်ထားခြင်းဖြစ်သည်။

ပုဒ်မ ၄၂၄ အရ ပြည်သူ့လွှတ်တော်ဥက္ကဌသည် ၎င်းကိုဆက်ခံမည့်လွှတ်တော်ဥက္ကဌအသစ်ကို တာဝန်မလွှဲပေးမချင်း ဆက်လက်တည်ရှိသည့်အတွက် မင်းအောင်လှိုင်၏ လုပ်ကြံ ကာလုံ အစည်းအဝေးတွင်အဖွဲ့ဝင်အဖြစ် ဦးတီခွန်မြတ်က အသုံးတော်ခံမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ တို့သည် ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်စေကာမူ နောက်သက်တမ်းအတွက် သမ္မတအသစ်များ၊ လွှတ်တော်ဥက္ကဌအသစ်များ ရွေးချယ်တင်မြှောက်ပြီးချိန်အထိ ဆက်လက်တည်ရှိသည် ဟု ပုဒ်မ ၄၂၄ တွင် ပြဌာန်းထားသည်။

ဦးတီခွန်မြတ်နည်းတူ မင်းအောင်လှိုင်၏ ကြိုးဆွဲရာကပြရန် ပါဝင်လာနိုင်သူတစ်ဦးမှာ NLD အစိုးရ လက်ထက် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူဖြစ်လာနိုင်သည်။

ယခုလကုန်ပိုင်းတွင် မင်းအောင်လှိုင်ခေါ်ယူမည့် ကာလုံအစည်းအဝေးတွင် ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်၊ မတက်ရောက်မည်ကိုမူ People’s Spring က အတည်မပြုနိုင်သေးပေ။ သို့သော် ဗိုလ်မှူးဟောင်းဖြစ် သူ ဦးဟင်နရီဗန်ထီးယူသည် လက်ရှိအချိန်အထိ နေပြည်တော်ရှိ ဒုတိယသမ္မတအိမ်တော်တွင် ဆက်လက်နေထိုင်လျက်ရှိပါသည်။

မင်းအောင်လှိုင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးအပေါ်အခြေအနေ ကြေညာကာ အရေးပေါ်ကာလသက်တမ်း ၁ နှစ်သတ်မှတ်ခဲ့သည်။ အ​ရေး​ပေါ်အ​ခြေအ​နေဟု​သော​​ဝေါဟာရဖြင့်တရားဝင်မှုရ​လေမလားဟု ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး အမှန်တွင် အာဏာသိမ်းသည်ကို ကမ္ဘာက​ရော မြန်မာပြည်သူများကပါရှင်းရှင်းလင်းလင်းသိ့ပြီးဖြစ်သည်။

ထို့အပြင် ယခုလကုန်ပိုင်းတွင် အရေးပေါ်ကာလကို သက်တမ်းတိုးရန်ဆိုကာ ​အ​ယောင်​ဆောင်ကာလုံအစည်းအဝေးကို ခေါ်ယူမည်ဖြစ်သည်။အကြမ်းဖက်စစ်​ကောင်စီက ​သောကြာ်​နေ့တွင်ပြုလုပ်ခဲ့​သောသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်​ဇော်မင်းထွန်းကမကြာခင် ကာလုံ​ခေါ်ယူမည်ဟုထုတ်​ဖော်​ပြောကြားခဲ့သည်။

၂၀၀၈ စညအုပ်အစိမ်းအရဆိုပါက ကာလုံတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး တို့ ပါဝင်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထားပြီး တပ်မတော်က အဆိုပြုခန့်အပ်သည့် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် မင်းအောင်လှိုင်က ကြေညာသည်။

မင်းအောင်လှိုင်၏ အဆိုပါလုပ်ရပ်သည် ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ချိုးဖောက်ခြင်းဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ တရားခွင်ထွက်ဆိုချက်များက သက်သေခံသည်။

အာဏာသိမ်းသည့် နံနက်စောစောတွင် မင်းအောင်လှိုင်၏ လက်ပါးစေ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးက သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအရ နုတ်ထွက်ပေးရန် ပြောဆိုခဲ့ရာ ဦးဝင်းမြင့်က ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နုတ်ထွက်မပေးနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

ထိုသို့ သမ္မတဦးဝင်းမြင့်၏ ငြင်းဆိုတုံ့ပြန်မှုသည် အသက်အန္တရာယ်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးက ထပ်မံခြိမ်းခြောက်ခဲ့သည်။

‘လက်မှတ်တော့ မထိုးနိုင်ဘူး။ အသက် အသေခံမယ်’ဟု သမ္မတဦးဝင်းမြင့်က ခပ်မာမာပင်တုံ့ပြန် ခဲ့ကြောင်း ၂၀၂၁ အောက်တိုဘာတွင် နေပြည်တော်ရှိ အထူးတရားရုံး၌ နိုင်ငံတော်သမ္မတကိုယ်တိုင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်တပ်အနေဖြင့် ၂၀၀၈ အခြေခံဥပဒေနှင့်အညီလုပ်ဆောင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ သမ္မတဦးဝင်းမြင့်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နံနက်စောစောတွင် ပြောဆိုခဲ့သည်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁ ရက် နံနက်စောစောတွင် ဖမ်းဆီးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးခေါ်ယူသည့် ဟန်ပြကာလုံအစည်းအဝေးတွင် အရပ်သား အဖြစ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေသာ ပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ မင်းအောင်လှိုင်နှင့် ၎င်း၏ နောက်လိုက် စစ်ဗိုလ်ချုပ်ကြီးများသာဖြစ်သည်။

