Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဆန်စပါး​တွေက စစ်​ကောင်စီ​ဒေါ်လာဘယ်လိုရ​နေသလဲ

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

ဆန်စပါး​တွေက စစ်​ကောင်စီ​ဒေါ်လာဘယ်လိုရ​နေသလဲ
ဆန်စပါး​တွေက စစ်​ကောင်စီ​ဒေါ်လာဘယ်လိုရ​နေသလဲ

စောနွေဦး/People’s Spring

နိုင်ငံတကာရဲ့ ဒဏ်ခတ်အ​ရေးယူတွေကြောင့် ​ဒေါ်လာရှားပါးလာတဲ့ စစ်ကောင်စီအတွက် တစ်လကို ဒေါ်လာသန်း ၁၀၀​လောက်ရဖို့ ကြိုးစား​ပေး​နေတဲ့ လုပ်ငန်းရှင်​အသင်းရှိ​နေပါတယ် ။မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ပါ။

တချိန်က အာရှဆန်အိုးလို တင်စားခံရတဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တင်ပို့တာဟာက အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် စစ်အုပ်စု အာဏာသိမ်းပြီး​နောက်ပိုင်းမှာ အ​မေရီကန်နဲ့ နိုင်ငံတကာ အ​ရေးယူ​ပိတ်ဆို့မှုတွေကြုံရပြီး ​​ဒေါ်လာ​တွေအရင်လိုဝင်မလာ​တော့တာ​ကြောင့် စစ်​ကောင်စီဟာလက်နက်ခဲယမ်း​တွေဝယ်ပြီးစစ်ဆက်တိုက်နိုင်ဖို့၊​လေယာဥ်​တွေနဲ့ဗုံးကြဲနိုင်ဖို့ နိုင်ငံအတွင်းဝင်လာသမျှဒေါ်လာ​တွေကို ​နည်းမျိုး စုံနဲ့ရယူ​နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှပ်နှံမှု​တွေထွက်ခွာသွားတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှု​တွေ​လျော့ကျကုန်တာ ၊ ကုန်သွယ်​ရေး​လျော့ကျတာ ၊​ရေနံနဲ့ သဘာဝဓါတ်​ငွေ​ရောင်းရ​ငွေ​လျော့ကျလာသလို ​ရေနံနဲ့ သဘာဝဓါတ်​ငွေအထွက်နှုန်း​လျော့နည်းလာတာ ၊ အ​မေရီကန် က ၂၀၂၃ သြဂုတ်လမှာ စစ်​ကောင်စီအဓိကအားကိုး​နေတဲ့ MFTB နဲ့ MICB ကိုပိတ်ဆို့အ​ရေးယူတာ စတာတွေ​ကြောင့် စစ်​​ကောင်စီဟာ ​ အသက်ဆက်နိုင်ဖို့ ဒေါ်လာလိုအပ်ချက် ကြီးမားလာပါတယ် ။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

​စစ်အုပ်စုအတွက် ​ဒေါ်လာ အ​ရေး​ပေါ်လိုအပ်​နေချိန်မှာ ဆန်ပြည်ပတင်ပို့မှုဟာ ​ဒေါ်လာအဓိကရှာ​ဖွေ​ပေးတဲ့ အနည်းငယ်​သောလုပ်ငန်း​တွေထဲကတစ်ခုဖြစ်လာပါတယ်။

ဒါ​ကြောင့် စစ်​ကောင်စီဟာ ဆန်စပါးအသင်းချုပ်နဲ့ ​ပေါင်းပြီး ပြည်တွင်းမှာ တိုက်ပွဲ​တွေ​ကြောင့်​တောင်သူ​တွေစိုက်ပျိုးမှုနည်း​လာတာ ၊ပြည်တွင်းဆန်​ဈေးကြီး​နေချိန်မှာ​တောင် ပြည်ပကို ဆန်​တွေ ရသ​လောက်​ရောင်းပြီး ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေရဖို့ လုပ်လာပါ​တော့တယ် ။

