Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တရုတ်ပိုင်ဆိုင်မှုတွေကို မြေမြှုပ်မိုင်းတွေနဲ့ အကာအကွယ်ပေးနေတဲ့ အာဏာသိမ်း စစ်တပ်

သတ္တုတူးဖော်ရေး စီမံကိန်း ဧရိယာ တဝိုက်မှာ မြေမြှုပ်မိုင်းတွေနဲ့ အထပ်ထပ် ကာကွယ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဒီမိုကရေစီရေး လက်နက်ကိုင် အင်အားစု တစ်ခုက စတင် ဖော်ထုတ်လာနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလထုတ် Landmine Monitor Myanmar (Burma) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးမှာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေကို အာဏာသိမ်း စစ်တပ်က ဖြိုခွင်းဖို့ ကြိုးစားနေခြင်းနဲ့အတူ ဆိုးရွားရက်စက်တဲ့ အန္တရာယ် တစ်ခုက မြေအောက်မှာ ကိန်းအောင်း တည်ရှိလာခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပိုင် ကြေးနီ သတ္တုတွင်း စီမံကိန်း နယ်မြေ တဝိုက်မှာ ပိုပြီး သိသာပါတယ်။

စစ်ကိုင်းမှာ အားကောင်းနေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို စစ်တပ်က ဖြိုခွင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းက သယံဇာတတွေ တူးဖော် ထုတ်လုပ်ရေးကို အဟန့်အတား မရှိအောင် ဆက်လက် လည်ပတ်နိုင်ဖို့ဆိုရင် စစ်ကိုင်းတိုင်းက တော်လှန်ရေး လှုပ်ရှားမှုတွေကို အာဏာသိမ်း စစ်ကောင်စီက ချိုးနှိမ်ထားနိုင်ဖို့ လိုပါတယ်။ အကြံကုန်လာတဲ့ စစ်ကောင်စီဟာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ အဲဒီတဝိုက်က တရုတ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုနေရာမှာ စီမံကိန်းဇုန် တဝိုက် မြေမြှုပ်မိုင်းတွေ ဖြန့်ကျက်ထားခြင်းလည်း အပါအဝင် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

လက်နက်ကိုင်ဖြစ်စေ၊ အရပ်သားတွေကိုဖြစ်စေ ခွဲခြားသတ်မှတ်မှာ မဟုတ်ဘဲ သေဆုံးအောင်၊ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးအောင် ရည်ရွယ်ထားတဲ့ အဲဒီ အဖျက်လက်နက်တွေကို ပိုမို တိုးမြှင့် သုံးစွဲလာခြင်းဟာ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးနိုင်ခြေကို တရိပ်ရိပ် မြင့်တက်လာစေတဲ့အပြင် နိုင်ငံကို အစိတ်စိတ် ကွဲသွားစေမယ့် ခြိမ်းခြောက်မှုတွေကိုပါ အားကောင်းလာစေပါတယ်။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

“တရုတ် ပိုင်ဆိုင်မှုတွေကို မဟာဗျူဟာမြောက် ကာကွယ်ဖို့အတွက် စစ်တပ်က မြေမြှုပ်မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်”လို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး သုတေသနဌာန (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆန် တာဝါက ပြောပါတယ်။ ဇွန်လ အစောပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနားမှာ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ချိန်က အဲဒီ ဧရိယာ တဝိုက်မှာ စစ်တပ်က စတုတ္ထ အကြိမ်မြောက်အဖြစ် မြေမြှုပ်မိုင်းတွေ ထပ်ထောင်ထားခဲ့တယ်လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရဲ့ လုပ်ငန်းတွေက သိသိသာသာ ငြိမ်သက်သွားပါတယ်။ အကြောင်းရင်းကတော့ စစ်တပ်ရဲ့ လွန်ကျူးတဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့နောက် စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)အပါအဝင် ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲ့ပေါင်း ၁၆ ခုထက်မနည်း အင်အားကောင်းကောင်းနဲ့ လှုပ်ရှားလာတာကြောင့်ပါ။ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်တဲ့ တရုတ် ကုမ္ပဏီကို အစိုးရပိုင် ကာကွယ်ရေး ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်တဲ့ တရုတ် မြောက်ပိုင်း စက်မှုလုပ်ငန်းစု (Norinco) လက်အောက်ခံ ​ဝမ်ပေါင် သတ္တုတူးဖော်ရေး လုပ်ငန်းက ပိုင်ဆိုင်ပါတယ်။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည်  လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

လက်ပန်းတောင်းတောင်မှာ ရှိနေတဲ့ သူတို့ရဲ့ ကြေးနီတူးဖော်ရေး စီမံကိန်းတွေကို မြေမြှုပ်မိုင်းတွေနဲ့ ဝန်းရံကာကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝမ်ပေါင် ကုမ္ပဏီက ဘာမှတ်ချက်မှ မပေးပါဘူး။