အဖွဲ့ဝင် ၁၁ ဦးရှိသည့် ကာလုံတွင် အဖွဲ့ဝင်မည်မျှတက်ရောက်ပါမှ အစည်းအဝေးကျင်းပနိုင်ကြောင်း အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြခြင်းမရှိသော်လည်း စစ်တပ်က ခန့်အပ်သည့် ဒုတိယသမ္မတနှင့် အာဏာသိမ်းစစ်တပ်ဗိုလ်ချုပ်ကြီးများသာ တက်ရောက်သော ကာလုံ အစည်းအဝေးက သမိုင်းမှတ်တမ်းဖြစ်သည်။ထိုအပြင်အ​ယောင်​ဆောင်ကာလုံကို အာဏာသိမ်း​ခေါင်း​ဆောင်က ​ခေါ်ယူလိုခြင်းမှာ ၂၀၀၈​ခြေဥ မပျက်​သေးဘဲ ​ဥပ​ဒေနှင့်အညီ အာဏာထိန်းသည်ဟု တရားဝင်မှုရမလားဆိုကာ ကမ္ဘာနှင့်မြန်မာကို ထပ်မံလိမ်လည်ရန် ကြံစည်မှုတစ်ခုသာဖြစ်သည်။

အမှန်တွင် ဥပ​​ဒေကို ချိုးဖျက်ပြီးအာဏာသိမ်းလိုက်​သော ​ဖေ​ဖော်ဝါရီ ၁ ရက် နံနက်ကတည်းက ​၂၀၀၈ စာအုပ်စိမ်းကိုချိုးဖျက်ပြီးဖြစ်သည်။ ထိုအပြင်​ရွေး​ကောက်ခံကိုယ်စားလှယ်များကလည်း ​ဖေ​ဖော်ဝါရီ ၄ ရက်ကတည်းကလွှတ်​တော်​ခေါ်ပြီးဖြစ်၍ ဦးတီခွန်မြတ်မှာလည်း တရားမဝင်​တော့​ပေ။

အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁၊ ဖေဖော်ဝါရီ ၄ ရက်ကတည်းက CRPH က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အရေးပေါ်အစည်းအဝေးကို ရွေးကောက်ခံကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်ဖြင့် ကျင်းပပြီးဖြစ်၍ ဦးတီခွန်မြတ်၏ ရာထူး၊ တာဝန် တည်ရှိမှုမှာ တရားမဝင်တော့ဟု ဝါရင့်လွှတ်​တော်အမတ် ဦး​အောင်ကြည်ညွှန့်က Myanmar Now သတင်းဌာနသို့ပြောထားသည်။

“ဒုတိယအကြိမ်လွှတ်တော်သက်တမ်းက ပြီးသွားပြီ။ အရင်လူတွေ တာဝန်ပြီးဆုံးသွားပြီလို့ ဖျက်ပစ်လိုက်တာ”ဟု ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ လေးကြိမ်အနိုင်ရ ဝါရင့်လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ထို့ပြင် သမ္မတက လက်မှတ်ထိုး၍ပေးမှ အရေးပေါ်အခြေအနေကြေညာကာ အာဏာလွှဲယူရမည့် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကာ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ မည်သည့်လုပ်ဆောင်ချက်မျှ တရားဝင်မှုမရှိဟု ဦး​အောင်ကြည်ညွှန်ကရှင်းပြသည်။

ထို့ကြောင့် မင်းအောင်လှိုင်ခေါ်ယူမည့် အယောင်ပြ ကာလုံတွင် နိုင်ငံတော်သမ္မတနှင့် အမျိုးသားလွှတ်တော်ဥက္ကဌ နှစ်ဦးကလွဲ၍ ကျန်အဖွဲ့ဝင်များပါဝင်လာနိုင်ဖွယ်ရှိသည်။ အမျိုးသားလွှတ်တော်ဥက္ကဌသည် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဖြစ်သည်။

မန်းဝင်းခိုင်သန်းသည် အာဏာမသိမ်းမီလပိုင်းအလိုကတည်းက ၎င်း၏ အမျိုးသားလွှတ်တော်ဥက္ကဌအိမ်တော်မှ နေပြည်တော်ရှိ လူနေရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့အတွက် ၎င်းသည် အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံရခြင်းမှ လွတ်​မြောက်ခဲ့သည်။