ဆန်တင်ပို့တာကရတဲ့ နိုင်ငံခြားငွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရနေတဲ့ နိုင်ငံခြားငွေရဲ့ ထက်ဝက်နီးပါးရှိလာပါတယ်။အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီကရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဒေါ်လာ သန်း ၂၀၀လောက် လစဉ်ရနေတာဖြစ်ပါတယ်။

ဆန် နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုဟာ ၂၀၂၁ ဧပြီ ၁ ရက်က​နေ ၂၀၂၂ မတ်လကုန် အထိတန်ချိန် ၂ သန်း​ကျော် (၂,၁၆၄,၆၈၁တန်)ရှိခဲ့ပြီး​တော့ အ​မေရီကန်​ဒေါ်လာ ၈၀၉ သန်း​ကျော် ရခဲ့ပါတယ် ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ဆန် နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၂ သန်း​ကျော်( ၂, ၂၆၁,၂၀၃တန်) တင်ပို့ပြီး​တော့ ပို့ကုန်ဝင်ငွေအ​မေရီကန်​ဒေါ်လာ ၈၅၃ သန်း ​ကျော် ထိရှိခဲ့ပါတယ် ။

အခု မတ်လကုန်မယ့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် (၂.၅) သန်း ပို့ပြီး အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိဖို့ စစ်​ကောင်စီနဲ့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကဝယ်သမျှလိုက်​ရောင်းဖို့ကြံစည်​နေတာဖြစ်ပါတယ် ။ စစ်တပ်အာဏာမသိမ်းခင်က ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုဟာတန်ချိန် တစ်သန်းခွဲ​ ဝန်းကျင်ပဲပို့ခဲ့တာဖြစ်ပါတယ် ။

“ဆန်တင်ပို့တာက ပုဂ္ဂလိကတင်ပို့တာမို့ နိုင်ငံတကာ ​က​ရော၊တော်လှန်ရေးခေါင်းဆောင်တွေက ဒီကရတဲ့ ဒေါ်လာတွေကို စစ်ကောင်စီကရနေတာကို သတိမထားကြဘူး။ဒီကနေ့ ဒေါ်လာတွေရနေတယ်ဆိုတာလဲ မမေ့သင့်ဘူး”လို့ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက​​ထောက်ပြပါတယ်။

၂၀၂၃ ဧပြီ ၁ရက်မှ ၂၀၂၄ ဇန်နဝါရီ ၃၁ရက်အထိ ဆယ်လအတွင်းမှာ ဆန်နဲ့ဆန်ကွဲကို နိုင်ငံခြားတင်ပို့မှုကနေ ဒေါ်လာ သန်း ၅၇၀ကျော်ရရှိထားပါတယ်လို ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားပါတယ်။ ဒီထဲက အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ ခန့်က စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ ဈေးဖြတ်သိမ်းပိုက်ခဲ့တာပါ။

၂၀၂၃ ဒီဇင်ဘာလက ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့တာက ခုနှစ်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး​တော့ တစ်လတည်းနဲ့အမေရိကန် ဒေါ်လာ ၉၉ သန်းကိုရှာဖွေခဲ့တာပါ။ ဒီအတွက် ဆန်တန်ချိန် ၂သိန်းနီးပါးကို ဒီဇင်ဘာလထဲမှာ ပြည်ပကို တင်ပို့ခဲ့တာဖြစ်ပါတယ်။

ဒီဘဏ္ဍာနှစ်မှာ ဆန်၊ဆန်ကွဲတင်ပို့ရာကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရဖို့ စစ်ကောင်စီနဲ့ ဆန်စပါးအသင်းချုပ်က ရည်မှန်းခဲ့ပေမယ် ဒီသတ်မှတ်ချက်ကို မပြည့်နိုင်တော့ဘဲ ဒေါ်လာသန်း ၇၀၀လောက်ပဲရတော့မယ်လို့ ဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီ ၂ ရက် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလဲပွဲမှာဆိုပါတယ်။

“ဒီနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင်ပေါ့။ တန်ချိန်အားဖြင့် ၂ သန်းမပြည့်နိုင်ပါဘူး။တန်ချိန် ၁ သန်းကျော်ပဲဖြစ်နိုင်တဲ့အနေအထားရှိပါတယ်”လို့ ဆန်စပါးအသင်းချုပ်၊ဥက္ကဌ ဦးရဲမင်းအောင်ကရှင်းလင်းပွဲမှာ​ပြောခဲ့ပါတယ်။

ပြည်ပကိုဆန်တင်ပို့တာကို ကုမ္ပဏီ ၅၀ကျော်က ဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်ကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တရုတ်၊ဖိလစ်ပိုင်၊မလေးရှားနဲ့ ပိုလန်နိုင်ငံတို့ဖြစ်ပါတယ်။

ဆန်​ရောင်းပြီး ရတဲ့​ဒေါ်လာ​တွေကို သိမ်းယူတာမှာ​တော့စစ်​ကောင်စီက အထူးကျွမ်းကျင်ပါတယ် ။ဆန်​ရောင်းပြီးရတဲ့ ​ဒေါ်လာ​တွေကို စစ်​ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ ဈေးဖြတ်ပြီး စိတ်ကြိုက်ရိုက်ထုတ်ရတဲ့ ​ကျပ်​ငွေစက္ကူ​တွေနဲ့ လဲလှယ်ပြီးသိမ်းယူတာပါ။ ကျန်ဒေါ်လာတွေကိုလည်း စစ်ကောင်စီက သူတို့လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ဖိအားပေးရောင်းခိုင်းတာတွေရှိပါတယ်။

ဆန်နဲ့ရေထွက်ပစ္စည်းက ရတဲ့နိုင်ငံခြားငွေတွေကို စက်သုံးဆီတင်သွင်းဖို့ သတ်မှတ်ထားတာရှိပါတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အရာရှိတစ်ဦးကပြောပါတယ်။

“သတ်မှတ်တဲ့ ပမာဏကိုတော့ ၂၁၀၀ ကျပ်နဲ့ရောင်းရပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ ဈေးကွက်ထဲမှာ ဗဟိုဘဏ်ကထိန်းညှိပေးတဲ့ ဈေးနဲ့ ရောင်းခိုင်းတာရှိပါတယ်”လို စစ်ကောင်စီဗဟိုဘဏ်ကအရာရှိတစ်ဦးကပြောပါတယ်။

​ဒေါ်လာကို စစ်​ကောင်စီက သူတို့ပဲ ကိုင်နိုင်ပြီး ပြည်သူ​တွေမကိုင်ရဲ​အောင် ​ဝင်​ငွေရလမ်းမပြနိုင်ပဲ​ဒေါ်လာကိုင်ရင် ၊အခွန်မ​ဆောင်ထားရင် ​ထောင်ချလို့ရတဲ့ ဥပ​ဒေကိုပါပြဌာန်းပြီးပြည်သူ​တွေကို​တော့ နှိပ်ကွပ်ထားပါတယ် ။

စစ်ကောင်စီက ပြည်ပပို့ကုန်တွေရဲ့ ရငွေ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ကျပ်ရောင်းရမယ်လို့ ၂၀၂၂ ဧပြီလကစပြီးသတ်မှတ် ခဲ့ပါတယ်။ ၂၀၂၃ မတ်လမှာတော့ ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ဒီဇင်ဘာမှာတော့ ၃၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခဲ့ပြန်ပါတယ်။

ဒီလို ဆန်တင်ပို့တာကနေ နိုင်ငံခြားငွေရဖို့အတွက် အင်တိုက်အားတိုက်ကြိုးစား​ပေးနေသူ​တွေထဲမှာ ပုဂ္ဂလိက ပိုင်းမှာဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အဓိကဖြစ်ပါတယ်။ ဒီအသင်းကို ဥက္ကဌတာဝန်ယူထားသူကတော့ ဦးရဲမင်းအောင်ပါ။

သူကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှ ပြည်ပကို ဆန်တင်ပို့တာကနေ ဒေါ်လာအများအပြားရဖို့ တက်တက်ကြကြွလုပ်ပေး​နေတယ်လို့လုပ်ငန်းရှင်အချို့ကမှတ်ချက်ပေးပါတယ်။

“သူက စစ်ကောင်စီအလိုကျလုပ်ပေးမယ့်သူပေါ့။ သူ့အကျိုးစီးပွားအတွက်ဆို သူက စစ်ကောင်စီအလိုကျလုပ်ပေးမှာ။”လို့လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးပါတယ်။

အမျိုးသာညီညွတ်​ရေးအစိုးရ (NUG) ကဇန်နဝါရီလ ၂၉ ရက်နေ့မှာစစ်ကောင်စီနဲ့ပေါင်းပြီး အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုက်ရိုက်လုပ်ဆောင်နေတဲ့ ၊စစ်​ကောင်စီသက်ဆိုးရှည်​အောင်လုပ်​ပေး​နေတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသတ်မှတ်ကြောင်း​​ကြေညာပါတယ်။ အဲဒီစာရင်းထဲမှာ ဆန်စပါးအသင်းချုပ်ဥက္ကဌ၏ ဦးရဲမင်း​အောင်လည်းပါဝင်ပါတယ် ။

NUG ကအမည်ပျက်စာရင်း​ကြေညာပြီး ငါးရက်အကြာ ​ဖေ​ဖော်ဝါရီ ၂ ရက်မှာ ဦးရဲမင်း​အောင် က သတင်းမီဒီယာ​တွေကို ပြည်ပကို ဆန်၊ဆန်ကွဲ တင်ပို့မှု အ​ခြေအ​နေ ၊ ဆန် ဆန်ကွဲတင်ပို့မှုက​နေ ​ဒေါ်လာတိုးရဖို့ တန်ဖိုးမြှင့်ထုတ်ကုန်​တွေထုတ်ဖို့ ဘယ်လိုစီစဥ်​နေတယ်ဆိုတဲ့အ​ကြောင်း ရှင်း

လင်းခဲ့ပါ​သေးတယ်။ ဆန်စပါးအသင်းချုပ် ဥက္ကဌကို People’s Spring က မှတ်ချက်ရရှိဖို့ကြိုးစား​နေဆဲဖြစ်ပါတယ် ။

ဆန်​တွေကို ပြည်ပက အဝယ်ရှိသ​လောက်လိုက်​ရောင်းတာ​ကြောင့် ပြည်တွင်း ဆန်ဈေးနှုန်းက သမိုင်းတလျှောက်အမြင့်ဆုံး ဖြစ်လာပါတယ်။ ပြည်တွင်းတချို့နေရာတွေဆိုရင် စစ်ကောင်စီက ဆန်သယ်ယူတာကိုပါကန့်သတ်ထားလို့ ဆန်ဈေး​ခေါင်ခိုက်​အောင်ကြီး​နေပါတယ် ။

ပြည်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၅၀၀၀၀မှ ၁၆၀၀၀၀ အထိ၊ ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀၀၀၀မှ ကျပ် ၁၄၀၀၀၀အထိနှင့် ဆန်းတစ်အိတ်ကို ကျပ် ၁၁၀၀၀၀အထိပေါက်ဈေးရှိနေပါတယ်။ဒီဈေးနှုန်းတွေက ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးပြကြီးတွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းတွေဖြစ်ပါတယ်။

နယ်မြို့တွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ နေရာတွေမှာဆိုရင် ဈေးနှုန်းတွေက ဒီထက်မက မြင့်တက်နေပါတယ်။

