Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နည်းပညာ​ပိုသုံးလာတဲ့စစ်​ကောင်စီကို ​​​တော်လှန်​ရေးအဖွဲ့​တွေ ဘယ်လိုတန်ပြန်မလဲ

ယခုတလော အကြမ်းဖက်စစ်ကောင်စီက နည်းပညာအသုံးပြု၍ ဖမ်းဆီးတိုက် ခိုက်မှုများပြုလုပ်လာခြင်းသည် ထောက်လှမ်းမှုများကို သေချာပြင်ဆင်လာခြင်းမျိုးဖြစ်သည်ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးသည်။

မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့တွင် နေရာအချက်ပြ (GPS )စနစ်ဖြင့် မြို့ပြပြောက် ကျားအဖွဲ့၏ လက်နက်သိုလှောင်ရာနှစ်ခုကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်​ရောင်စီးနင်းခဲ့သည်။ စစ်​ကောင်စီဘက်မှ GPS အသုံးပြု ​ခြေရာခံလာခဲ့ခြင်းသည် တော်လှန်ရေးအဖွဲ့အစည်းတိုင်းအတွက်တပ်လှန့် သတိပေးခေါင်းလောင်းသံဖြစ်​ကြောင်း အငြိမ်းစား​ထောက်လှမ်း​ရေးအရာရှိတစ်ဦးက​ပြောသည်။

တော်လှန်ရေးအင်အားစုအဖွဲ့တစ်ခု အသုံးပြုနေသည့် (သို့မဟုတ်) ထောက်ပံ့မှုမှ ရရှိသည့် လက် နက်တစ်ခုတွင် တည်​​နေရာအချက်ပြ (GPS) စနစ်တပ်ဆင်ခံလိုက်ရခြင်းကြောင့် တောင်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုများ၏နေရာနှစ်ခုကိုအကြမ်းဖက်စစ်တပ်က ဖေ​ဖော်ဝါရီ ၈ရက်တွင် ဝင်ရောက်စီးနင်းခံခဲ့ရသည်။

ထိုဖြစ်စဥ်နှစ်ခုအနက် လူပုဂ္ဂိုလ်​လေးဦးနှင့် M79ဗုံးပစ်လောင်ချာ(၂) လက်၊ 40mm ဗုံးသီးများ၊လက်ပစ်ဗုံး၊ ကျည်ဆန်အချို့ဖမ်းဆီးခံခဲ့ရသည်။

“ဟိုအရင်လပိုင်းတွေက မိသွားတဲ့ အခြေအနေတွေကိုကြည့်ရင် တစ်ယောက်မိရင် အဲဒီကနေ ကွင်း ဆက်တွေ ရော အသိုက်ရော၊ပစ္စည်းတွေပါမိတာ။ အခုနောက်ပိုင်း မြို့ပြ အဖွဲ့တွေချဲ့ထုတ်လိုက်တော့ နောက်ဆက်တွဲ ပြတ်ကုန်ရော။ဒါ​ ကြောင့်သူတို့ နောက်တစ်မျိုးကြံစည်တာပေါ့။အဲဒီမှာ လက်နက် လိုအပ်ချက် ဂွင်ကို စကစ(စစ်​ကောင်စီ)က သိတယ်။ဒါကြောင့် အိုင် ကြီးကြီး ပက်ပြီး ဖမ်းသွားတာ။ကျွန် တော့် အမြင်အရဆို လက်နက်သို လှောင်ရုံ ဆိုပြီး တထစ်ချပစ်မှတ်ထားတာမဟုတ်ဘူး။အိုင်ကြီးထဲမှာ ငါးသေးရော၊ငါးကြီးရော ရှိနိုင်မှာပဲ။ထည့်ပေးလိုက်တဲ့ ပစ္စည်းရဲ့ လားရာအမှတ် က နှစ်နေရာ ပြတယ်။အဲဒီနှစ်နေရာကို သတ်မှတ်ချိန်အတွင်းဝင်စီးတယ်။ဒါပဲ “ဟု အထက်ပါအငြိမ်းစားရဲထောက် လှမ်းရေးအရာရှိက ​တောင်ဥက္ကလာပနှင့် ​မြောက်ဒဂုံးမြို့နယ်မှာ မြို့ပြ​ပြောက်ကျားအဖွဲ့ အချို့ဖမ်းဆီးခံလိုက်ရခြင်းအ​ပေါ်သုံးသပ်​ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ ၎င်းက “တော်လှန်ရေးကာလ က အချိန်ထပ်ကြာနိုင်တယ်ဆိုတာ စကစ ဘက်က သိတယ်။တစ်ဖက်မှာလည်း သူတို့ရဲ့ မြေပြင် သတင်းပေးဒလန်တွေ က အရင်ကလောက် အလုပ်သိပ်မဖြစ်တော့ဘူး။ဒါကြောင့် နည်းပညာပိုင်းကို သူတို့ပိုဖိလာတယ်။တစ်ခုရှိတာ ဒီဘက်ခေတ်ကလည်း နည်းပညာခေတ် ဖြစ်လာတာကို။ဒီလမ်းကြောင်းပေါ်ကနေတဆင့်ပဲ ထောက်လှမ်းရေးကွန်ယက်တွေ ရနိုင်သမျှ သူတို့ ထပ်ချဲ့လိမ့်မယ်”ဟုလည်း ခန့်မှန်း​ပြောကြားသည်။