သတ္တုတူးဖော်ရေး စီမံကိန်း ဧရိယာ တဝိုက်မှာ မြေမြှုပ်မိုင်းတွေနဲ့ အထပ်ထပ် ကာကွယ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဒီမိုကရေစီရေး လက်နက်ကိုင် အင်အားစု တစ်ခုက စတင် ဖော်ထုတ်လာနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလထုတ် Landmine Monitor Myanmar (Burma) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

အဲဒီ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အငြင်းပွားစရာ အခြေအနေတွေ တော်တော်များများရဲ့ ဆုံမှတ်တစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။ သတ္တုတွင်းက ထွက်ရှိတဲ့ စွန့်ပစ် ပစ္စည်းတွေက မြေအောက်ရေ အရင်းအမြစ်ကို ညစ်နွမ်းစေပြီး အဆိပ်အတောက် ဖြစ်စေတာကြောင့် ဒေသခံတွေက အပြင်းအထန် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းလောက်မှာတော့ သည်းမခံနိုင်တော့တဲ့ ရွာသားတွေက အဲဒီ စီမံကိန်းကို ပစ်မှတ်ထားပြီး ဆူပူ တုံ့ပြန်လာတာက တရုတ်ရဲ့ စီးပွားရေး စီမံကိန်းက ဒေသတွင်းမှာ ဘယ်လို ဂယက်ရိုက်ခတ် စေသလဲ မြင်သာစေပါတယ်။ ဒါပေမဲ့ အဲဒီ စီမံကိန်းဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာလည်း ပြဿနာတွေ ရှိစေခဲ့ပြန်ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သတ္တုမိုင်းတွင်းကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့ဖူးပြီး အဆုံးမှာတော့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ ကာကွယ် ရပ်တည်ပေးခဲ့ပါတယ်။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

အခုအခါမှာတော့ အာဏာသိမ်း စစ်တပ်က မြေမြှုပ်မိုင်းတွေ သုံးစွဲတာကို အကြောင်းပြုပြီး မြန်မာနိုင်ငံထဲက တရုတ်ပိုင် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အာရုံစိုက်စရာ အခြေအနေတွေ ဖြစ်လာပြန်ပါပြီ။ စစ်တပ်ဟာ ပြည်တွင်းဖြစ် MM6 နင်းမိုင်းလိုမျိုး ဖောက်ခွဲရေး ပစ္စည်းတွေကို စီမံကိန်း ဧရိယာ တဝိုက်မှာ ဖြန့်ကျက် မြှုပ်နှံထားတယ်လို့ ယုံကြည်ရပါတယ်။ စစ်ကိုင်းတိုင်းထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တဝိုက်မှာသာ မကဘဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တခြားပိုက်လိုင်း အစိတ်အပိုင်းတွေ တဝိုက်မှာပါ အဲဒီလို နည်းလမ်းမျိုးနဲ့ အကာအကွယ် ယူထားတာတွေ ရှိနိုင်တယ်လို့ Landmine Monitorက ဆိုပါတယ်။ “တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်းနဲ့ ဆက်စပ်တဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့အတွက် မြေမြှုပ်မိုင်းတွေကို သုံးလေ့ရှိတယ်”လို့ Landmine Monitorရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဖက်မှာ တည်ရှိပြီး အာဏာသိမ်း စစ်ကောင်စီကို သံတမန်ရေး၊ စီးပွားရေးအရ အားကောင်းကောင်းနဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ၊ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ မြေမြှုပ်မိုင်းတွေ အသုံးပြုတဲ့ စစ်တပ်ရဲ့ ရွေးချယ်မှုကို ယီရှူဝါ မိုဆာ-ပွန်ဆူဝမ်လိုမျိုး မြေမြှုပ်မိုင်း တိုက်ဖျက်ရေး နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေကိုပါ အံ့ဩစေခဲ့ပါတယ်။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

“တရုတ်ပိုင် စီးပွားရေး အဆောက်အအုံတွေကို မြေမြှုပ်မိုင်းတွေ ပတ်ပတ်လည် ဖြန့်ကျက်ပြီး ကာကွယ်ပေးထားတယ် ဆိုတာမျိုးက ကမ္ဘာပေါ်မှာ တစ်နိုင်ငံပဲ ရှိလိမ့်မယ်”လို့ မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာကို ဦးဆောင် ပြုစုရေးသားခဲ့သူ မိုဆာ-ပွန်ဆူဝမ်က Nikkei Asiaကို ပြောပါတယ်။ “ဒီမိုင်းတွေ ဘယ်သူထောင်ထားသလဲ ဆိုတာက အငြင်းပွားစရာကို မဟုတ်ဘူး။ စစ်အာဏာရှင် လက်အောက်ခံ တပ်သားတွေက အနီးတဝိုက် ရွာသားတွေကို အဲဒီနေရာတွေမှာ ဗုံးထောင်ထားလို့ အသွားအလာ မလုပ်ကြနဲ့ဆိုပြီး လိုက်သတိပေးနေ ကတည်းက သူတို့လက်ချက်မှန်း သိသာနေပြီးသားပါ”လို့လည်း သူက ဆိုတယ်။