“ဆန်ဈေးတက်တာက သယ်လို့မရအောင်ကန့်သတ်တာပေါ့။ တချို့နေရာတွေမှာဆိုရင် ဆန်ကို အိတ်လိုက်သယ်ခွင့်မရှိဘူး။ဒီလိုမျိုး စစ်တပ်က ကန့်သတ်ထားတယ်”လို စစ်ကိုင်းတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် နိုင်ငံ့စီးပွား​ရေး​ဇောက်ထိုးဆင်း ၊​ငွေ​ကြေး​ဖောင်းပွပြီး အလုပ်အကိုင်ရှားပါးတာ​ကြောင့် တချို့ပြည်သူတွေဟာ ထမင်းနပ်မှန်​အောင်စာဖို့ခက်ခဲလာပါတယ်။ စစ်တပ်ဖိနှိပ်တာကိုအပြင်းအထန်ခံရတဲ့​ဒေသ​တွေမှာ ၊ရန်ကုန်ဆင်​ခြေဖုံးက​နေရာ​တွေမှာ ဆန်​ဈေးကြီးပြီး ဆန်ရှားပါးတာ​​ကြောင့် ဆန်ပြုတ်​သောက်​နေရတဲ့ ပြည်သူ​​တွေ​တောင်ရှိလာပါတယ် ။

ဆန်​တွေ နိုင်ငံခြားကို​ရောင်းပြီး စစ်ကောင်စီ၊ဆန်အသင်းချုပ်နဲ့ လုပ်ငန်းရှင်​တွေက အကျိူးအမြတ်ရနေပေမယ့် လယ်သမားတွေက အခက်အခဲမျိုးစုံနဲ့ကြုံတွေနေရပါတယ်။ မြေဩဇာဈေး၊ စက်သုံးဆီဈေးတွေက ကြီးမြင့်နေတာ​ကြောင့် စိုက်ပျိုးထုတ်လုပ်စာရိတ်​တွေကြီးပြီး အကျိုးအမြတ်ကနည်းပါးတယ်လို့ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။

လယ်သမားတွေအခက်အခဲတွေဘယ်လိုကြုံပါစေ၊ ပြည်တွင်းမှာ ဆန်ဈေးတွေကြီးနေပါစေ စစ်ကောင်စီက သူတို့ရပ်တည်ရေးအတွက် နိုင်ငံခြားငွေရဖို့ ဆန်ကို ပြည်ပပို့နေမှာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဒီလိုပို့ဖို့ ဆန်စပါးအသင်းချုပ်ကလူတွေက ဆက်ကြိုးပမ်း​ပေးနေမှာပဲလို့လည်း သူကဆိုပါတယ်။

ပြည်တွင်းမှာ ဆန်​ဈေးကြီးတာ ၊​တောင်သူ​တွေ ထုတ်လုပ်စာရိတ်နည်းပြီး အကျိုးအမြတ်နည်းတာ ၊ ပြည်သူ​တွေထမင်းနပ်မှန်​အောင်စာဖို့ခက်ခဲလာတာစတဲ့အခက်အခဲ​တွေကို​တော့ ဆန်စပါးအသင်းချုပ်က ​ကူညီ​ဖြေရှင်း​ပေးဖို့ကြိုးစားတာမရှိပါဘူး ။အဲ​တာ​တွေအစား ပြည်ပကို ဆန်၊စပါး၊ဆန်ကွဲတိုးတင်ပို့ဖို့ကိုသာအဓိကအာရုံစိုက်​နေကြတာဖြစ်ပါတယ်။

“အသင်းချုပ်ကလူတွေက ခေတ်ပျက်မှာ သူတို့ အကျိုးစီးပွားရရေးကို အာရုံစိုက်လုပ်နေတာက ငြင်းမရတဲ့အချက်ပါပဲ။ ပြည်သူတွေက အငတ်ဘေးစိုက်တောင် သူတို့က ဂရုစိုက်မယ့်သူတွေမဟုတ်ဘူး။ သူတို့ စီးပွားပဲကြည့်တဲ့လူတွေပါ”လို့ဆန်ကုန်သည်တစ်ဦးကဖွင့်ဟပါတယ် ။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။