ယခုတလော အကြမ်းဖက်စစ်ကောင်စီက နည်းပညာအသုံးပြု၍ ဖမ်းဆီးတိုက် ခိုက်မှုများပြုလုပ်လာခြင်းသည် ထောက်လှမ်းမှုများကို သေချာပြင်ဆင်လာခြင်းမျိုးဖြစ်သည်ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးသည်။

“ကျနော်တို့တွေ အဲ့အတွက် အများကြီးပြင်ဆင်သင့်တယ်။ကျနော်တို့တော်လှန်ရေးမှာ အိုင်တီကျွမ်းကျင်တဲ့ ပြည်တွင်းပြည်ပကသူတွေ အများကြီးရှိပါတယ်။သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို စုပေါင်းအသုံးချပြီး တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နည်းပညာနဲ့ပတ်သတ်ပြီး သေချာမျှဝေသင့်တယ်လို့မြင်တယ်။ခေတ်သစ်စစ်ပွဲတွေမှာ အိုင်တီနည်းပညာ သိပ်ကို အရေးပါပါတယ်”ဟု ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောတက်မ​တော်သား ဗိုလ်ကြီးကအကြံပြုသည်။​

တစ်ဖက်တွင်နွေဦး​တော်လှန်​ရေးတွင် နည်းပညာအကျွမ်းတဝင်ရှိလှ​သော လူငယ်များက ဦး​ဆောင်​နေသည့်အတွက် နည်းပညာများနှင့် အကျွမ်းတဝင်ရှိပြီး၊သင်လွယ်တက်လွယ်ခြင်းမှာလည်း ​တော်လှန်​ရေးအဖွဲ့အများစုအတွက်အားသာချက်ဖြစ်သည်။သို့​​သော် စနစ်တကျ သင်ကြား​​လေ့ကျင့်မှု ၊စုဖွဲ့မှု ၊ပံ့ပိုးမှု ​ကောင်းစွာလိုအပ်​ကြောင်း ​မြို့ပြ​ပျောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

ယ​ခုရက်ပိုင်း ​ဖေ့စ်ဘွတ်ခ်တွင်​ ပေါက်ကြားလာ​သောသတင်းအရ အကြမ်းဖက်စစ်​​ကောင်စီတပ်သည် ​ဒေသအစုံတွင်တပ်ဖွဲ့ဝင်များ ​သေဆုံးထိ့ခိုက်မှုများပြီး အင်အား​လျော့နည်းလာသဖြင့် ပြည်သူ့စစ်အမည်ဖြင့် ပျူ​စောထီးကဲ့သို့ စစ်​ကောင်စီ ခိုင်းသမျှလုပ်မည့်သူများကို​​မွေးမြူရန် နှင့် သတင်းအချက်အလက်ရရှိ​ရေးနည်းမျိုးစုံအသုံးပြုရန်ဆို​သောအချက်ပါဝင်သည်ကို​တွေ့ရသည်။ ထို​ကြောင့် စစ်​ကောင်စီက PDF ၊ မြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ ၊ အမျိုးသားညီညွတ်​ရေးအစိုးရ-NUG ၊အမျိုးသားညီညွတ်​ရေး အတိုင်ပင်ခံ​ကောင်စီ- NUCC ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ သတင်းအချက်အလက်များရရန် နည်းလမ်း​ပေါင်းစုံအသုံးပြုမည်မှာ သံသယရှိစရာမရှိ​ပေ ။

