Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“4K ၊ မယ့်စဲတိုက်ပွဲ နှင့် ကရင်နီပြည်မှစစ်​ရေးအ​​ရွေ့”

4K ၏ အနက်အဓိပ္ပါယ်အရ ကလလတ (KNPLF) နှင့်အတူ 4K တပ်ပေါင်းစု အဖြစ် မဟာမိတ်စုဖွဲ့ထားသော KNU/KNLA၊ KNPP/KA နှင့် KNDF တို့ ပါဝင်ကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

​နွေဦး​တော်လှန်​ရေးတွင် စစ်​ကောင်စီတပ်ကို ခုခံတွန်းလှန်မှုအား​ကောင်း​​သော ကရင်နီ(ကယား)ပြည်နယ်တွင် ဇွန် ဒုတိယပါတ်တွင် ထူးခြား​သောအ​ပြောင်းအလဲ ၂ ရပ်​ပေါ်​ပေါက်ခဲ့သည်။

ဇွန်လ ၁၂ရက်က ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်း ကြေ ညာချက်နှင့် ​နောက်တစ်​နေ့တွင် ကရင်နီပြည်၏ ကြီးမားသော စစ်ရေးအပြောင်းအလဲတစ်ခု​ပေါ်​ပေါက်ခဲ့သည်။

ဇွန် ၁၃ ရက် မနက်အ​စောပိုင်းတွင်သံလွင်မြစ်အ​ရှေ့ဘက်ခြမ်း မြန်မာ-ထိုင်းနယ်စပ်အနီးရှိ မယ်စဲ့ရှိ မြို့မ ရဲစခန်း၊ ဗျူဟာကုန်း၊ နှင့် ထိုင်းမြန်မာနယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)
(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

ထိုစစ်ဆင်ရေးတွင် ထူးခြားချက်များစွာရှိပြီး အာ ဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်လမ်းစဥ်ဖြင့် တွန်းလှန်ရန် ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့်ဝါရင့် တိုင်ရင်းသားလက်နက်ကိုင် EAOs (၃) ဖွဲ့ပေါင်းစည်း ထားသောအဖွဲ့ (၄) ဖွဲ့ ကပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတပ်ပေါင်းစုကို 4K ဟု အမည်ပေးထားပြီး အထူးကွန်မန်ဒို တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းထားသည်။

4K ၏ အနက်အဓိပ္ပါယ်အရ ကလလတ (KNPLF) နှင့်အတူ 4K တပ်ပေါင်းစု အဖြစ် မဟာမိတ်စုဖွဲ့ထားသော KNU/KNLA၊ KNPP/KA နှင့် KNDF တို့ ပါဝင်ကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)
(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

“မယ်စဲ့ တိုက်ပွဲမှာ 4K အနေနဲ့ တိုက်တာ မှန်တယ်။ဒါပေမယ့် တရားဝင်သတင်းထုတ်ပြန်ဖို့ အချိန်မကျသေးလို့ပါ။အတိအလင်းပြောလို့ရတာ KNDF နဲ့ KA ပါ တယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထွက်ပေါ်နေသည့် သတင်းများအတိုင်သာဆိုပါ ၁၉၉၃ ခုနှစ် တွင် အပစ်အခတ်ရပ်စဲခဲ့သော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) မှာစစ်ကောင်စီကို တွန်းလှန်ရာ တွင် ပထမဆုံးရုပ်လုံးထွက်ပြခြင်းဟု ဆိုနိုင်သည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေး အသွင်ပြောင်းခံထားရသည့် ကလလတတပ် ရင်း( ၂ )ခု လည်း KNPLF တပ်ဖွဲ့အဖြစ် ပြန်လည်ရပ် တည်ကာ မိခင်အဖွဲ့အစည်းနှင့်အတူ စစ်ကောင်စီ အားတိုက်ခိုက်ခဲ့သည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)
(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက်BGF တပ်ရင်းအမှတ် (၁၀၀၄) သည် မူလအတိုင်း KNPLF (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်းKNPLF (7894)တပ်ရင်း အဖြစ်လည်းကောင်းပြန် လည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ် များ ပြောင်းလဲတပ်ဆင်ခဲ့​ကြောင်းသိရသည်။

ထို​ကြောင့် စစ်တပ်က ၂၀၀၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

“မယ်စဲ့ မြို့ တိုက်ပွဲ မှာ BGF ၁၀၀၄၊၁၀၀၅ ကဘက်ပြောင်းသွားတယ်။ပြီးတော့ သူတို့နဲ့ တွဲထားတဲ့ မိမိတပ်သား တွေပါ ဖမ်းဆီးခံထားရတယ်”ဟု ကရင် နီ(ကယား)ပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်သားဟောင်း ၎င်း၏ လူမှုကွန်ယက်၌ မချိတင်ကဲ ရေးသား ထားသည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)
(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

ဇွန်လ ၁၄ ရက်မှစ၍ KNPLF သည် ဌာနချုပ် အခြေ စိုက်ရာ ဟိုစဲမြို့သစ်ဝန်းကျင်မှ စစ်ကောင်စီ၏ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်း၊ နှင့် ထိုင်းမြန်မာနယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။

နယ်ခြားစောင့်တပ် အမှတ် (၁၀၀၄) နှင့် (၁၀၀၅) တပ်ရင်းဌာနချုပ်စခန်း ၂ ခုကိုလည်း တပါတည်း စီးနင်းထိန်းချုပ်ထားနိုင်ခဲ့သည်။

စစ်ကောင်စီ မှလည်း (KNPLF) ၏ ဟိုစဲ့မြို့သစ်မှ ဌာ နချုပ်၊ ဖားဆောင်းမြို့၏ သံလွင်မြစ် တဖက်ကမ်းမှ KNPLF စခန်းများ၊ ဂိတ်များ ကို လေယာဥ် ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခြင်းတို့ကို အပြင်းအထန် ပြုလုပ်ခဲ့သည်။