မြန်မာ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေက နင်းမိုင်း အမျိုးအစား ၅ ခုလောက်ကို ထုတ်လုပ်နေပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံခြားကနေ ဒေါ်လာ ၁ ဘီလီယံဖိုးလောက် စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ဆက်လက် တင်သွင်းနိုင်ခြင်းရဲ့ အကျိုးဆက် တစ်ခုအဖြစ် အခုလို မြေမြှုပ်မိုင်း ထုတ်လုပ်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေနိုင်တာ ဆိုရင်လည်း မမှားပါဘူး။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည်  လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

ကပစလို့ အတိုကောက် ခေါ်ဝေါ်တဲ့ စစ်လက်နက် စက်ရုံတွေဟာ နိုင်ငံခြားက တင်သွင်းလာတဲ့ ဆက်စပ်ပစ္စည်းတွေကို အသုံးပြုရင်း လက်နက်ငယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လက်ပစ်ဗုံးတွေ၊ လက်နက်ကြီး ကျည်ဆန်တွေ၊ လူနဲ့ ယာဉ်တွေအတွက် ရည်ရွယ်ထားတဲ့ နင်းမိုင်းတွေကို ထုတ်လုပ်နေနိုင်ဆဲ ဖြစ်တယ်လို့ မေလတုန်းက မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားအောင် နိုင်ငံတကာ လက်နက် ရောင်းဝယ်ရေး ကွန်ရက်တွေက ဘယ်လို ပံ့ပိုးပေးနေသလဲ ဆိုတာကို ဘီလီယံ ဒေါ်လာနဲ့ချီ တန်ဖိုးရှိတဲ့ မရဏ ကုန်သွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်တဝင့် ဖော်ထုတ်ပြထားတာ ဖြစ်ပါတယ်။

-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားသော နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်တပ်ရဲ့ မြေမြှုပ်မိုင်း အန္တရယ်ကို ပိုဆိုးလာစေတဲ့ ကိစ္စကတော့ PDFတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေကလည်း မြေမြှုပ်မိုင်းတွေကို မြှုပ်နှံနေကြတာ ဖြစ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ အဲဒီမိုင်းတွေဟာ စရိတ်သက်သာပြီး ထိထိရောက်ရောက် ဖျက်ဆီးနိုင်တဲ့ လက်နက် အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ ကုလသမဂ္ဂရဲ့ ကလေးများ ရန်ပုံငွေ အဖွဲ့က စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံထဲက တခြားဒေသ ၁၀ ခုမှာ ရှိနေတဲ့ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုတွေ အကြောင်းကို အခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားဖူးပါတယ်။

Landmine Monitorရဲ့ တွေ့ရှိချက်တွေအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အန္တရာယ် ဘယ်လောက် ဆိုးရွားနေသလဲဆိုတဲ့ ထိတ်လန့်စရာ အရှိတရားတွေကို ပေါ်လွင်လာစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ မြို့နယ် ၃၂၅ ခုအနက် ၉၇ ခုမှာ မြေမြှုပ်မိုင်းတွေ ဖြန့်ကျက်ထားကြောင်း သိရပါတယ်။ အဲဒီ မြို့နယ်တွေဟာ ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ ဖြန့်ကျက် တည်ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မြေမြှုပ်မိုင်း အန္တရာယ် ရှိနေတဲ့ မြို့နယ် အရေအတွက်ဟာ ၁၄၇ ခုထိ တိုးလာတယ်။ အကြောင်းကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်မက်ရေးရာ ပဋိပက္ခတွေကြောင့်ပါပဲ။

မြေမြှုပ်မိုင်းတွေ မြှုပ်ထားတဲ့ နယ်မြေတွေ ကျယ်ပြန့်လာခြင်းဟာ ရှေ့တန်းစစ်မျက်နှာတွေ ပိုမိုကျယ်ပြန့်လာတဲ့ အခြေအနေမှန်ကို ပေါ်လွင်စေပြီး နိုင်ငံတစ်ခုလုံး အစိတ်စိတ် ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို တွန်းအားပေးနေပါတယ်။

