Connect with us

Hi, what are you looking for?

ဆောင်းပါး

ကလေးများနေ့မှာ သွေးစွန်းခဲ့တဲ့ကလေးတွေ..

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုရွာမှာ ဒီကနေ့မနက်ပိုင်းက ကလေးငယ်လေးတွေ ဆော့ကစားနေကြတယ်။ သိပ်မကြာပါဘူးအုန်းခနဲ အသံကျယ်ကြီးထွက်ပေါ်လာပြီး ကလေးတွေ မြေပေါ်ပစ်လဲကျသွားခဲ့တယ်။

Scorpio/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုရွာမှာ ဒီကနေ့မနက်ပိုင်းက ကလေးငယ်လေးတွေ ဆော့ကစားနေကြတယ်။ သိပ်မကြာပါဘူးအုန်းခနဲ အသံကျယ်ကြီးထွက်ပေါ်လာပြီး ကလေးတွေ မြေပေါ်ပစ်လဲကျသွားခဲ့တယ်။

ရွာထဲကလူတွေပြေးထွက်လာကြတယ်။ ကလေးမိခင်တွေလည်း အော်ဟစ်ပြေးလွှားနေကြတယ်။ ကလေးတွေကတော့ မြေပေါ်မှာ ပက်လက်လန်လဲကျနေခဲ့တယ်။ သူ့မိခင်ဖြစ်ပုံရတဲ့ အမျိုးသမီးတစ်ယောက်က လဲကျနေတဲ့ကလေးကိုကြည့်ရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အော်ရင်း ရင်ထုမနာဖြစ်နေတယ်။ မိန်းမသားတွေရဲ့ ​အော်ဟစ်ငိုကြွေးသံတွေဟာ ဆူညံနေခဲ့တယ်။ လဲကျနေတဲ့ကလေးငယ်တွေကို ပွေ့ချီပြေးသူကပြေးတယ်။

ကလေးမလေးတစ်ဦးကို မိသားစုဝင်ဖြစ်ပုံရတဲ့အမျိုးသားကြီးတစ်ဦးက ပခုံးပေါ်တင်ပြီးပြေးတယ်။မိန်းမသားတွေက ဘေးနားကနေအော်ဟစ်ငိုယိုရင်း ပြေးလိုက်နေကြတယ်။ အပြာရောင်ဝမ်းဆက်ကလေးဝတ်ထားတဲ့ ကလေးမလေးဟာ ဇက်ကျိုးနေခဲ့ပြီ။

Public Service Announcement

Public Service Announcement

ကလေး ၄ ယောက် စုကစားနေတုန်း မိုင်းကွဲတာလို့လည်း ​ဒေသခံတွေက ပြောတယ်။ ကလေးတစ်ယောက်ကတော့ ရထားတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်။ ကျန်တဲ့ကလေးနှစ်ယောက်လည်း ဆေးကုသနေရတယ်။

ဇန်နဝါရီ ၃ရက်က ဖားကန့်မှာပဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးနေအိမ်ပေါ် လက်နက်ကြီး
ကျလို့ ကလေး ၂ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်ဟာ မြန်မာနိုင်ငံက ကလေးများနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးတဲ့ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကြီး ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဗိုလ်ချုပ်မွေးနေ့မှာ ကလေးတွေနဲ့ပတ်သက်ပြီး အခုလိုပဲ ရေးသားပါတယ်။

“ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဖိုးဖိုးအောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဟာ ကလေး
များရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ဖိုးဖိုးယုံကြည်ခဲ့ပါတယ်။

ယနေ့ကလေးများဟာ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေကြားမှာ ကြီးပြင်းနေရပါတယ်။ ဖိုးဖိုးရဲ့ ရည်ရွယ်မျှော်မှန်းချက်ကို ကျွန်တော်တို့ ဆက်လက်တာဝန်ယူ အကောင်အထည်ဖော်ရမယ်။ ဖိုးဖိုးရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓားကိုလည်း တစ်နေ့ ပြန်လည်ရရှိမယ်လို့မျှော်လင့်ပါတယ်။”လို့ သူက ရေးသားပါတယ်။

“ကလေးတွေအတွက်။ အနာဂတ်အတွက်။. လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက်။”လို့ ကိုထိန်လင်းက ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဒီကနေ့ ကလေးများနေ့ တရက်တည်းမှာတင် ကလေးတွေ ထိခိုက် သေဆုံးနေတာ မဟုတ်ပါဘူး။ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၅နှစ်အတွင်း စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၆၀ ခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီလဆန်းမှာထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ငါးထောင်ဦးခန့်မှာ ကလေးငယ် ၆၅၈ဦး ပါဝင်ခဲ့တာပါ။ ဒါဟာ လေကြောင်းတိုက်ခိုက်မှုတစ်မျိုးတည်းသာဖြစ်ပြီး ကျန်တဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ အခြားပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ကလေးအရေအတွက် မပါသေးပါဘူး။

မြစ်ကြီးနားဆေးရုံပေါ်မှာတော့ ကျန်တဲ့ ကလေးနှစ်ယောက် ဆေးကုသရနေတုန်းပဲ။ “ကလေးတစ်ဦးကတော့ ဒဏ်ရာပြင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကလေးမလေးတစ်ဦးကတော့ မျက်နှာနုနုနယ်နယ်ကလေးပေါ်မှာ သွေးစက်တွေပေကျံရင်းဝေဒနာတွေကြိတ်မှိတ်ခံစားရင်း ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။