ရက်သတ္တပတ်ခန့် တိုက်ပွဲများပြင်းထန်နေပြီးလက် နက်ကြီး ၊ လေယာဥ် တို့ကို သည်းသည်းမည်းမည်းသုံးကာ BGF (၁၀၀၄) စခန်းကို စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းယူခဲ့သည်။

ယခုအခါ ထို BGF (၁၀၀၄)စခန်းနှင့် BP(13) တပ်စခန်းတို့ကို သိမ်းယူနိုင်ရေး ကရင်နီတပ်ပေါင်းစု​ကဆက်လက်တိုက်ခိုက်ကြိုးပမ်းနေဆဲဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဆိုသည်။

မယ်စဲ့မြို့နယ် တခုလုံးတွင် ထို (၁၀၀၄) နှင့် BP(13) စခန်း ၂ ခုတွင်သာ စစ်ကောင်စီတပ်များတပ်စွဲနိုင်တော့သည်။

(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)
(မယ့်စဲမြို့တည်​နေရာပြ​မြေပုံ / KNDF ၊KA နှင့် စစ်တပ်အာဏာသိမ်းမှုဆန့်​ကျင်​ကြောင်းဆန္ဒပြပြည်သူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ပြည်သူများဘက်မှ ကူညီ​ပေးခဲ့​သော KNPLF (ကလလတ)တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF ၊KA ၊CJ)

သို့သော် ဒီးမော့ဆို အရှေ့ခြမ်းသို့ ထိုးစစ်ဆင်ရန် ရောက်ရှိနေသောတပ်များ အပါအဝင် ဖရူဆို- ဘောလခဲ နှင့် ဖားဆောင်း အခြေစိုက် တပ်များကို ဖားဆောင်းတွင်အင်အားစုဖွဲ့ပြီး မယ်စဲ့မြို့နယ်ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်လာသည်။

“ဒီးမော့ဆိုအရှေခြမ်းကဆင်းလာတာက တပ်ရင်းတစ်ခုစာလောက်ပါမယ်။နောက်အခုတပ်မ ၄၄ ဝင်လာတယ်။လောလောဆယ် ဖားဆောင်း နဲ့ မယ်စဲ့ ကြားက ကျောက်ပဲညို နဲ့ ဝမ်အောင်းရွာ တွေကို စစ်ထိုးနေတယ်။အဲဒီကနေမှတဆင့် မယ်စဲ့ မြို့ကို ဆက်ဝင်ဖို့ စကစ က ကြိုးစားနေတာပေါ့”ဟုမယ်စဲ့ မြို့တိုက်ပွဲနှင့်ဆက်စပ်၍ ကရင်နီစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

စစ်ကြောင်းထိုးလာသော တပ်မ ၄၄ လက်အောက်ခံတပ်ရင်းကို ဖားဆောင်းပြည်သူ့ကာ ကွယ်ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊ လွိုင်​ကော် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​သောတော် လှန်ရေးရဲဘော်များက ပူးပေါင်းတိုက်ခိုက်နေသည်။

“အင်အား ၁၂၀ ကျော်ပါတယ်။၁၆ ရက်နေ့ကနေ့ ၁၈ ရက် ထိတွေ့မှုမှာ စကစ ဘက် က လေးဦးထက်မနည်းသေထားတယ်။ကျွန် တော်ဘက်က နှစ်ဦးဒဏ်ရာရတယ် “ဟု ဖားဆောင်းမြို့နယ်၌ သုံးရက် ဆက်တိုက်ပွဲအပေါ် ဖားဆောင်း PDF တာဝန်ရှိသူက ပြောပြသည်။

Public Service Announcement
Public Service Announcement

ထို​ကြောင့် စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းပြီးနောက် ၂ နှစ်တာအတွင်း ကရင်နီ(ကယား) ပြည်နယ်တွင် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော် ရှိခဲ့သည့်အနက် တိုက်ပွဲ ဖြစ်ပွားမှုအနည်းဆုံးသော ဖားဆောင်း(နှစ်ကြိမ်)နှင့် မယ်စဲ့မြို့(လေးကြိမ်) တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

စစ်ကောင်စီဖက်ကလည်းမယ်စဲ့မြို့နယ်လုံးကျွတ်လက်လွတ်ရနိုင်မှု၊ BGF တပ်ရင်း (၂) ခုမှ ပြန်လည်တွန်းလှန်တိုက်ခိုက်မှု တို့မှာ အရှိုက်ထိသည့် ထိုး နှက်ချက်ဖြစ်၍ အပြင်းအထန် တန်ပြန်ထိုးစစ် ဆင်မည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု က သုံးသပ်​နေသည်။

တစ်ဖက်တွင်လည်း ပြည်သူ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ၏ ဝန်းရံမှုအားကောင်းပါက KNPLF ဌာနချုပ်အခြေစိုက်ရာ မယ်စဲ့မြို့နယ်သည်စစ်ကောင်စီ၏ထိန်းချုပ်မှုအလုံးစုံ လက်လွတ်လိုက်ရသည့်မြို့နယ်တစ်ခု တစ်နည်းအားဖြင့် ​နွေဦး​​တော်လှန်​ရေးတွင် ပထမဆုံးလွတ်​မြောက်​သည့် မြို့နယ် တစ်ခုဖြစ်လာရန် အလားအလာကောင်းနေပြီဟု ကရင်နီစစ်​ရေး​လေ့လာ​သူအချို့ကသုံးသပ်​နေကြ​ပြီဖြစ်၏ ။ ။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။