ဖုန်းဆင်းကတ်မှ တစ်ဆင့်​ခြေရာခံခြင်းကိုလည်း စစ်​ကောင်စီကလုပ်ခဲ့သည်။ ဖုန်း​ခေါ်ဆိုမှု မှတ်တမ်းများ ၊ဖုန်းသုံးစွဲသူတည်​နေရာနှင့်အချက်အလက်များကို အကြမ်းဖက်စစ်​ကောင်စီက တယ်လီ​နောမြန်မာသို့ အကြိမ် ၂၀၀ ​ကျော်​တောင်းခံခဲ့​ကြောင်း Myanmar Now သတင်းဌာနက​မကြာ​သေးခင်ကသ​တင်း​​ဖော်ထုတ်ရေးသားထားသည်။ တယ်လီ​နောကဲ့သို့ပင် ​​အော်ရီဒူး ၊MPT နှင့် Mytel တို့ထံမှ ၎င်းတို့အလိုရှိသူများ၏ အချက်အလက်များကို ​စစ်​ကောင်စီက ရယူ​နောက်​ယောင်ခံလိုက်ခဲ့ကြသည်။

ထိုအပြင် စစ်​ကောင်စီသည် စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ်များနှင့် မြို့ပြ​ပျောက်ကျားတပ်ဖွဲ့များကို ဖြိုခွင်းရန်အတွက် ရန်ကုန် ၊မန္တ​လေး မြို့ကြီးမျာတွင် တပ်ဆင်ထား​သော လုံခြုံ​ရေးကင်မရာ(CCTV) များကို အသုံးပြုခဲ့သည်ကိုလည်း​တွေ့ရသည်။ မန္တ​လေးမြို့တွင် အရပ်သားအစိုးရလက်ထက်ကနဦးစတင်ခဲ့​သော Safe City စီမံကိန်းတွင် မြို့​ပေါ်ရှိလမ်းများ ၊မီးပွိင့်များတွင် CCTVများတပ်ဆင်၍ တစ်မြို့လုံးကို ​ထိန်းချုပ်ခန်း (Control Room)မှစောင့်ကြည့်နိုင်​သောနည်းပညာနှင့်စနစ်ကို ဟွာ​ဟွေးဖြင့်လုပ်ကိုင်ရန် စီစဥ်ခဲ့သည်။သို့​သော်ထိုစီမံကိန်းကို ဟွာ​ဝေးက ဆက်မလုပ်​တော့​​သော်လည်း ​နောင်ရိုးနှင့် ACE ကုမ္ပဏီ နှစ်ခုကဆက်လက်လုပ်ကိုင်​ပေးပြီးအကြမ်းဖက်စစ်​ကောင်စီကို ကူညီ​ပေး​နေ​ကြောင်းလည်း စုံစမ်းသိရသည်။

ထို​ကြောင့် မန္တ​လေးမြို့ ရှိလမ်းများ၊မီးပွိုင့်များမှ CCTV များမှတစ်ဆင့် ကင်မ​ရာ​အောင်တွင် သွားလာသူများ၏ အချက်အလက်များကို ​ခြေရာခံနိုင်​သော​​ဈေးကြီးလှသည့်ဆော့ဝဲလ်ကိုပါ စစ်​​ကောင်စီအတွက် ထိုကုမ္ပဏီနှစ်ခုက တပ်ဆင်​ပေးထားပြီးဖြစ်သည်။ထို​ကြောင့် မြို့ပြ​ပျောက်ကျားတပ်ဖွဲ့များ ၊ဆန္ဒပြ ပြည်သူများအတွက် အထူးသတိ့ထားရန်လို​ကြောင်း နည်းပညာကျွမ်းကျင်သူတစ်ဦးက​ပြောသည်။ ထို​စောင့်ကြည့်စနစ်သည် အိမ်တွင်အသုံးပြု​​သောCCTV ထက်စွမ်း​ဆောင်ရည်များစွာပိုသာလွန်ပြီး ​ပေ​ပေါင်းတစ်​ထောက် ၊နှစ်​ထောင်စ​သောအကွာအ​ဝေးမှ ပုံရိပ်များကိုပင် Zoomဖြင့်ဆွဲ၍ ​ကောင်းစွာမြင်နိုင်​​သည်။ စစ်​ကောင်စီကCCTV ဖြင့်​စောင့်ကြည့်ခြင်းကို မန္တ​လေးမြို့ နှင့်ရန်ကုန်အပြင် အခြားမြို့များတွင်ပါ ချဲ့ထွင်ရန် ကြိုးစား​နေသည်ကိုလည်း​ တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အားဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံအသုံးပြု ထောက်လှမ်းနေသည်ကို တော်လှန်ရေးရဲဘော်များအားလုံးကလည်း သတိပြုနေထိုင်နေသည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျား အဖွဲ့ဝင်တစ်ဦးက ​ပြောသည်။