“မြန်မာနိုင်ငံဟာ အာဏာသိမ်းမှု မတိုင်ခင် ကတည်းက ဒေသအလိုက် အယူအစွဲ ကွဲပြားမှုတွေ ရှိနှင့်ခဲ့ပြီးသားပါ။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တော့ အဲဒီ အကွဲအပြဲတွေကို တာဘိုအင်ဂျင် တပ်ပေးသလို ဖြစ်သွားတယ်”လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူနဲ့ EAOတွေအကြောင်း အစီရင်ခံစာ ရေးသားခဲ့ဖူးသူ ဒေးဗစ် စကော့ မက်သီဆန်က ပြောပါတယ်။ “အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကစလို့ စစ်တပ်က အမှန်တကယ် လွှမ်းမိုး ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေက ပိုကျဉ်းလာတယ်။ အဲဒီ အခြေအနေက တရုတ်အတွက် စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ သူတို့က အရင်ကတည်းက ရှိနေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေကြောင့် မြန်မာနိုင်ငံမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတာကိုပဲ လိုလားတယ်လေ”လို့ သူက ရှင်းပြပါတယ်။

ပဋိပက္ခတွေနဲ့အတူ လူ့အသက်တွေ ကြွေလွင့်မှုတွေလည်း ရှိလာတာပါပဲ။

ယူနီဆက်ဖ်ရဲ့ ကြေညာချက်အရ ၂၀၂၃ ခုနှစ် ပထမ ၄ လတာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၃၈၈ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ ဒါဟာ မနှစ်က ပထမ ၄ လပတ်တုန်းက ထုတ်ပြန်တဲ့ အသေအပျောက် ၃၉၀ စာရင်းထက် နည်းနည်းလေးပဲ ပိုလျော့ပါတယ်။

လူသားချင်း စာနာထောက်ထားမှု လှုပ်ရှားသူတွေကတော့ အခြေအနေတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ဒါကလည်း ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ အတိတ် သင်ခန်းစာတွေအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတွေ ပိုထူထပ်လာနိုင်တယ်ဆိုတဲ့ အရှိတရားကို အခြေခံထားတဲ့ ပူပန်မှုတွေပါ။ Landmine Monitorရဲ့ စာရင်းတွေအရ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းထိသူ ၅၆၂၉ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၀၀၈ ဦးနဲ့ ဒဏ်ရာရသူ ၄၅၀၀ ကျော်ထိ များပြားခဲ့တယ်လို့ သိရပါတယ်။

-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People's Spring
-စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်​​ကျော်ကြာရပ်နားဖားရာမှ ပြတ်လည် လညိပတ်ရန် ပြင်ဆင်​နေ​သော​ကြေးနီးစီမံကိန်း ဝန်းကျင်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက​တွေ့ရစဥ် ။ဓါတ်ပုံ-People’s Spring

“မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးဘဲ ကြွင်းကျန်နေတဲ့ စစ်လက်နက်တွေနဲ့ တခြား စစ်သုံး ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် ပြည်သူလူထု ထိခိုက်သေကြေရတာတွေက နှစ်စဉ် ရာဂဏန်းလောက် ရှိနေတယ်”လို့ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ မြေမြှုပ်မိုင်း ပြဿနာနဲ့ ပတ်သက်ပြီး အီးမေးလ်ပေးပို့ မေးမြန်းမှုကို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီက တုံ့ပြန် ဖြေကြားခဲ့ပါတယ်။ “မြေမြှုပ်မိုင်းတွေ ဆိုတာက တက်နင်းသူ ဘယ်သူဘယ်ဝါ ဆိုတာကို ခွဲခြားပြီး သိမှာ မဟုတ်ပါဘူး။ မြေမြှုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှုဟာ အရပ်သား ပြည်သူ့ လူ့အဖွဲ့အစည်း အများအပြားအပေါ် ခြိမ်းခြောက် သက်ရောက်နိုင်ပါတယ်”လို့လည်း ကြက်ခြေနီ ကော်မတီရဲ့ အီးမေးလ်မှာ ပါရှိပါတယ်။

မြေမြှုပ်မိုင်းတွေကြောင့် တစ်ဦးချင်း အသက်ဆုံးရှုံးမှုတွေအပြင် အဓိက ဝင်ငွေရှာဖွေပေးနေတဲ့ အိမ်ထောင်ဦးစီးတွေ သေဆုံးတာ၊ ကိုယ်လက် ဆုံးရှုံးပြီး အလုပ်မလုပ်နိုင်တော့တာတွေကြောင့် အတိဒုက္ခ ရောက်ကုန်တဲ့ မိသားစုတွေလည်း ရှိနေတယ်လို့ ကြက်ခြေနီ ကော်မတီက ထောက်ပြသွားပါတယ်။

(​Nikkei Asia၏ Myanmar land mine danger grows as military rings Chinese assets ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...