Connect with us

Hi, what are you looking for?

သတင်း

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတစ်ဝိုက်စစ်​တပ်ထောင်ထားသော နင်းမိုင်း ၈၀ ခန့်​​ကိုရှင်းလင်းသိမ်းဆည်း

သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

●သိမ်းဆည်းရရှိ​​သောမိုင်းများဖြင့် စစ်​ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်မည်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတစ်ဝိုက်တွင် အကြမ်းဖက်စစ်တပ်ထောင်ထားသော နင်းမိုင်းအလုံးရေ ၈၀ နီးပါး တွေ့ရှိခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးနားတစ်ဝိုက်တွင် ရန်သူစစ်ကောင်စီထောင်ထားသော နင်းမိုင်းအလုံးရေ ၇၈ လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့သြဂုတ်လ၁၉ ရက်နေ့တွင် အဆိုပါအဖွဲ့က အသိပေးသည်။

သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

“ မိုင်းရဲ့ အဓိက ပေါက်ကွဲစေတဲ့နေရာအကို အတိအကျ ဖြတ်တောက်ပြီး သိမ်းဆည်းခဲ့တာ။ အန္တရာယ်ကြားထဲကနေ လုပ်ခဲ့ကြတာ။ ဒီမိုင်းတွေနဲ့ စစ်ကောင်စီကို ပြန်တိုက်မယ်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က Peoples Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

လက်ပန်းတောင်းတောင်ကြေးနီးစီမံကိန်းတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားပြီး အနီးနားဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ ၎င်းအကြမ်းဖက်စစ်တပ်အား ဒေသတွင်းအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က အများပြည်သူအသုံးပြုနေတဲ့လမ်းပိုင်းမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်သုံ့ပန်းများမှာ လူငယ်ပိုင်းအရွယ်များဖြစ်ပြီး စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်းခံရပြီးသင်တန်း​ပေးပြီး ​ရှေ့တန်း​စေလွှတ်ခံရသူများပါဝင်​ကြောင်းသိရသည်။