“နည်းပညာပိုင်းနဲ့ပက်သက်ပြီးစီမံထားတဲ့ဆောင်ရန်ရှောင်ရန်ကိုအသေးစိတ်ပြောပြဖို့တော့ခက်လိမ့်မယ်။စစ်ကောင်စီရဲ့ နယ်မြေထောက်လှမ်းရေးတွေ၊စရဖတွေ၊CIDနဲ့ စစစ အင်အားတွေကိုစကစ ဘက်က တိုးမြှင့်ထားတဲ့သတင်းကို ကျတော်တို့အတိကျသိထားပြီးဖြစ်တယ်။ဒါ့အပြင် နည်းပညာ (IT)ပိုင်းကို အဆင့်မြှင့်တင်မှုတွေလုပ်နေတာတွေထိန်းချုပ်ဖို့ကြိုးပမ်းနေတာတွေရှိတယ်။ အခု အတည်မပြုနိုင်သေးပဲ ကြားနေရတဲ့သတင်းအရဆို ရုရှားကပညာရှင်တွေကိုပါ စကစ အလိုရှိခိုင်းစေဖို့လွှတ်ပေးထာတယ်ဆိုတဲ့သတင်းကိုလည်းကြားနေရတယ်”ဟု အထက်ပါမြို့ပြ​ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မပေါ့ဆပဲ အဖွဲ့အစည်းတွင် အတွင်းစည်းကိုတိကျစွာဆောင်ရွက်ရန်လည်း ၎င်းတို့က တိုက်တွန်းကြသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း နယ်မြို့များ၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ခရီးသွားပုံစံများဖြင့် ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သည့် ဖြစ်စဥ်များတွင် စစ်ကောင်စီအတွက် တည်နေရာပြ ဒလန်ဖြစ်မည်ကို စိုးရိမ်ရသည်ဟု ပြည်သူများက စိုးရိမ်ပူပန်မှုရှိနေသည်။

“နည်းပညာခေတ် ဆိုတော့ တော်လှန်ရေးအ တွက် ဘက်ပေါင်းစုံက စဥ်စားရမယ်။လူ့ခန္ဓာ ကိုယ်ထဲကို GPS ထည့်လို့ရနိုင်တာပဲလေ။မိတာတွေအတွက်တော့ ဝမ်းသာရတာပဲ။ဒါပေမယ့်တမင်သက်သက်အဖမ်းခံပြီး တော်လှန်ရေးစခန်းနေရာတွေနဲ့၊လွတ်မြောက်နေရာတွေကို ဖော်သွားမှာစိုးရိမ်တာ”ဟု ပြည်သူတစ်ဦးက ၎င်း၏ စိုးရိမ်ပူပန်မှုကိုဖွင့်ဟသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ တပ်သားများကို ဖမ်းမိခြင်း(သို့မဟုတ်)CDM ဝင်ရောက်လာသူများကို အလွယ်တကူ လွတ် မြောက်နယ်မြေ သို့ ပို့ဆောင်နေခြင်းမဟုတ်ဘဲ လူကိုယ်တိုင်စစ် ဆေးခြင်းနှင့် ဆေးစစ်ခြင်း တို့ကို စနစ်တကျပြုလုပ်နေကြောင်း လည်း ပုလဲ မြို့နယ်အ ခြေစိုက် Pale Joker ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပုလဲက ​ပြောသည်။