ထို့အပြင် ယာယီသမ္မတ ဦးမြင့်ဆွေသည်လည်း အာဏာသိမ်းခါစ အစောပိုင်း နေ့ရက်များတွင် သာ လူမြင်ကွင်း၌ ရုပ်လုံးထွက်ပြခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြင်တွေ့ရခြင်းမရှိတော့ပေ။

“အာဏာသိမ်းပြီး ယာယီသမ္မတက ကာလုံတစ်ကြိမ်ခေါ်တယ်။ အစိုးရအဖွဲ့အစည်းအဝေး ၂ ကြိမ်လားပဲတက်တာတွေ့တယ်။ အဲဒီနောက်ပိုင်းမတွေ့ရတော့ဘူး။ လာမယ့် ကာလုံအစည်းအဝေးတော့ ပြန်မြင်ရမယ်ထင်တယ်” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဆက်လက်ပြီး “တကယ်တော့ မင်းအောင်လှိုင်ကလွဲလို့ ကျန်တဲ့သူအားလုံးက pawn(နယ်ရုပ်) အဆင့်တွေ။ မင်းအောင်လှိုင်တစ်ဦးတည်းသဘော စိတ်ကြိုက်လုပ်နေတာ။ သူကပဲ အရာရာချုပ်ကိုင် ကြိုးကိုင်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားခေါင်းဆောင်များကို လက်နက်အားကိုးဖြင့် အတင်း အတင်းအဓမ္မ အာဏာသိမ်းမှုကို မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်များ ကြောင့် ၂၀၀၈ အခြေခံဥပဒေနှင့်အညီ တပ်မတော်က အာဏာထိန်းသည်ဟု မည်မျှပင်ပြောစေ ကာမူ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက လက်မခံပေ။

အာဏာသိမ်းနှစ်ပတ်လည်နီးလာချိန်အထိလည်း မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီ ကို နိုင်ငံတကာတရားဝင်မှုမပေးပေ။ ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကပင် မင်းအောင် လှိုင်၏ စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုပေ။ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ကျင်းပသော အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးခဲ့ပေ။

ပြည်သူရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း၂၀၂၁ မတ်လတွင် တရားဝင်ကြေညာထားခဲ့သည်။အာဏာသိမ်းစစ်ကောင်စီကိုလည်း အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက သတ်မှတ်ကြေညာရန် တိုက်တွန်းထားသည်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီ ဆက်လက်ကျင့်သုံးနေသည့် ၂၀၀၈ အခြေခံဥပဒေအရလည်း စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ်အခြေအနေကြေညာနိုင်ခွင့်မရှိကြောင်း ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များက ထောက်ပြကြသည်။

စစ်တပ်က အာဏာမသိမ်းလို၍ ၂၀၀၈ အခြေခံဥပဒေကို ပြဌာန်းထားခြင်းဖြစ်ကြောင်း ရေတပ် ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးဦးစိုးသိန်းက ၂၀၁၉ တွင် လွှတ်တော်၌ ပြောကြားခဲ့ဖူး သည်။ ၂၀၀၈ တည်ရှိသရွေ့ စစ်တပ်အာဏာ မသိမ်းနိုင်ကြောင်း သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်။ဥပဒေပညာရှင်များကလည်း ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်သည် အာဏာသိမ်း၍ မရဘဲ အာဏာသိမ်းလိုက်သည်နှင့် အခြေခံဥပဒေပျက်ပျယ်သွားကြောင်း တညီတညွတ်တည်းအခိုင်အမာဆိုကြသည်။

၂၀၀၈ အရ အရေးပေါ်အခြေအနေကို နိုင်ငံတော်သမ္မတက ကြေညာကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်ကြောင်း ကြေညာရမည်ဖြစ်သည်။ မင်းအောင်လှိုင်က ယင်း ပြဌာန်းချက်များ တနည်းအားဖြင့် စစ်တပ် ဦးစီးဦးဆောင်ပြုရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

ထိုမျှမက မင်းအောင်လှိုင်သည် ၎င်းနှင့် ၎င်း၏ မိသားစုဝင်များ၏ အကျိုးစီးပွားအတွက်အလိုရမက်ကြီးစွာ အာဏာသိမ်းခဲ့သော်လည်း နိုင်ငံ၏ အခြေခံဥပဒေပါ ပြဌာန်းချက်များကိုသိရှိထားသူမဟုတ်ဘဲ ကိုယ်တိုင်ချိုး​​ဖောက်ဖျက်ဆီးခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ စီစဥ်တွေ့ဆုံခွင့်ပေးသော သံတမန်အချို့အပါအဝင် ပြည်တွင်း၊ ပြည်ပဧည့်သည်အချို့နှင့် တွေ့ဆုံခွင့် ပေးနေကြောင်း နေပြည်တော်သတင်းရင်းမြစ်အချို့ကပြောသည်။

News

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။

News

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးသည် ၁၈ ဒသမ၄ရာခိုင်နှုန်းကျဆင်းမည်ဟု အာရှဖွံဖြိုးရေးဘဏ်က သတ်မှတ်ထားချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်က အခုလို နိုင်ငံရေးစီးပွားရေးမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။