“နည်းပညာ ၊စစ်လက်နက် ပြင်ဆင်မှုဆိုလို့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု သတင်းပေးမှုက ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အဓိအသက် သွေးကြောပဲ။နောက် ကျွန်​တော်တို့ဖက်မှာတော့ တောတောင်သဘာဝအရ ခြေရာခံစနစ် အသုံးပြုရင်တောင် စစ်ခွေးတွေအတွက် အခက်အခဲက ရှိနေမှာပဲ။ဘာပဲ ဖြစ်ဖြစ် တော်လှန်ရေးက ကြာလာလေလေ ပိုပြီး သတိကြီးကြီးထားတာ အကောင်းဆုံးပဲ”ဟု ၎င်းက ဆက်​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နည်းပညာ အသုံး ပြု၍ အကွက်ချကာတိုက်ခိုက်ခံနေရသည့်တိုင် ရန်ကုန် ၊မန္တ​လေးအပါအဝင် မြို့ပြ ပြောက်ကျားဆင်နွှဲ နေသည့် ​ဒေသများတွင် မြေပြင်အခြေအနေသည်အကြမ်း ဖက်စစ်ကောင်စီကို ဖိအားပေးထားနိုင်ဆဲ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုအချို့က မှတ်ချက်ပြုသည်။

“လက်ရှိမြို့ပြတွေမှာရင်ဆိုင်တိုက်ပွဲ​တွေမဖော်ဆောင်သေးပေမယ့်ပြောက်ကျားတိုက်ခိုက်မှုတွေကိုခပ်စိတ်စိတ်ဖြစ်လာတယ်။တိကျတဲ့ပစ် မှတ်တွေကိုအချိန်နဲ့တပြေးညီရှင်းနေကျသလို တစ်ဖက်မှာလဲ စကစ ကိုတောက်လျောက်ဖိအားပေးထားနိုင်တာသေချာတယ်။အဲ့ဒီလိုလှုပ် ရှားမှုတွေကြောင့် ကျွန်​တော်တို့ရဲဘော်တွေ ကျဆုံးကျရတယ်။ခွေးဆွဲခံရတယ်။ဒါတွေကြောင့်တော့နောက်ဆုတ်သွားဖို့မရှိဘူး။ကြောက်သွားစရာမရှိဘူး။တော်လှန်ရေးမှာအထိအခိုက်အပွန်းအပဲ့ကိုတော့ ကျွန်တော်တို့လက်ခံရလိမ့်မယ်။ရှိနေတယ်နောက်လဲရှိနေမှာပါ။အဲ့ဒါတွေအပေါ်စိတ် ဓာတ်ကျမသွားပဲ တော်လှန်ရေးအင်အားစုတွေအကြားပိုမိုခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့အချိတ်ဆက်မိမိအခုထက်ပိုတော်လှန်သွားဖို့ပဲလိုတယ်”ဟုတော် လှန်ရေးအဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအပြင် အထက်ပါနည်းပညာများကို စစ်​ကောင်စီသုံးစွဲလာ​သော်လည်း ထိုနည်းပညာများကို​ကျော်လွှာနိုင်​သော၊​ခြရာခံမရ​အောင်လုပ်​သောနည်းလမ်းများလည်းရှိ​နေပါသည်။ ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ဝင်များ ၊မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ဝင်များက ထိုနည်းလမ်းများ၊နည်းပညာများကို သိ့ရှိ​ပြီးလက်​တွေ့အသုံးချပါက ကိုယ့်ဘက်ကအားသာချက်ပင်ဖြစ်​ကြောင်းလည်းနည်းပညာကျွမ်းကျင်သူတစ်ဦးက​ပြောသည်။ယခုအခါတွင်လည်း ​တော်လှန်​ရေးသမားအားလုံးမဟုတ်​တောင် အချို့ကထိုနည်းလမ်းများကို အသုံးပြု​နေပြီဟုထသ်​ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ နည်းမျိုးစုံအသုံးပြုနေသော်လည်းတော်လှန်ရေးအင်အားစုများသည် မလျှော့သောဇွဲနှင့် ဆက်လက်တော်လှန်နေသည်မှာ လေးစားဂုဏ်ယူထိုက်သည်ဟု အငြိမ်းစားရဲထောက်လှမ်းရေးအရာရှိ​ဟောင်းက ဖွင့်ဟသည်။

“တော်လှန်ရေးအင်အားစုတွေကိုအထူးမှာချင်တာကမြေပြင်အခက်ခဲကိုအားလုံးကနားလည်ပါတယ်။ဒါပေမယ့်တောင့်ခံပြီးမကြာတော့တဲ့အချိန်တစ်ခုကိုခွေးဆွဲမခံရဖို့ဦးစားပေးနေပေးပါ။ခင်ဗျားတို့ဟာကျွန်တော်တို့ရဲ့ အင်အားတွေပါလို့ပြောပါရစေ”ဟု ၎င်းက​​ ပြော​လေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။